မိုခါ-မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည့် သတင်းအမှား

2 April 2025 By MPA+Shan News / The Red Flag

ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိ နေထိုင်သူများအနေဖြင့် မိုခါမုန်တိုင်းလာမှာကြောင့် အမြန်ပြောင်းရွေ့ကြရန်လိုအပ်ဆိုသည့် သတင်းအမှားအကြောင်းအရာတစ်ခု ဆိုရှယ်မီဒီယာတွင် ဧပြီ ၂ ရက်က ပျံ့နှံ့ခဲ့သည်။

U Naing Oo ဆိုသည့် ဖေ့ဘွတ်ခ် အကောင့် က ဧပြီ ၂ ရက် ညနေပိုင်းတွင် “ စစ်တွေ၊ကျောက်ဖြူ သံတွဲ၊ဂွရှိလူများ အမြန်ပြောင်းရွေ့ ကြရန်၊ မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခုလုံးနီးပါးကြီးသည့် မိုခါမုန်တိုင်းဝင်မည်ဖြစ်ပြီး မေ ၁၄ ရက်တွင် မုန်တိုင်းဗဟိုဝင်မည်” ဟု ရေးသားဖြန့်ဝေထားသည်။

အဆိုပါရေးသားဖြန့်ဝေမှုကို like ပြုလုပ်သူ ၃၀ ကျော်ရှိပြီး အခြားဆိုရှယ်မီဒီယာများကလည်းကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ် များ

https://archive.ph/jIndx
https://archive.ph/6QQq

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့်မုန်တိုင်းလာရာ လမ်းကြောင်းပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ VOA သတင်းမီဒီယာတွင်အသုံးပြုထားသည့်ဓာတ်ပုံနှင့်ထပ်တူညီနေသည်ကိုတွေ့ရသည်။

VOA သတင်းမီဒီယာတွင် ၂၀၂၃ မေ ၁၄ တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာပြည်တွင်း ဝင်ရောက်မယ့်လမ်းကြောင်းနဲ့ မုန်တိုင်းပြင်းအားပြမြေပုံ (UNDP)ဟု ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ် https://shorturl.at/ezeci

ထပ်မံ၍ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် လှုံ့‌ဆော်စာရှိ မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်ရဲ့ အသေးစိတ် အင်တာဗျူး ဆိုသည့် လင့်ခ်ကို စစ်ဆေးကြည့်ရာ Green way – အစိမ်းရောင်လမ်းဆိုသည့် အကောင့်မှ ၂၀၂၃မေလ ၁၁ ရက်တွင်ရှင်းပြထားသည့်မိုခါမုန်တိုင်းအကြောင်းအရာဖြစ်သည်ဟု ‌ရေးသားဖော်ပြထားသည်။

မူရင်းလင့်ခ် https://shorturl.at/EJchv

မိုးလေဝသ ခန့်မှန်းသူ စုစုစံရဲ့ သတိပေးချက်ဆိုသည့် လင့်ခ်ကို စစ်ဆေးကြည့်ရာ ၂၀၂၃ မေ ၁၁ရက်တွင် မိုခါမုန်တိုင်းသတိပေးချက်ဖြစ်ကြောင်းတွေ့ရသည်။

မူရင်းလင့်ခ် https://shorturl.at/wz8Fr

မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်၏ ဖေ့ဘွတ်ခ်အကောင့်တွင် “ ပင်လယ်ပြင်မှာ ထူးခြားသည့် မိုးလေဝသ အခြေနေ မရှိပါ” ဟု ဧပြီ ၂ ရက် ညနေပိုင်းတွင် ရေးသားဖော်ပြထားသည်။

မူရင်းလင့်ခ် https://shorturl.at/wuYKH

သုံးသပ်ချက်

မိုခါ မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန် ဟု‌ရေးသားဖော်ပြထားသည့် ဓာတ်ပုံများနှင့်လင့်ခ်များသည် ၂၀၂၃ မေလ အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း အတွက် ဖြစ်သည်။

ထို့ကြောင့် မိုခါ မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည်မှာ သတင်းအမှား အကြောင်းအရာဖြစ်သည်။

ထိုကြောင့် ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာခေတ်ဖြစ်သည့်အလျှောက် ထိုဒီဆိုရှယ်မီဒီယာတွေပေါ်တွင် အကြောင်းအရာ တခုခုကို ပုံဖျက်ရန်၊ ဝါဒဖြန့်ရန်၊ ကိုယ်ကျိုးရှာရန် ရည်ရွယ်ကာ သတင်းအတု၊ သတင်းအမှားများအား ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြသဖြင့် အလွယ်တကူ မယုံကြည်ရန်၊ ပြန်လည်မမျှဝေကြရန် အကြံပြုလိုပါသည်။

စာဖတ်သူများအနေဖြင့် သတင်းတု၊သတင်းမှားဖြစ်နေသည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သော သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ

Fact Checking ပြုလုပ်ပေးသည့် သတင်းဌာနများ၊ အဖွဲ့အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork