ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်လို့ သေဆုံးခဲ့တဲ့အရပ်သားထိခိုက်မှုကို ဖုံးကွယ်ဖို့အတွက် KIAက စစ်ရှောင်တွေကို လူသားတတိုင်းအဖြစ်အသုံးပြုလို့ ဝါဒဖြန့်

၂၀၂၅ခုနှစ်၊ မေလ၊ ၁၁ ရက်။

(Fact Check) DNA/ The Red Flag

ကချင်ပြည်နယ်၊ ဗန်းမော်မှာ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ပြည်သူတွေကို KIA တပ်သားတွေက လူသားတတိုင်းအဖြစ်အသုံးချနေတယ်ဆိုတဲ့ ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီရုပ်သံကို စစ်ကောင်စီ လော်ဘီချန်နယ်ဖြစ်တဲ့ THAR SITT (psy) ချန်နယ်ကနေ “KIA တွေက စစ်ဘေးရှောင်တွေကြားထဲဝင်နေပြီး၊ လူသားတံတိုင်းလုပ်ထားတာ မြင်ရတဲ့ Videoပါ။” (မူရင်းအတိုင်း) ရေးသားကာ စတင်ဖြန့်ဝေထားပြီး တခြားလော်ဘီချန််နယ်တွေကပါ ထပ်မံမျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

THAR SITT (psy)- https://archive.ph/9DFVf

Ye Yint Htet (#yyh) – https://archive.ph/wip/v0xuT

Snow Queen – https://archive.ph/wip/14swO

ဖောင်းကားစားဖိုးကဲကြီး – https://archive.ph/WpWBm

အဲ့ဒီပျံ့နှံ့လာတဲ့ ရုပ်သံကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ စစ်ရှောင်တွေကိုကယ်ထုတ်နေတဲ့အချိန် စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဥ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖြစ်တာကို တွေ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ယနေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား ပြင်းထန်လျှက််ရှိသလို စစ်ကောင်စီကလည်း ပြီးခဲ့တဲ့မေလ၊ ၈ရက်နေ့က လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

ဗန်းမော်စစ်ရှောင် ၄၀၀ကျော်ခန့် ရှိနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် KIA နဲ့ပူးပေါင်းတပ်တွေက ဘေးလွတ်ရာကို ပြောင်းရွေ့ပေးနဲ့တဲ့အချိန်မှာ စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာဖြစ်တယ် လို့ Myanmar Now သတင်းဌာနက ပြီးခဲ့တဲ့ မေလ ၉ရက်နေကပဲ သတင်းရေသားဖော်ပြခဲ့တာပါ။

သတင်းဖတ်ရန် – https://www.facebook.com/share/p/1BpjSESBTG/

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာက သာမာန်အရပ်သားတွေနဲ့ စစ်ကောင်စီတပ်နဲ့ဆိုင်တဲ့ဌာနဆိုင်ရာ မိသားစုတွေ ခိုလှုံတဲ့နေရာဖြစ်ကြောင်း Kachinwave က ရုပ်သံဖော်ပြခဲ့ပါသေးတယ်။

သတင်းရုပ်သံ – https://www.facebook.com/share/v/16Es13XAeH/

အဲ့ဒီလို ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၁၅ဦးသေဆုံးခဲ့သလို၊ စစ်ရှောင် ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကချင်ပြည်နယ် အခြေစိုက်မီဒီယာတခုဖြစ်တဲ့ Kachin New Group ကနေ ပြီးခဲ့တဲ့ မေလ၊ ၉ရက်နေ့ကရေးသားဖော်ပြခဲ့ပါတယ်။

သတင်းဖတ်ရန် – https://www.facebook.com/share/p/1AWYimVNhH/

ရုပ်သံကို Nyan Lin Aung (Motor) ဆိုတဲ့KPDF ရဲဘော်တဦးကနေ သူ့ရဲ့ လူမှုစာမျက်နှာမှာ KPDFတွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြည်သူတွေကို ကယ်ထုတ်နေတဲ့အချိန် စစ်ကောင်စီက တောင်လေးလုံးဘုန်းကြီးကျောင်းဝင်းထဲကို ပေါင် ၁၂၀၀ဗုံးသီးတွေနဲ့ ကြဲချခဲ့တယ်ဆိုတာကို မှတ်တမ်းတင်တဲ့အကြောင်း ရုပ်သံကို မနေ့ မေလ၊ ၁၀ရက် ည၉နာရီခွဲမှာ မျှဝေခဲ့ပါတယ်။

ရုပ်သံလင့်ခ် – https://archive.ph/7GPHu

စစ်ကောင်စီက အဲ့ဒီ KPDF ရဲဘော်ရဲ့ ပို့စ်ကို မေလ၊ ၁၀ရက်၊ည ၁၀နာရီခွဲဝန်းကျင်မှာ ပြန်လည်မျှဝေခဲ့တာပါ။

သတင်းသုံးသပ်ချက်

အဲ့ဒီ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်က စစ်ရှောင်တွေ စုစည်းနေထိုင်တဲ့ နေရာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေတာပါ။

အဲ့လို ပြောင်းရွေ့ပေးနေတဲ့အချိန်မှာပဲ စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီလေကြောင်းကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားထိခိုက်သေဆုံးမှုကို ဖုံးကွယ်ဖို့အတွက် ဒေသကာကွယ်ရေးတပ်တွေကို လူသားတတိုင်းအသုံးပြုတာဖြစ်တယ်လို့ ဝါဒဖြန့်ရေးသားဖြန့်ဝေနေတာဖြစ်ကြောင်းတွေ့ရပြီး လိမ်လည်လှည့်ဖျားတင်ဆက်တဲ့သ တင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork