၂၀၂၅ခုနှစ်၊ ဧပြီလ၊ ၁ရက်။
(Fact Check) DNA/ The Red Flag
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ငှက်တွေအစုအဖွဲ့လိုက်ပျံသန်းနေတဲ့ ရုပ်သံတွေကိုအသုံးပြုပြီး မုန်တိုင်းလာတော့မယ့် လက္ခဏာလို့ရေးသားထားတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီပျံ့နှံ့နေတဲ့သတင်းကို ကြည့်ရှုသူများပြားနေပြီး ပြန်လည်မျှဝေသူ လေးထောင်နီးပါအထိရှိနေတာပါ။
သတင်းမှားလင့် – https://archive.ph/7mlt4
ပျံ့နှံ့နေတဲ့အဲ့ဒီသတင်းကို MFCNအဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေစစ်ဆေးကြည့်တဲ့အခါမှာ လွန််ခဲ့တဲ့ နှစ်တွေက ငှက်တွေရာသီပြောင်းချိန်အစုလိုက်အပြုံလိုက် နေရပ်ပြောင်းရွေ့နေတဲ့ ရုပ်သံဟောင်းတွေဖြစ်တာကို တွေ့ရပြီး မုန်တိုင်းကြောင့် အစုလိုက်အပြုံလိုက်ပျံသန်းနေတာမဟုတ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
တရုပ်ဘာသာစကားစာတန်းပါ ရုပ်သံနဲ့ “OMG earthqake in Myanmar… too many Bird’s in nanjing” စာတန်းပါ ရုပ်သံ နှစ်ခုက ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလက ပျံ့နှံ့ခဲ့တဲ့ရုပ်သံဖြစ်ပြီး ရုပ်သံမှာပါဝင်တဲ့ငှက်တွေက ရာသီဥတုပူနွေးလာတာကြောင့်နဲ့ တခြားအရပ်ဒေသကိုပြောင်းရွေ့ဖို့ ဖြစ်နိုင်တယ်လို့ Stomp ဝဘ်ဆိုက်မှာရေးသားဖော်ပြထားပါတယ်။
သတင်းလင့် – https://shorturl.at/2oQyc
“ကျီးပြိုတာလို့ခေါ်တယ် နိမိတ်လက္ခဏာအရဆို စစ်ဖြစ်တော့မယ်လို့ဆိုပါတယ်” ဆိုတဲ့ရုပ်သံလင့်ခ်ကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက tiktokမှာတင်ထားတဲ့ ရုပ်သံတခုဖြစ်တာကိုလည်းတွေ့ရပါတယ်။
ရုပ်သံလင့် – https://archive.ph/lhcDD
ငှက်တွေ လေးထောက်ကွက်ဖော်ပြီး ပျံသန်းနေတဲ့ရုပ်သံကလည်း မတ်လ၊ ၁၃ရက်နေ့က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်မှာ အဖြူရောင်နှာတံပါငှက်တွေ (white-fronted geese) နဲ့ နှင်းလိုဖြူတဲ့ငှက်တွေ (snow geese)ရွေ့ပြောင်းနေထိုင်တဲ့ မြင်ကွင်းဖြစ်ပြီး အဲ့ဒီရုပ်သံကို U.S. Fish & Wildlife Service ဆိုတဲ့ youtube ချန်နယ်က တင်ဆက်ထားတာပါ။
ရုပ်သံလင့် –https://archive.ph/wip/2QvN8
ထိုင်းစာတန်းပါရုပ်သံတခုကလည်း ရွေ့ပြောင်းငှက်တွေ ဒေါင်လိုက်အနေထားအရပျံနေတဲ့ရုပ်သံဖြစ်ပြီး ရုပ်သံပိုင်ရှင်က မတ်လ၊၂၈ရက်နေ့မှာပဲ သူရဲ့ tiktok အကောင့်မှာ တင်ခဲ့တာပါ။
ရုပ်သံလင့် – https://archive.ph/lhcDD
သုံးသပ်ချက်
သတင်းမှားဖြန့်ချိသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မုန်တိုင်းအဖျားခတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို အသုံးချပြီး သတင်းမှားတွေကို ဆက်တိုက်ဆိုသလိုဖြန့်ချိနေကြတာပါ။
ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ငှက်တွေအစုလိုက်ပြုံလိုက်ပျံသန်းနေကြပြီး မုန်တိုင်းလက္ခဏာပြနေတယ်ဆိုတဲ့သတင်းက လုပ်ကြံဖန်တီးတာတဲ့သတင်းမှားဖြစ်ပါတယ်။
လက်ရှိလေဖိအားနည်းရပ်ဝန်းက အရင်ကမှန်းဆထားသလို ရခိုင်ကန်းရိုးတန်းဘက်ကို ဧရာဝတီတိုင်းဘက်ကနေရန်ကုန်ကိုဖြတ်သွားနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကခန့်မှန်းထားပြီး အဲ့ဒီလေဖိိအားနည်းရပ်ဝန်းက ဧပြီလ၊ ၄ရက်နေ့မှာ အက်ဒမန်ကျွန်းနားကိုရောက်ရှိနိုင်တယ်လို့သာမှန်းဆထားနိုင်ပြီး အဲ့ဒီအချိန်မှသာ မုန်တိုင်းဖြစ်မဖြစ်ကို ခန့်မှန်းနိုင်မယ်လို့ Psc Myanmar Off-roadကရေးသားထားပါတယ်။
Psc Myanmar Off-road – https://www.facebook.com/share/v/18xZhdDZHL/
ပြည်သူတွေအနေနဲ့ သတင်းမှန်တွေကိုသိရှိနိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုသာ စောင့်ကြည့်ပြီး သံသယဖြစ်ဖွယ်သတင်းတွေကို ထပ်ဆင့်မမျှဝေဖို့ တိုက်တွန်းပါရစေ။
အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။