ကျုံဒိုးတွင် လေယာဥ်ဗုံးထိသေဆုံးသူ ကိုယ်ဝန်ဆောင်သည်အား အကြမ်းဖက်အားပေးဒလန် အဖြစ် စစ်ကောင်စီသတင်းအမှားဖြန့်

ဧပြီ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ KIC, The Red Flag, MFCN

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာ၌ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က စစ်ကောင်စီကလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဥ် ကျည်စထိမှန်သေဆုံးခဲ့ရသည့် ဒေသခံကိုယ် ဝန်ဆောင်အမျိုးသမီးအား အကြမ်းဖက်အားပေးဒလန်အဖြစ် စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှ သတင်းအမှားဖြန့်ဝေနေသည်။

စစ်တပ်အားပေးသည့် တယ်လီဂရမ်ချန်နယ်များဖြစ်သော Subscibe ပြုလုပ်သူ ၄,၃၀၀ ကျော်ရှိသည့် myo chit myannar (အမွှေစိန်)က ဧပြီလ ၁၇ ရက်နေ့ မနက် ၇ နာရီ ၁၄ မိနစ်က စတင်ဖြန့်ဝေထားခြင်းဖြစ်ပြီး ကြည့်ရှုသူ ၁ ထောင်ကျော်ရှိသည်။ သတင်းအမှားလင့်ခ် – https://t.me/difamily007/10680

ထို့အပြင် Subscriber (၁၅,၀၀၀) ကျော်ရှိ D.I Thameedaw တယ်လီဂရမ်ချန်နယ်မှ အဆိုပါပို့စ်အား ထပ်ဆင့်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၄,၀၀၀ ကျော် ရှိနေသည်။

ထပ်ဆင့်ဖြန့်ဝေထားသည့် သတင်းအမှားလင့်ခ်- http://archive.ph/VOZ4x

Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သည့် KIC မှ ၎င်းသတင်းအား အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြခြင်း

စစ်ကောင်စီကိုထောက်ခံအားပေးသည့် မီဒီယာများမှ “အကြမ်းဖက်တွေရဲ့ LOC ကူးလာတဲ့ မြောက်ကမ္မရိုက်ဖောင်ဆိပ်မြင်ကွင်း အကုန်ပလားသွားတယ်။ ဗုံးထိသေသူက ဒေသခံအကြမ်းဖက်အားပေး ဒလန်ပါ” ဟုဆိုကာ ဧပြီ ၁၆ ရက်နေ့က လူမှုကွန်ရက်မီဒီယာတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA က တင်ထားသည့် ဓာတ်ပုံများအား ကူးယူဖော်ပြထားသည်။

MLA မှ သတင်းလင့်ခ် – https://www.facebook.com/permalink.php?

ဖြစ်စဥ်တွင် အသက်(၃၇)နှစ်အရွယ် သေဆုံးသူကိုယ်ဝန်ဆောင်အမျိုးသမီးအပြင် ထိခိုက်ဒဏ်ရာရရှိသွားသူ ကလေးငယ်နှင့်အခြားသူ များပါရှိနေပြီး မြောက်ကမ္မရိုက်ရွာ ဒေသခံများဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ ကေအိုင်စီသတင်းဌာနက ဧပြီလ ၁၇ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

KIC သတင်းလင့်ခ်- https://kicnews.org/2025/04/%e1%80%80%e1%

အလားတူ သတင်းလုပ်ငန်းစဥ်အတိုင်း ရေးသားဖော်ပြနေသော သတင်းမီဒီယာများဖြစ်သည့် People’s Spring, Than Lwin Khet သတင်းဌာနများကလည်း အောက်ပါအတိုင်း ဖော်ပြထားသည်။

People’s Spring- https://www.ludunwayoo.com/news-mm/2025/04/20/118492/

Than Lwin Khet- https://thanlwinkhet.net/?p=14132

ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့နှင့်ကျုံဒိုးမြို့အနီးတဝိုက်သို့ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီမှ လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ဒေသခံများနေထိုင်ရာ ကျေးရွာများနှင့်ဘုန်းကြီးကျောင်းများအပေါ် ဗုံးကျည်ကျရောက်မှုကြောင့် မြောက်ကမ္မရိုက်ရွာမှ ကိုယ်ဝန်သည်အမျိုးသမီးအပါ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်းရှိခဲ့ပြီးဖြစ်သည်။

ထိုအကြောင်းကိုလည်း Dawei Watch သတင်းဌာန၏အောက်ပါ သတင်းလင့်ခ်တွင် ဖတ်ရှုနိုင်သည်။

Dawei Watch – https://www.daweiwatch.com/18/04/2025/110391/

သုံးသပ်ချက်

ဖော်ပြပါစိစစ်ချက်များအရ ဧပြီလ ၁၆ ရက်နေ့က မြောက်ကမ္မရိုက်ရွာ၌ စစ်တပ်လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည့်အမျိုးသမီးမှာ မည်သည့်လက်နက် ကိုင်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိသည့် အရပ်သားပြည်သူဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီကိုထောက်ခံသည့် မီဒီယာများ၏ဖော်ပြချက်တွင် သေဆုံးသူမှာ ကိုယ်ဝန်ဆောင်ဖြစ်ကြောင်းနှင့် တစ်ချိန်တည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဒေသခံများအနက် ကလေးငယ်များ ပါဝင်နေသည့်အချက်ကို ချန်လှပ်ထားသည်။

အလားတူ ၎င်းတို့ဖော်ပြထားသည့် သတင်းအကြောင်းအရာတွင်လည်း သေဆုံးသူမှာ လက်နက်ကိုင်နှင့်ပတ်သက်သည့် သက်သေပြချက်မပါဘဲ တိကျခိုင်လုံမှုမရှိသည့်အရေးအသားမျိုးဖြစ်၍ စစ်ကောင်စီကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုဖြစ်စဥ်အပေါ် ဖုံးကွယ်လိုသည့်သတင်းမှားဖြန့်ဝေမှုအဖြစ်တွေ့ရှိရသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

အလားတူ Myanmar

Fact-checking Network အဖွဲ့ဝင်ဖြစ်သော KIC (https://web.facebook.com/KICNewsPage) သို့ ဆက်သွယ်မေးမြန်း စစ်ဆေးပေးရန်လည်း တောင်းဆိုနိုင်သည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသော သတင်းများအား အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork