TNLA ကို မိုးကုတ်မြို့ထဲမှ မောင်းထုတ်ပေးရန် စစ်ကောင်စီတပ်အား ပြည်သူများ တောင်းဆိုနေဆိုသည့် ဝါဒဖြန့် သတင်းအမှား

12 April 2025 By Haythar/Myanmar Pressphoto Agency -The Red Flag

TNLA ကို မှတ်ချက်ပေးထားသော Screenshot များ သုံး၍ မိုးကုတ်ပြည်သူများ TNLA ကို မြို့ထဲမှ မောင်းထုတ်ပေးရန် စစ်ကောင်စီတပ်အား တောင်းဆိုနေဟုဆိုသော သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။

စစ်ကောင်စီဝါဒဖြန့် “ဘညွှန့်” တယ်လီဂရမ်ချန်နယ်က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံ”ဖေ့ဘွတ်ခ်က ရေးသားချက်အပေါ် မိုးကုတ်ပြည်သူများ မှတ်ချက်ပေးထားသော Screenshot နှင့်အတူ “ မိုး ကုတ်မြို့တွင်းမှ TNLA တပ်ကို တိုင်းရင်းသားပေါင်းစုံက မောင်းထုတ်‌‌‌ပေးရန် စစ်ကောင်စီတပ်ကိုတောင်းဆိုထားကြောင်း၊ စစ်ကောင်စီတပ်ကို ပြန်လည်ကြိုဆိုမည်ဖြစ်ကြောင်း” ရေးသား‌ဖော် ပြထားသည်။

အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၁၂ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၂၀၀၀ ကျော်၊ like and react ပေးသူ ၄၀၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ်များ

ဘညွှန့် – https://archive.ph/mC8CK

ရွှေနေကြာ – https://archive.ph/t4fve

ဝါစိမ်းနီ – https://archive.ph/lZU0W

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် ရှမ်းပြည်နယ်ဖက်ဒရယ်ဒီမိုက‌ရေစီ သတင်းစုံဆိုသည့် ဖေ့ဘွတ်ခ်စာမျက်နှာတွင် “ မိုးကုတ်ရှိ တန်ဖိုးကြီးပစ္စည်းများကို TNLA တပ်က မိုးမိတ်ဘက်ကိုသယ်ဆောင်သွားကြောင်း၊ ဆေးရုံသုံး အဆင့်မြင့် ပစ္စည်းများ ကျောက်သံပတ္တမြားများကို နေရာတိုင်းတူးဖော်နေကြောင်း” ရေးသားဖော်ထားသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/ok8gc

https://shorturl.at/ed6nU

အဆိုပါရေးသား‌ဖော်ပြချက်များနှင့်ပတ်သက်ပြီး ဒေသခံများကိုဆက်သွယ်မေးမြန်းကြည့်ရာ “ မိုးကုတ်ဆေးရုံသုံး ပစ္စည်းများကို TNLA တပ်က သယ်သွားတာမဟုတ်ပါဘူး” ဟု ပြန်လည်ဖြေဆိုသည်။

မိုးကုတ်မြို့ကို TNLA တပ်က သိမ်းပြီးနောက် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များက ကျောက်မျက်တူးဖော်‌ရေးလုပ်ငန်း များလုပ်ဆောင်နေကြောင်း DVBသတင်းမီဒီယာတွင်ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/NWmwX

သုံးသပ်ချက်

ရှမ်းပြည်နယ်ဒီမိုကရေစီသတင်းစုံဆိုသည့် ဖေ့ဘွတ်ခ်က ဖော်ပြချက်များသည်မှန်ကန်မှုမရှိကြောင်းတွေ့ရှိရသည့်အပြင် ဒေသခံများ၏မှတ်ချက်များကို စစ်ဆေးကြည့်ရာ TNLA တပ်များကို မောင်းထုတ်‌ပေးရန် တောင်းဆိုထားချက်များ ကိုမတွေ့ရပေ။

ရှမ်းပြည်နယ်ဒီမိုကရေစီသတင်းစုံဆိုသည့် ဖေ့ဘွတ်ခ်က ဖော်ပြချက်ကိုမှတ်ချက်ပေးထားသူများမှအချို့သည် ဒေသခံပြည်သူများဖြစ်ပြီး အချို့သည်အကောင့်အတုများဖြစ်ကြောင်းတွေ့ရသည်။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော မိုးကုတ်မြို့နေ ပြည်သူများက TNLA တပ်များကိုမြို့ထဲမှမောင်းထုတ်‌‌ပေးရန် စစ်ကောင်စီတပ်ကို တောင်းဆိုနေဟု ဖြန့်ဝေထားသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများစွာ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

#MFCN#MPA#FactCheck#Mis_Disinformation#TNLA#မိုးကုတ်#Haythar