Pancelo and Zalonegyi Case Study

In the Pancelo store and Zalonegyi case study, the highlights showcased on social media platforms such as Facebook and Telegram were oppressed and threatened by military councils and lobbies. This emphasizes how platforms have become complicit in capturing instances of injustice.

March 10, 2023

Zalonegyi is supported by the revolutionaries, as mentioned by the military lobby Telegram pages. On the morning of March 9, they announced the intention to arrest Zalonegyi, accusing him of selling to the People’s Defense Forces.

Han Nyein Oo Telegram, a significant channel of the military lobby, started to arrest the owners of the Zonggyi shop. Shortly after this statement, the Military Council’s army proceeded to enter and effectuate the arrest.

As a result, some media outlets have reported that owners of brands currently displayed in Pensello stores in the United States are also fleeing. To monitor this case study, The Red Flag has observed and documented the process by the military group, which often makes arrests based on threats.

The beginning of the process: 

Pensello, a well-known supporter of the Spring Revolution, is located in the United States. “Rangoon Grocery Mart,” primarily featuring Burmese food in Sacramento, was opened in 2023, specifically on March 7. Being one of the prominent contributors to fundraising for revolution support projects, the store’s opening has stirred considerable controversy among social media users.

Amid these critical disputes, the revolutionary donation money issue is undeniably at the forefront, with accusations of placing boycotted brands in stores. One of the contentious events involved the controversy surrounding the Zalonegyi, a boycotted item. Regarding the Zalonegyi, an apology was issued, clarifying that it was not a boycotted item. Supporters also expressed their views under the apology account, mentioning that Zalonegyi was a special item cherished by revolutionary soldiers. (Note: The link to the Zalonegyi’s account has been taken down.)

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။

မတ် ၁၀၊ ၂၀၂၃

စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ပေးပို့ရောင်းချသည်ဟု စွပ်စွဲကာ ဖမ်းဆီးရန် မတ်လ ၉ ရက် နံနက်ပိုင်းက လှုံ့ဆော်ခဲ့ကြသည်။

စစ်အုပ်စု လော်ဘီအကြီးစား ချန်နယ် တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦး တယ်လီဂရမ်က ဇလုံကြီးဟင်း အနှစ်ထုပ်ဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးရန် ရေးသားဖော်ပြခဲ့သည်။ ယင်းသို့ဖော်ပြပြီး များစွာမကြာမီ  စစ်ကောင်စီတပ်က အမှန်တကယ် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထို့ကြောင့် လက်ရှိမှာ ပန်ဆယ်လို အမေရိကန်ပြည်ထောင်စုရှိ စတိုးဆိုင်တွင် ခင်းကျင်း ပြသထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပိုင်ရှင် တချို့လည်း တိမ်းရှောင်နေကြရကြောင်း သတင်းဌာနအချို့က ဖော်ပြမှုများကြောင့် သိရပါသည်။ 

ထိုသို့ ပြည်သူများဆိုရှယ်မီဒီယာအသုံးပြုမှုများကို စောင့်ကြည့်၊ အခြေခံ၍ ခြိမ်းခြောက် လူဖမ်းပွဲပြုလုပ်လေ့ရှိသည့် စစ်အုပ်စု၏ ယခုဖြစ်စဉ်အပေါ်တွင် The Red Flagမှ  စောင့်ကြည့် လေ့လာမှတ်တမ်းပြုထားပါသည်။

ဖြစ်စဉ် အစ

နွေဦးတော်လှန်ရေးတွင် လူသိများထင်ရှားသည့် ထောက်ပို့လုပ်သူ ပန်ဆယ်လို သည် အမေရိကန်ပြည်ထောင်စု၊ Sacramento မြို့တွင် မြန်မာအစားအစာများကို အဓိကရောင်းချသည့် “Rangoon Grocery Mart”ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ တော်လှန်ရေး၏ ထောက်ပို့ပရောဂျက်လုပ်ငန်းများကို ဦးဆောင်ငွေရှာဖွေသူ တစ်ဦးဖြစ်သောကြောင့် ထိုဆိုင်လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာအသုံးပြုသူများအကြား အငြင်းပွားမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

ထိုဝေဖန်အငြင်းပွားမှုများတွင် တော်လှန်ရေး အလှူငွေကြေးကိစ္စနှင့်ပတ်သက်၍ သင်္ကာမကင်းဖြစ်ခြင်း၊ ပြည်သူများ သပိတ်မှောက်ထားသည့် ကုန်အမှတ်တံဆိပ်များကို စတိုးဆိုင်တွင်တင်ထားသည်ဟု စွပ်စွဲသည့် ဖြစ်စဉ်များ ပါဝင်ခဲ့သည်။ ထိုဖြစ်စဉ်များတွင် ဇလုံကြီးဟင်းအနှစ်ထုပ်ကို သပိတ်မှောက်ထားသည့် Boycott ပစ္စည်းဖြစ်ကြောင်းအငြင်းပွားမှုလည်း ပါဝင်ခဲ့သည်။ 

ဇလုံကြီးဟင်းအနှစ်ထုပ်ဘက်မှ Boycott ပစ္စည်းမဟုတ်ကြောင်း တောင်းပန် ဖြေရှင်းခဲ့သည်။  ဇလုံးကြီးဟင်း အနှစ်ထုပ်သည် တော်လှန်ရေး ရဲဘော်များ အထူးနှစ်သက်သည့် ပစ္စည်းဖြစ်ကြောင်း ထောက်ပို့ လုပ်ကိုင်သူများကလည်း ထိုတောင်းပန်ဖြေရှင်းသည့် အကောင့်အောက်တွင် ဝင်ရောက်မှတ်ချက်ပေးခဲ့ကြသည်။ (ယခုအခါ á€‡á€œá€Żá€śá€€á€źá€Žá€¸á€Ÿá€„်းဥနသစ်ထုပ် အကောင့်လင့်  ဖြုတ်ချသွားပြီဖြစ်သည်။)   

After these incidents, on March 9th, the military-supporting Telegram channels, led by the Han Nyeung-oo Telegram channel at 8:32 in the morning, initiated actions against all the sellers of brands that were featured in Pensello’s shop.

Incentives to Arrest:

According to The Red Flag’s observation, Han Nyein Oo, Ka Ka Han, Kyaw Swar, Shwe ba, DGF21News, and Athan Channels a total of 10 posts promoting arrests were made on their channels.

On the same day, March 9th, Han Nyein Oo’s channel, which initiated advocacy for the arrests, timely posted four updates about the arrest of Zalonegyi.

On the morning of March 10th, Han Nyein Oo’s channel, responsible for those posts, was removed from the Telegram channel, and the links were no longer accessible. However, as The Red Flag could hardly save screenshots from yesterday, you can learn the contents below.

Links

1.  https://t.me/Han777999888/1500 (Arrest call initiated: 8:32 AM.) 

2.  https://t.me/Han777999888/1532 ( Arrested by the police from Mandalay at 12:07 PM.)

3.  https://t.me/Han777999888/1537 (Mandalay Zalonegyi garage raid – 1:05 p.m)

4.  https://t.me/Han777999888/1568 (Zalonegyi garage raid from Yangon – 5:16 p.m)

ထိုဖြစ်စဉ်များ ဖြစ်ပွားအပြီး မတ်လ ၉ ရက်တွင် စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များမှ ပန်ဆယ်လို၏ ဆိုင်တွင် တင်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်ရောင်းသူများ အားလုံးကို အရေးယူရန် မနက်ပိုင်း (၈:၃၂) အချိန်တွင် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်မှ စတင်  ဦးဆောင်လှုံ့ခဲ့ပါသည်။ 

 á€–မ်းဆဎးရန် လှုံ့ဆော်မှုများ

The Red Flag ၏ စောင့်ကြည့်မှုအရ á€Ÿá€”်ငဟိမ်းဌး áŠ Ka Ka Han áŠ Kyaw Swar áŠ á€›á€˝á€žá€ąá€˜ áŠ DGF21News၊ á€Ąá€žá€”်း (ICG)  á€á€ťá€”်နယ်မဝဏးတွင် ဖမ်းဆီးရန်လှုံ့ဆော်မှုပို့စ် စုစုပေါင်း ၁၀ ခုကို ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ဖမ်းဆီးရန် စတင်လှုံ့ဆော်ခဲ့သည့် ဟန်ငြိမ်းဦး ချန်နယ်မှ မတ်လ ၉ ရက် တနေ့တည်းတွင် ဇလုံကြီးကို ဖမ်းဆီးသည့် ကိစ္စနှင့် ပတ်သက်သည့် ပို့စ် လေးခုကို အချိန်နှင့် တပြေးညီတင်ခဲ့ပါသည်။ 

 á€‘ိုပိုစအ်မဝဏးတင်ခဲအသညအ် ဟန်ငြိမ်းဦးချန်နယ်သည် ယနေ့ မတ်လ ၁၀ ရက် မနက်ပိုင်းတွင် တယ်လီဂရမ်ချန်နယ်မှ ပြုတ်ကျသွားပြီဖြစ်၍ လင့်များဝင်ရောက်ကြည့်ရှုနိုင်ခြင်းမရှိတော့ပေ။ သို့သော် The Red Flagအနေဖြင့် ယမန်နေ့ကတည်းက Screenshotများကို သိမ်းဆည်းနိုင်ခဲ၍ အောက်တွင် အကြောင်းအရာများကို လေ့လာ နိုင်ပါသည်။ 

လင့်များ 

၁။  https://t.me/Han777999888/1500 (စတင်ဖမ်းဆီးရန်လှုံဆော်မှု- မနက်၈:၃၂) 

၂။  https://t.me/Han777999888/1532 ( မန္တလေးမှ ရဲများဝင်ရောက်ဖမ်းဆီးမှု -နေ့လယ် ၁၂:၀၇)

၃။ https://t.me/Han777999888/1537 (မန္တလေး ဇလုံကြီးဂိုထောင် ဝင်ရောက်စီးနင်းမှု – နေ့လယ် ၁:၀၅)

၄။ https://t.me/Han777999888/1568 (ရန်ကုန်မှ ဇလုံကြီးဂိုထောင် ဝင်ရောက်စီးနင်းမှု -ညနေ ၅:၁၆)

Military lobby accounts have launched a campaign to arrest and investigate not only Zalonegyi but also all the food businesses displayed in Pancello’s grocery stores. Consequently, some brand owners of the products showcased at the Pancelo store have reportedly been evading, as reported by certain independent media outlets.

ယခုကဲ့သို့ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကို သာမက ပန်ဆယ်လို၏ ကုန်စုံဆိုင်တွင် တင်သမျှ စားသောက်ကုန်လုပ်ငန်းများ အားလုံးကိုပါ ဖမ်းဆီးစစ်ဆေးရန် စစ်တပ်လော်ဘီအကောင့်များသည် ဆက်တိုက်လှုံ့ဆော်မှုများ ပြုခဲ့သည်။ ထိုကြောင့် ပန်ဆယ်လို အရောင်းဆိုင်တွင် ခင်းကျင်းပြသထားသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်ပိုင်ရှင် အချို့လည်း တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း လွတ်လပ်သောသတင်းဌာန အချို့တွင် ဖော်ပြထားပါသည်။ 

Media Presentations:

It has been observed that at least seven media outlets reported on the arrest of the owner of Zalonegyi and some of the garages. These media outlets presented the news with accompanying photos, statements, and comments from residents.

The RFA news agency reported that Zalonegyi, the stakeholder, declined to comment on the news. Additionally, the Delta News Agency reported that some owners of the brands displayed in Pancelo’s shop are currently evading authorities due to the search and arrest operations conducted by the military council.”

The media outlets that presented were:- 

1. Mandalay Free Press – MFP

2. Myanmar Now

3.  RFA Burmese

4.  Delta News Agency

5.  People’s Spring

6.  Mizzima

7.  Burma Associated Press

As of the evening of March 10, the military council has not released any information regarding the arrest.

People’s Opinions

There are various reactions among the people regarding the incident of selling items in her shop, with no apparent connection to any criminal activity.

Comments from Zin Thaw Naing

သတင်းဌာနများ၏ တင်ဆက်မှုများ

ဇလုံကြီး ဟင်းအနှစ်ထုပ် လုပ်ငန်းဆိုင်ပိုင်ရှင်နှင့် လုပ်ငန်းဂိုထောင်အချို့ ဝင်ရောက်ဖမ်းဆီးခြင်း ခံရမှုကို သတင်းဌာနပေါင်း အနည်းဆုံး ၇ ခုမှ သတင်းတင်ဆက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ 

သတင်းဌာနများအနေဖြင့် မြို့ခံပြည်သူများ၏ ပြောဆိုချက်များ၊ထုတ်ပြန်ချက်များ ဓာတ်ပုံများဖြင့် သတင်း တင်ဆက်ခဲ့ခြင်း ဖြစ်သည်။  

ကာယကံရှင်ဖြစ်သည့် ဇလုံကြီးစားသောက်ဆိုင်လုပ်ငန်းဘက်မှ သတင်းတွင် မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်ဟု RFA သတင်းဌာနတွင် ဖော်ပြထားပါသည်။

ယခုလို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးမှုကြောင့် ပန်ဆယ်လို၏ အရောင်းဆိုင်တွင် ခင်းကျင်းပြသထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် ပိုင်ရှင်တချို့ လည်း á€á€­á€™á€şá€¸á€›á€žá€ąá€Źá€„်န္ကဟပဟဎဖဟစ်ကဟ္ဏင်း Delta News Agency တွင် ဖော်ပြထားသည်။

တင်ဆက်ခဲ့သည့် သတင်းဌာနများမှာ- 

၁။ Mandalay Free Press – MFP

၂။ Myanmar Now

၃။ RFA Burmese

၄။ Delta News Agency

၅။ People’s Spring

၆။ Mizzima

၇။ Burma Associated Press

ထိုဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီအနေနှင့် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

 á€•á€źá€Šá€şá€žá€°á€™á€ťá€Źá€¸á အမြင်

ပန်ဆယ်လို၏ ဆိုင်တွင် တင်ရောင်းရုံဖြင့် မည်သည့်ရာဇဝတ်နှင့်မျှ စပ်လျဉ်းခြင်း မရှိဘဲ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ á€•á€źá€Šá€şá€žá€°á€™á€ťá€Źá€¸á€Ąá€€á€źá€Źá€¸á€á€˝á€„်  á€á€Żá€śá€ˇá€•á€źá€”်မသု အမျိုးမျိုး ရှိသည်။

Zin Thaw Naing အကောင့်၏ ရေးသားချက်

Min Khant Aung’s post

Min Khant Aung အကောင့်၏ ရေးသားချက် 

Post from ဟင်းချက်နည်းမျိုးစုံ

ဟင်းချက်နည်းမျိုးစုံ အကောင့်၏ရေးသားချက်

Summary

  • Military lobbies conduct on-site investigations without seeking evidence, relying on the monitoring of celebrities’ social media posts. Specifically, the Military Council’s management mechanism is involved in this lobby, acquiring information solely through social media monitoring. The lobby engages in social media commentary amid disputes between revolutionary forces. Notably, all arrests are triggered by capturing screenshots of alleged incriminating information.
  • The military is attempting to seize power on the ground and suppress freedom of expression on social media, and their efforts to divide the revolutionaries are evident.
  • Regarding social media comments, a closer look at the remarks under celebrities’ posts reveals a flood of misleading comments from numerous accounts posing as supporters of the revolution. While there isn’t concrete evidence that these accounts belong to the lobby, the content of their posts raises significant doubts.
  • The police, influenced by military coup lobby accounts, were incited to make immediate arrests based on the connections identified through links, showcasing the significant influence and coercive power of military lobby Telegram channels. This structure appears designed to consolidate and amplify its power. Notably, the time between the initiation of the arrest and the actual arrest itself was only four hours. However, The Red Flag has been unable to conclusively confirm whether the lobbies instigated the arrest or if the military acted upon the lobbies’ instigation.
  • The military council, relying on information from military lobby social networking sites, has consistently observed arresting entrepreneurs since 2022. Individuals who express support for the revolution, write texts advocating for change, and engage in commentary under media outlets that report truthfully about the military are often targeted, monitored, and subsequently arrested. This includes the closure of their businesses. As an illustrative example, in October 2022, U Kyaw Thura, the owner of Burmese Thura Gem Company in Mandalay, was apprehended by the military council, and assets valued at 120,000 million kyat were sealed and confiscated.
  • This incident serves as another reminder of the need for special caution in using social media during the revolution. Actions that might inadvertently provide information to lobbies underscore the importance of exercising careful discretion in our writings.
  • In summary, the impact of social media on Myanmar’s transformation remains notably substantial and highly sensitive. Therefore, media professionals, researchers, and information examiners must exercise exceptional caution. The role of social media companies has evolved into not just a communication platform but also one that inadvertently facilitates arrests and fosters injustice. This underscores the platform’s unintended promotion of oppressive actions, marking a significant event that highlights this alarming reality.
  • အနှစ်ချုပ် သုံးသပ်ချက်
  • ၁။ စစ်တပ်လော်ဘီများသည် မြေပြင်ကို သွားရောက်စုံစမ်းခြင်း၊ သက်သေ အထောက်အထား ရှာဖွေခြင်း မရှိဘဲ မီဒီယာများ၊ ထင်ပေါ်ကျော်ကြားသူများ၏ ဆိုရှယ်မီဒီယာပို့စ်များကို စောင့်ကြည့်ရုံနှင့် လူဖမ်းပွဲများကို ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် စစ်ကောင်စီ၏ စီမံခန့်ခွဲရေး ယန္တရားသည် လူမှုကွန်ရက်မီဒီယာများကို စောင့်ကြည့်ရုံဖြင့်ပင် အခန့်သား သတင်းရယူ လူဖမ်းပွဲ ကျင်းပနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ လော်ဘီ ဆိုရှယ်မီဒီယာများသည် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား အငြင်းပွားမှုအောက်ရှိ မှတ်ချက်များ၊ ပြန်လည်ဖြေရှင်းမှု အချက်အလက်များကို Screenshot ယူကာ ဖမ်းဆီးမှုများအားလုံးကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
  • ၂။ စစ်တပ်သည် မြေပြင်တွင် အာဏာသိမ်းရန် ကြိုးပမ်းနေသလို ဆိုရှယ်မီဒီယာများပေါ်တွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာဏာသိမ်းရန် ကြိုးပမ်းနေပြီး  တော်လှန်သူအချင်းအချင်းအကြား သွေးခွဲရန် အားထုတ်မှုကို ထင်ရှားစွာ တွေ့ရသည်။
  • ၃။ မီဒီယာများအောက်၊ ထင်ပေါ်ကျော်ကြားသူများ၏ ဆိုရှယ်မီဒီယာပေါ်တွင် တက်ဆက်ရေးသားမှုအောက်တွင် မှတ်ချက်ပြုသူများကို ဝင်ရောက်လေ့လာကြည့်ပါက တော်လှန်ရေးကို အားပေးသယောင် ပရိုဖိုင်များကိုတင်ထားသည့် အကောင့်များစွာမှ ထင်ယောင်ထင်မှား ဖြစ်စေသည့် မှတ်ချက်များကို တပြိုင်တည်းလိုလို လာရောက်မှတ်ချက် ပြုမှုများကို တွေ့ရပါသည်။ ထိုအကောင့်များသည် စစ်ကောင်စီလော်ဘီအကောင့်များဖြစ်ကြောင်း ခိုင်မာသည့် သက်သေပြနိုင်မှု မရှိသော်လည်း ရေးသားထားမှုအကြောင်းအရာများအရ သံသယဝင်စရာ ကောင်းလှသည်။
  • ၄။ အာဏာသိမ်းစစ်တပ်ရှိ ရဲများသည် စစ်တပ်လော်ဘီအကောင့်များလှုံ့ဆော်သည်နှင့် ချက်ချင်း ဖမ်းဆီးခြင်း ပြုလုပ်သယောင် အချိတ်အဆက်များကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်များ၏ အကြောက်တရားဖြင့် ခြိမ်းခြောက်သည့် လုပ်ငန်းစဉ် ပါဝါ၊ အာဏာ ကြီးထွားရန် တည်ဆောက်လာသည်ကို တွေ့ရသည်။ ယခုဖြစ်စဉ်တွင်လည်း ဖမ်းဆီးရန် စတင်လှုံ့ဆော်သည့် အချိန်နှင့် တကယ်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်သည် ၄ နာရီမျှကြာချိန်အတွင်းသာ ပြုလုပ်သွားခြင်းဖြစ်သည်။ သို့သော် ဖမ်းဆီးရန် အစီအစဉ်ချနှင့်ပြီးသားကို လော်ဘီများက လှုံ့ဆော်ခြင်းလား (သို့) လော်ဘီများ လှုံ့ဆော်၍ စစ်တပ်က ဖမ်းဆီးခြင်းလား ကို The Red Flag အနေနှင့် တိကျသည့် အတည်ပြုနိုင်ခြင်း မရှိပါ။ 
  • ၅။ စစ်ကောင်စီသည် စစ်တပ်လော်ဘီ လူမှုကွန်ရက်စာမျက်နှာများမှ သတင်းများကို အခြေပြု၍ ပြည်သူများ၊ လုပ်ငန်းရှင်များကို ဖမ်းဆီးလေ့ရှိသည်ကို ၂၀၂၂ ခုနှစ်ကတည်းက လေ့လာတွေ့ရှိခဲ့ ရသည်။ တော်လှန်ရေး ထောက်ခံသည့် စာသားများရေးသားသည့် ပြည်သူများ၊ စစ်တပ်နှင့် ပတ်သက်၍ သတင်းမှန်ကို ဖော်ပြလေ့ရှိသည့် မီဒီယာများအောက်တွင် မှတ်ချက်ပြုသူများ၊ တော်လှန်ရေးတွင် ထောက်ပို့ ကူညီသည်ဟု လူသိများထင်ရှားသည့်သူများအောက်တွင် မှတ်ချက်ပြုသူများကို ပစ်မှတ်ထား စောင့်ကြည့်ကာ ဖမ်းဆီးမှုများ၊ အိမ်၊ လုပ်ငန်းကို ချိတ်ပိတ်မှုကို ကို တောက်လျှောက် ပြုလုပ်ခဲ့ပါသည်။ ထင်ရှားသည့် ဥပမာအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း မန္တလေးမြို့က မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်း၏ ပိုင်ဆိုင်မှု ကျပ်သိန်းပေါင်း ၁၂၀, ၀၀၀ ခန့်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ 
  • ၆။ တော်လှန်ရေး ကာလအတွင်း ဆိုရှယ်မီဒီယာကို အထူးသတိထား သုံးစွဲရမည်ဖြစ်ကြောင်း တပ်လှန့်လိုက်သည့် အခြားဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ စစ်ကောင်စီနှင့် လော်ဘီများကို သတင်းအချက်အလက် အစအန ပေးမည့် သဘော ဖြစ်သွားစေနိုင်သော အသုံးအနှုံး၊ အရေးအသားမျိုးကို အထူး သတိထားရမည်ဖြစ်ကြောင်း ယခု ဖြစ်ရပ်က ပြဆိုနေသည်။
  • အချုပ်အားဖြင့် ဆိုရသော် မြန်မာနိုင်ငံ၏ အပြောင်းအလဲတွင် ဆိုရှယ်မီဒီယာ၏ လွှမ်းမိုးမှုမှာ အထူးကြီးမားနေဆဲ ဖြစ်ပြီး အလွန်တရာ အကဲဆတ်သဖြင့် မီဒီယာများ၊ သုတေသီများ၊ သတင်းအချက်အလက်စစ်ဆေးသူများ အနေနှင့် အထူးသတိထားရမည်ဖြစ်သည်။ အထူးအားဖြင့် ဆိုရှယ်မီဒီယာ ကုမ္ပဏီများအနေနှင့် လက်လတ်စပယ် ဖမ်းဆီးရန် လှုံ့ဆော်ရာ ပလက်ဖောင်းကြီး ဖြစ်လာပြီး မတရားမှု၊ ဖိနှိပ်မှုများကို အားပေးသည့် ပလက်ဖောင်းကြီး ဖြစ်နေကြောင်း မီးမောင်းထိုးပြစရာ ထင်ရှားသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။