သမာသမတ်ကျခြင်း( Non-Partisan Policy)
၁။ ရေးသားပြောဆိုမှုတိုင်းအတွက် တူညီသောစံနှုန်းကိုအသုံးပြု၍ ကျွန်ုပ်တို့ အချက်အလက် စစ်ဆေးပေးနေပါသည်။
၂။ ကျွန်ုပ်တို့၏ အချက်အလက်စစ်ဆေးမှုကို ကျွန်ုပ်တို့နှင့် သက်ဆိုင်သောအသိုင်းအဝိုင်း သို့မဟုတ် အခြားအပိုင်းတစ်ခုခု အပေါ်တွင်သာရပ်တည်မထားပါ။
၃။ အချက်အလက်စစ်ဆေးမှုတိုင်းအတွက် တူညီသောလုပ်ငန်းစဉ်ကို ကျွန်ုပ်တို့လိုက်နာနေပြီး ကျွန်ုပ်တို့၏ကောက်ချက်ချ သုံးသပ်မှုများကို အထောက်အထားဖြင့် တရားဝင်တင်ပြစေပါ သည်။
၄။ ကျွန်ုပ်တို့စစ်ဆေးသည့် ကိစ္စရပ်များအပေါ်၌ ထောက်ခံ ပြောဆိုခြင်း၊ မူဝါဒပိုင်း ဦးဆောင် နေရာများရယူခြင်း ကျွန်ုပ်တို့မပြုလုပ်ပါ။
၅။ အချက်အလက်များစစ်ဆေးပြီးသော ကျွန်ုပ်တို့၏ တင်ပြသော အကြောင်းအရာများသည် လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ကိုယ်စားပြုသူများတရားဝင်ပြုထားသည့်၊ ရှင်းလင်း ပြောဆို ထားသည့်ရေးသားပြောဆိုချက်များနှင့်တကွ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်တစ်ကြော လွှမ်းခြုံမှုရှိရာ ကျွန်ုပ်တို့သုတေသနပြုသောအရာအားလုံးနှင့် သက်ဆိုင် သည့် ရလဒ်များကို ထုတ်ပြန်ဖော်ပြပေးလျက်ရှိသည်။
၆။ Real Or Not (The Red Flag) အစီအစဉ်တွင်ပါ၀င်သူများဖြစ်ကြသည့် စေတနာ့၀န်ထမ်းများ၊ အလုပ်သင်များ၊ ကော်မတီ၀င်များ၊ ဝန်ထမ်းများ၊ အချက်အလက်စစ်ဆေးသူများ၊ မန်နေဂျာ များနှင့် ဘုတ်အဖွဲ့တို့သည် သမာသမတ်ကျခြင်း၊ ပွင့်လင်းမြင်သာခြင်းနှင့် တိကျခြင်း ဟူသော အခြေခံ စည်းမျဉ်းများအတိုင်းလုပ်ဆောင်နေကြပြီး ယင်းအချက်များမှာ ကျွန်ုပ်တို့အဖွဲ့အစည်း ၏ ကျင့်ဝတ်စည်းကမ်းအတွင်း၌ ထင်ဟပ်နေပါသည်။
၇။ သမာသမတ်ကျခြင်းဆိုသည်မှာ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်း၊ မျက်နှာသာပေးခြင်းမရှိဘဲ နယ်ပယ်စုံမှ ရေးသားပြောဆိုမှုများကို ကိုင်တွယ်ဖြေရှင်းပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဘက်အသီးသီးကို စောင့်ကြည့်စစ်ဆေးပေးနေသလို အချက်အလက်စစ်ဆေးပြီး ရေးသား ပြောဆိုမှုတစ်ရပ်နှင့်စပ်လျဉ်း၍လည်း အပြည့်စုံ အကျယ်ပြန့်ဆုံးသောရင်းမြစ်များကို လည်းပံ့ပိုး ပေးနေပါသည်။ ကျွန်ုပ်တို့နောက်ဆုံးတင်ပြသောအကြောင်းအရာများ၌ ယင်းဖန်တီးမှုအတွင်း ပါဝင်နေသူအများအပြားပါရှိခြင်းကြောင့် ရေးသားသူကိုကျွန်ုပ်တို့စာဖြင့်ဖော်ပြထားခြင်းမရှိပါ။ ရေးသား ပြောဆိုချက်များ တိကျသေချာမှုရှိစေရေးအတွက် ကျွန်ုပ်တို့အနေဖြင့် အချက်အလက် များကို စစ်ဆေးပေးနေပါသည်။
၈။ ရေးသားပြောဆိုမှုတစ်ခု၏နောက်ထပ်ရှုထောင့်များနှင့် /သို့မဟုတ် မသိမသာကွဲပြားချက်များ အား တင်ပြရန်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။ ထို့သို့ဆိုပါက အများပြည်သူ ကိုယ်စား ပြုမှုတစ်ရပ်သည် သူ၏ အချက်အလက်များနှင့် မည်မျှအထိကိုက်ညီမှုရှိ ကြောင်း သင်ဆုံးဖြတ် နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒမှာ အစွဲများ၊ အခြေအမြစ်မရှိမှန်းဆချက်များထက်စာလျှင် ကိန်းဂဏန်းများနှင့်အချက်အလက် များကိုအရင်းခံသော နိုင်ငံရေးဆွေးနွေးငြင်းခုံမှုတစ်ရပ်အား မြေတောင်မြှောက်ပေးရန်ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် ကျွန်ုပ်တို့သည် အောက်ပါ ကျင့်ဝတ်စည်းကမ်း များကို လိုက်နာ ဆောင်ရွက် လျက်ရှိပါသည်။
ကျင့်ဝတ်စည်းကမ်း ( Code of Conduct)
ကျင့်ဝတ်စည်းကမ်း၌ ကျွန်ုပ်တို့လုပ်ဆောင်ပေးနေသော အချက်အလက်စစ်ဆေးခြင်းဆိုင်ရာ အဓိကကျသည့် စည်းမျဉ်းများကိုထည့်သွင်းဖော်ပြထားသည်။
အချက်အလက်စစ်ဆေးသူတစ်ဦးသည်
၁။ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ပြခွင့်နှင့် ပြည်သူလူထုသို့ အသိပေး တင်ပြခွင့်ဟူသောအခြေခံမူများကို ကိုင်စွဲထားရမည်။
၂။ အများသူငှာရရှိနိုင်သော ခိုင်မာသော သတင်းရင်းမြစ်များဖြင့်သာလျှင် သတင်းအချက် အလက်များကို တိကျသေချာမှုရှိစေရမည်။
၃။ ရင်းမြစ်များအား သွားရောက်ဖတ်ရှုနိုင်သော Website များနှင့် ဆိုရှယ်မီဒီယာ platform များကို စေ့စေ့စပ်စပ်ဖော်ပြ ပေးထားရမည်။ ထို့အပြင် ဖြစ်နိုင်ပါက ကျွမ်းကျင်ပညာရှင်များ၏ အမည် (လုံခြုံရေးအရ နာမည်လွှဲပြောင်းနိုင်)နှင့် ကျွမ်းကျင်ပညာရပ်များအား ဖော်ပြပေးထားပါမည်။
၄။ မည်သည့်လွဲမှားချွတ်ချော်မှုမျိုးကိုမဆို အဖွဲ့အစည်း၏မူဝါဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိရှိ အမှန်ပြင်ဆင်ပေးရမည်။
၅။ ခိုင်လုံကြောင်းသက်သေပြရန် သို့မဟုတ် ငြင်းပယ်ရန်အလို့ငှာ မှန်းဆချက် သို့မဟုတ် ထင်မြင်ချက်မပါရှိစေဘဲ အထောက်အထားတင်ပြပေးရမည်။
၆။ တာဝန်ပေးအပ်မှုများအားထမ်းဆောင်သည့်အခါ အဖွဲ့အစည်းအတွင်း၊ အဖွဲ့အစည်းပြင်ပ ဆက်သွယ်ဆောင်ရွက်မှုများ အားလုံး၌ အဖွဲ့အတွင်းမှ တာဝန်ရှိသူဖြစ်ကြောင်း အထောက် အထားကို အသုံးပြုပါ။ သို့သော် အဖွဲ့အစည်း၏မူဝါဒအရ ရေးသားသူ မည်သူမည်ဝါ ဖြစ်ကြောင်း မည်သည့်စာကြောင်းမျှ သို့မဟုတ် မည်သည့်ဖော်ထုတ်ပြသမှုနည်းလမ်းမျှ အသုံးမပြုရပါ။ အဖွဲ့အစည်း၏ မူဝါဒအရ ရေးသားသူ (ကလောင်နာမည်) အား လူအများမြင်တွေ့နိုင်မည့် အဖွဲ့အစည်း၏ဝက်ဘ်ဆိုက်ပေါ်သို့တင်ပေးထားမည်ဖြစ်သော်လည်း မည်သည့်ရေးသားဖော်ပြထားမှုနှင့်မျှချိတ်ဆက်ပေးထားမည်မဟုတ်ပါ။
၇။ ဖော်ပြပြီးဖြစ်သော အကြောင်းအရာအချက်အလက်များအား အဖွဲ့အစည်း၏ Website နှင့် Social Media ပေါ်ရှိ သွားရောက်နိုင်မည့်လိပ်စာများကို ပြန်လည်ဖော်ပြပေးထားမည် ဖြစ်သော် လည်း ရေးသားသူ တစ်ဦးချင်းအား ထည့်သွင်းဖော်ပြခြင်းမပြုပါ။
၈။ မူလရင်းမြစ်သတင်းအချက်အလက်များကို ချွင်းချက်မရှိ ရိုးသားဖြောင့်မတ်ကာ ပွင်းလင်း လွတ်လပ်သောနည်းလမ်း များဖြင့်ရယူရမည်။
၉။ ရင်းမြစ်များအားစစ်ဆေးပြီး တိကျမှုစံနှုန်းများအတိုင်း အံဝင်ဂွင်ကျမထုတ်ပေးနိုင်သောအ ခြားသူများ၏ အကြောင်းအရာ အချက်အလက်များကို ကိုးကားခြင်းကိုလည်း မပြုလုပ်ရပါ။
၁၀။ ဓာတ်ပုံများဖြစ်စေ၊ စာသားများဖြစ်စေ သို့မဟုတ် အခြားမီဒီယာဖြစ်စေ သက်ဆိုင်သ ည့်အကြောင်းအရာများအားလုံး အတွက် မူပိုင်ခွင့်ရှိသူများထံမှခွင့်ပြုချက်ရယူရမည်။
၁၁။ ရေးသားပြောဆိုမှုတစ်ရပ် အပေါ်သုတေသနပြုလေ့လာရာ၌ ယင်းအရာ၏ အရေးပါ သည့်သတင်းအချက်အလက်ကို ချုပ်ထိန်းရန် (မဖော်ပြရန်) သို့မဟုတ် စစ်ထုတ်ဖယ်ရှားရန် မည်သို့သော ဆွဲဆောင်မှုမျိုးကိုမဆို ငြင်းပယ်ရမည်။
၁၂။ လုပ်ငန်းတာဝန်တစ်ရပ်မထမ်းဆောင်ခင် သို့မဟုတ် ထမ်းဆောင်နေစဉ်အခိုက် အကျိုး စီးပွားချင်းအမှန်တကယ် ရောယှက်နေမှု သို့မဟုတ် ရောယှက်နိုင်မှုကို အယ်ဒီတာဖြစ်သူထံ ပြတ်ပြတ်သားသားအသိပေးပြောဆိုပါမည်။
၁၃။ ပြင်ပပါဝင်ပတ်သက်နေမှုနှင့် အလေးတယူပြုရနိုင်သောကိစ္စရပ်အတွက်တာဝန်များ ဥပမာ တရားရုံး၌သက်သေ ထုတ်ပေးခြင်း၊ လူထုနှီးနှောဖလှယ်ပွဲများ သို့မဟုတ် ထိုသို့သောပွဲများသို့ (သဘာပတိအဖြစ်၊ ဟောပြောသူအဖြစ်၊ ပါဝင် ဆွေးနွေးသူအဖြစ် မည်သို့ပင်ဖြစ်စေ) တက်ရောက်ခြင်း၊ ရေးသားရမည့်/သုတေသနပြုရမည့်တာဝန်များနှင့် ဝိရောဓိ ဖြစ်နိုင်မည့် အလုပ်အကိုင်၊ နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် လူမှုအကြောင်း တရား/လှုပ်ရှားမှုတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် လူထုအသင်းအဖွဲ့ဖြစ်ခြင်း၊ တာဝန်တစ်ရပ်၏နယ်ပယ်အတွင်း မိသားစုဆက်ဆံရေး သို့မဟုတ် အခြား လူပုဂ္ဂိုလ်ချင်းဆက်ဆံရေး သို့မဟုတ် ငွေရေးကြေးရေးအဆက်အစပ်ရှိမှုတို့ကို အယ်ဒီတာဖြစ်သူထံအသိပေးရမည်။ သတ်မှတ်ချက် နှင့် မကိုက်ညီသော မည်သည့်အချက်မျှမရှိသော်ငြား ဖွင့်ဟအသိမပေးခြင်းသည် ကာကွယ် ပြောဆို၍မရနိုင်ပါ။