စာပေကဝိကိုထိသည့်ကျည် နှင့်  စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု

ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ် PDF များလက်ချက်ဖြစ်ကြောင်း ဝေဝေဆာဆာလိမ်လည်ခဲ့ကြသည်။ အဆိုပါ အကောင့်များတွင် အမျိုးဘာသာသာသနာစောင့်ရှောက်သူများဟု မိမိကိုယ်ကိုယ် တံဆိပ်ကပ်ထားသည့် အစွန်းရောက်အမျိုးသား ရေးသမားများ၊ ဘုန်းကြီးများလည်း ပါဝင်သည်။ စစ်ကောင်စီနှင့် အပေါင်းအပါများသည် မုသားမှိုင်းဖြင့် ၎င်းတို့၏ ရာဇဝတ်မှုကိုဖုံးကွယ်ရန် ကြိုးစားနေခဲ့သော်လည်း ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဆရာတော်နှင့်အတူရှိနေခဲ့ပြီး အသက်ဘေးကလွတ်ခဲ့သည့် မျက်မြင်သက်သေဆရာတော် ထုတ်ဖော်ပြောဆိုသော ရုပ်သံထွက်ပေါ်လာသည့် နောက်တွင် စစ်ကောင်စီလက်ချက်မဟုတ်ကြောင်း ငြင်းဆိုမှုကွဲလွဲချက်များ ပိုကြီးလာခဲ့သည်။

စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြား၏ ဖော်ပြချက် 

မြဝတီရုပ်မြင်သံကြား(MWD) က ထုတ်ပြန်သော ၄မိနစ်ကျော်ကြာမြင့်သည့် ရုပ်သံကြေညာမှုတွင် ဆရာတော် စီးနင်းလိုက်ပါခဲ့သည့်ကားမောင်းနှင်သူ က PDFများ ပစ်ခတ်ခြင်းဟု ထွက်ဆိုသည့် ပြောကြားမှုပါရှိသည်။ စစ်တပ်သည် ဆရာတော်အား ပြင်ပတံတားဦးဆေးရုံတွင် တင်ထားရာမှ နန်းမြို့စစ်တပ်ဆေးရုံအတွင်းသို့ ပြောင်းရွေ့ခဲ့ပြီးသည့်နောက်မှ ယာဉ်မောင်းထံမှ ထွက်ချက်ယူခဲ့ပြီး ရုပ်သံရိုက်ကူးခဲ့ခြင်းကို သတိမူမိပါသည်။ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားနှင့် ပြန်ကြားရေးဝန်ကြီးဌာနများမှ တဆင့် မျက်မြင်သက်သေ (ယာဉ်မောင်းထွက်ဆိုချက်)နှင့် စစ်တပ်က ဆေးကုသပေးနေမှု၊ ပစ်ခတ်ခံရမှု အခြေအနေများကို မြေပုံဇယာများနှင့် တကွ ဖြန့်ချိသည့် ပုံစံဖြင့်အသုံးပြုခဲ့သည်။ 

ပုံစာ (၁.၁၊ ၁.၂) – မြဝတီရုပ်မြင်သံကြားနှင့် ပြန်ကြားရေး ဝန်ကြီးဌာနက ဝင်းနိမ္မိတာရုံကျောင်းဆရာတော်အား PDFများ ပစ်ခတ်သည်ဟု မျက်မြင်သက်သေ၊ Google Mapပုံဖော်မှုများဖြင့် သတင်းတင်ဆက်ခြင်း

လွတ်လပ်သော သတင်းဌာနများ၏ ကနဦးသတင်းဖော်ပြချက်များနှင့် ညပိုင်း စစ်ကောင်စီသတင်းထုတ်ပြန်မှုတွင် ပစ်ခတ်ခံရသည့် နေရာကွဲလွဲမှု၊ ဖြစ်စဉ်ပုံစံ ကွဲလွဲမှုများရှိခဲ့သည့် အပြင် ဆရာတော်၏ ရုပ်ကလာပ်မှ ကျည်ဆံကို စိစစ်နိုင်မှု အခြေအနေသည် စစ်တပ်လက်အောက်သာ ရှိခဲ့သည်။ ဆရာတော်ပါလာသည့် ကားသည် လေဆိပ်အနီး စစ်ကောင်စီ လက်အောက်ခံ ရဲကင်းမှတားရာတွင် မမြင်ဘဲ ဖြတ်မောင်းခြင်းကြောင့် ပစ်ခတ်ရာ ဝင်းနိမ္မိတာဆရာတော် သည် နေရာတွင်ပင် ပွဲချင်းပြီး ပျံလွန်တော် မူခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ မန္တလေးသံဃာအသိုင်းအဝိုင်း၊ ဆရာတော်၏ ဒကာများ၏ အတည်ပြုမှုဖြင့် သတင်းဖော်ပြထားခြင်းဖြစ်သည်။

ဝါဒဖြန့်ဆိုရှယ်မီဒီယာအကောင့်များ၏ ဖြန့်ဝေမှု

 PDF များလက်ချက်ဖြစ်ကြောင်း ဝေဝေဆာဆာလိမ်လည်ခဲ့သည့် စစ်ကောင်စီအားပေး ဝါဒဖြန့်ချိသူများ၏ ဖြန့်ဝေမှုများတွင်ပင် ကွဲလွဲချက်များရှိခဲ့သည်။ ဆရာတော်အသတ်ခံရသည့် ဖြစ်စဉ်အပြီးမှာပင် PDF များ လုပ်ရပ်ဖြစ်ကြောင်း လုပ်ကြံဖန်တီးထားသော အကြောင်းအရာများ၊ တရားခံရှာပြီး အပြစ်ပုံချသည့် အကြောင်းအရာများ၊ ဘာသာရေးအခြေပြုအမုန်းပွားအပြစ်တင်စေမည့် အကြောင်းအရာများကို စစ်ကောင်စီအားပေး Telegram Channel များက တစ်စိုက်မတ်မတ်ဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြမှုများကို လေ့လာကြည့်ရာ

    • သာသနာ့နွယ်ဝင် ရဟန်းသံဃာများ(သို့) သင်္ဃန်းအရေခြုံထားသူများကို အသုံးပြု၍ အင်တာဗျူး၊ ဆွေးနွေးသည့် ပုံစံများဖြင့် ဖြန့်ချိခြင်း၊
    • ခိုင်မာသောအထောက်အထားဟု ထင်ရစေရန် မျက်မြင်သက်သေ ၊ စာရင်း၊ ဇယား၊ ကိန်း၊ဂဏန်း အချက်အလက်များကို စုစည်းဖော်ပြသည့် ပုံစံဖြင့် ဖြန့်ချိခြင်း
    • အဖွဲ့အစည်းများက PDFများ၏ လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်များဖြင့် ဖြန့်ချိသည့် ပုံစံအသုံးပြုခြင်း
    • ကာတွန်းရုပ်ပုံများ၊ Screenshotများ၊ မြင်ကွင်းဓာတ်ပုံများ၊ ရုပ်သံဖိုင်များကို အသုံးပြု၍ ဖြန့်ချိသည့် ပုံစံသုံးခြင်း
    • သတင်းဌာနက ဖော်ပြသည့် ထုတ်ပြန်ချက်သည် ပုံစံမှားယွင်းသည့် စာအထားအသိုကြောင့် အတုဖြစ်ကြောင်း၊ ရက်စွဲမှားကြောင်း၊ ယခင်က PDFများက ခရီးမသွားရန် ထုတ်ပြန်ခဲ့သည့် စာများဖြင့် တွဲဖက်ဖြန့်ချိသည့် ပုံစံများ အသုံးပြုခဲ့ခြင်း။
    • သတင်းသမားအရေခြုံကာ သတင်းမီဒီယာပုံစံတည်ထောင်ထား သူများက သတင်းသုံးသပ်ချက်၊ တွေ့ရှိချက်များပုံစံအသုံးပြု ဖြန့်ချိခြင်း စသည့် ဝါဒဖြန့်ချိမှုပုံစံ ၆ ခုကိုလေ့လာတွေ့ရှိရသည်။

သတင်းသမားအရေခြုံကာ သတင်းမီဒီယာပုံစံတည်ထောင်ထား သူများက သတင်းသုံးသပ်ချက်၊ တွေ့ရှိချက်များပုံစံအသုံးပြု ဖြန့်ချိခြင်း စသည့် ဝါဒဖြန့်ချိမှုပုံစံ ၆ ခုကိုလေ့လာတွေ့ရှိရသည်။

၁. အင်တာဗျူး၊ ဆွေးနွေးသည့် ပုံစံများဖြင့် ဖြန့်ချိခြင်း

ပုံစာ (၁.၃၊ ၁.၄) – သံဃာတော်များကို ဆက်သွယ်မေးမြန်း၊ သုံးသပ်ပြောဆိုသည့် တင်ဆက်မှုပုံစံဖြင့် ဖြန့်ချိမှု

၂။ စာရင်း၊ ဇယား၊ ကိန်း၊ဂဏန်း ဒေတာများကို စုစည်းဖော်ပြသည့် ပုံစံဖြင့် ဖြန့်ချိခြင်း

ပုံစာ- (၁.၅၊၁.၆) – မျက်မြင်သက်သေ၊ ကိန်းဂဏန်းအချက်အလက် ဇယားများဖြင့် ဖြန့်ချိသည့် ပုံစံများ

၃။ အဖွဲ့အစည်းများက ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်များ

ပုံစာ (၁.၇၊ ၁.၈) – သံဃာ့ကွန်ယက်များ၊ အမျိုးဘာသာစောင့်ရှောက်သည့် အဖွဲ့အစည်းများက PDFလုပ်ရပ်ကို ရှုံ့ချကြောင်း ထုတ်ပြန်ချက်များ

၄။ ကာတွန်းရုပ်ပုံများ၊ Screenshotများ၊ မြင်ကွင်းဓာတ်ပုံများ၊ ရုပ်သံဖိုင်များ

ပုံစာ- (၁.၉၊ ၁.၁၀) ကာတွန်းရုပ်ပုံများ၊ သံဃာများ အမှန်တကယ်တင်ခဲ့သည့် ရုပ်သံ၊ ဓာတ်ပုံများကို သုံး၍ ဝါဒဖြန့်လိုသည့် စာကြောင်းများ ဖြည့်သွင်း၍ ဖြန့်ချိသည့် ပုံစံ

၅။ သတင်းဌာနက ဖော်ပြသည့် ထုတ်ပြန်ချက် အတုဖြစ်သည်ဟုတုန့်ပြန်မှု

ပုံစာ (၁.၁၁၊ ၁.၁၂) – ပြည်သူယုံကြည်သည့် သတင်းဌာနများက သတင်းမှားများ တင်သကဲ့သို့ ပုံဖျက် ဖြန့်ချိသည့် ပုံစံ

၆။ သတင်းသမားအရေခြုံကာ သတင်းမီဒီယာပုံစံတည်ထောင်ထားသူများက သုံးသပ်ချက်၊ တွေ့ရှိချက်များတင်ပြသည့်သဖွယ် ဖြန့်ချိခြင်း။

ရုပ်သံများထဲတွင် ရဟန်းသံဃာများအားသတ်ဖြတ်မှုများကို PDFများသာကျူးလွန်လေ့ရှိကြောင်း၊ စစ်တပ်သည် သံဃာတော်ကို လုပ်ကြံသတ်ဖြတ်သည့် သမိုင်းမရှိခဲ့ကြောင်း၊ အခင်းဖြစ်ရာအနီးအနားရှိ ရွာများသည် PDFများ စိုးမိုးထားပြီး စစ်တပ်က တစ်ခါတစ်ရံမှသာ လုံခြုံရေးကင်းလှည့်သည့် ရွာများဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေး အားပေးမီဒီယာများက တချိန်တည်း၊ တပြိုင်နက်တည်း စစ်တပ်ကျူးလွန်းကြောင်း ပြစ်တင်ပုံချမှုသည် PDFလုပ်ကြောင်း ပို၍သေချာစေသည်ဟူသည့် ဇာတ်ကြောင်းများကို ပုံဖော် ဆွေးနွေးခဲ့ကြပါသည်။

ပုံစာ (၁.၁၃၊ ၁.၁၄) – သတင်းမီဒီယာသမားများက သုံးသည့်သည့် သတင်းသုံးသပ်ချက်ပုံစံဖြင့် ဖြန့်ချိမှုပုံစံ

စစ်ကောင်စီလက်ချက်မဟုတ်ကြောင်း ငြင်းဆိုမှုကွဲလွဲချက်များ

စစ်တပ်လက်အောက်ခံ မီဒီယာနှင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဆရာတော် ပျံလွန်တော်မူခြင်းကို ဇာတ်ကြောင်းအမျိုးမျိုးဖြင့် တင်ဆက်နေကြသည်ကို တွေ့ရှိရသည်။ မြဝတီရုပ်မြင်သံကြား(MWD)မှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည့် ဆရာတော်၏ ယာဉ်မောင်းဆိုသူထွက်ဆိုမှုတွင် PDFများက ကျည် ၇ ချက်ပစ်ခတ်ခြင်း ကြောင့် သေဆုံးခြင်းဟု ပြောဆိုခဲ့သော်လည်း ကျော်စွာချန်နယ်က ၈ချက်ပစ်ခတ်ခံရကာ သေဆုံးခြင်းဟု ကွဲလွဲစွာ ဖော်ပြခဲ့သည်။ ထို့ပြင် ပစ်ခတ်မှုဖြစ်နေချိန်တွင် ယာဉ်မောင်းနေသည့် ကားသမားက ကျည်ဆံအချက် အရေအတွက်ကို အတိအကျထွက်ဆိုခြင်း၊ စစ်ဆေးရုံတွင် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် PDFများ ပစ်ခတ်သည်ဟု အတိအကျထွက်ဆိုမှုများသည် သံသယဖြစ်ဖွယ်ကောင်းသည်ကို မမေ့သင့်ပေ။

ပေါက်ကြားလာသည့် အစီရင်ခံစာ

ဆရာတော် ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ခေတ်သစ်သတင်းဌာနကရရှိခဲ့သည့် ပေါက်ကြားအစီအရင်ခံစာတွင် ဆရာတော်ပါသည့်ကားအား စစ်တပ်၏ လုံခြုံရေးကင်းလှည့်သူများက မှန်မချဘဲ မောင်းနှင်မှုကြောင့် ပစ်ခတ်ခဲ့ကြောင်း ကနဦး တင်ပြထားသည့် အချက် ပါဝင်သည်။ အဆိုပါ အစီရင်ခံစာ သည် မန္တလေးတိုင်း ဒေသကြီး သာသနာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ကျော်လှိုင်က နေပြည်တော်ရှိ သာသနာရေးဦးစီးဌာနသို့ ထူးခြားဖြစ်စဉ်အထူးအစီရင်ခံစာအဖြစ် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာသည် သတင်းဌာနက လုပ်ကြံဖန်တီးထားသည့် အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်အချို့က တုန့်ပြန်ခဲ့သည်။

မျက်မြင်သက်သေ ဆရာတော်၏ ရုပ်သံမထွက်ပေါ်ခင် ပြည်သူများ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များအောက်တွင် မှတ်ချက်ပြုမှုများ

ပုံစာ (၁.၁၅၊ ၁.၁၆) – ပြည်သူများက စစ်ကောင်စီထုတ်ပြန်သည့် လူသက်သေ ကားမောင်းသမား၏ ပြောဆိုချက်ကို သံသယဖြစ်ကြောင်း မှတ်ချက်ပြုမှုဖြင့်၊ သတင်းဌာနက မှားယွင်းဖော်ပြမှုဟု ပုံဖျက်မှုကို ပြန်လည် တုံ့ပြန်မှုများ
ပုံစာ (၁.၁၇၊ ၁.၁၈)- စစ်တပ်လော်ဘီအကြီးစားကျော်စွာ၏ ပြောဆိုမှုအား ပြည်သူအချို့က Screenshot ရိုက်ထားပြီး ပြန်လည်တုံ့ပြန်ပြောဆိုမှုများ

ဖြစ်စဉ်တလျှောက်လုံးအတူရှိခဲ့သည့် မျက်မြင်သက်သေဆရာတော်မှ သံဃာထုအား ထုတ်ဖော်ပြောဆိုသည့် ရုပ်သံထွက်ပေါ်လာခြင်း

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ပန်းချီကမ္မရွာအနီး စစ်တပ်၏ ပစ်ခတ်မှုကိုခံရခြင်းကြောင့် ပျံလွန်တော်မူခဲ့ကြောင်း  ပစ်ခတ်မှုနေရာတွင် မျက်မြင်ရှိခဲ့သည့် ကန်သုံးဆင့် ဆရာတော်ကြီး က ဇွန် ၂၀ ရက်တွင် ထုတ်ဖော်မိန့်ခဲ့သည်။ စစ်ကောင်စီထိန်းချုပ် ရုပ်သံမီဒီယာများက ဇွန် ၁၉ ရက် ညပိုင်းသတင်းတွင် ဆရာတော်ကြီး နှစ်ပါးသည် PDF အဖွဲ့၏ ပစ်ခတ်မူကို ခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆရာတော် ၂ ပါး ပစ်ခတ်ခံရပြီး ၁ ပါး ပျံလွန်တော်မူခဲ့သည့် ဖြစ်စဥ်တွင်  စစ်တပ်ပစ်ခတ်မှုဟု ကန်သုံးဆင့်ဆရာတော်ကြီးက ထုတ်ဖော်ပြောကြားပြီးသည့်နောက် ဇွန် ၂၁ ရက်နေ့လယ်အချိန်တွင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ ပေးပို့လာသည့် အချက်များကို အခြေခံသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဖော်ထုတ်လျက်ရှိကြောင်း စစ်တပ်က သတင်းထုတ်ပြန်လာပါသည်။

The Red Flag ၏ တွေ့ရှိချက်အရ စစ်တပ်သည် မျက်မြင်သက်သေဆရာတော် ဖွင့်ဟပြောဆိုသည့် ရုပ်သံမထွက်ပေါ်ခင်ကတည်းက စစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်မှန် အကြောင်းချင်းရာကို သိရှိပြီးဖြစ်သည်။ သို့သော် ရုပ်သံမထွက်ပေါ်ခင် (၂၄)နာရီအတွင်း သတင်းတု၊ သတင်းမှားဖြန့်ချိသည့် ပုံစံ၊ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ဖုံးဖိခဲ့သည်မှာ ထင်ရှားကြောင်း အထက်တွင် ဖော်ပြခဲ့သည့် Screenshotများက သက်သေခံပါသည်။ ၎င်းတို့ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်တစ်ခုကို ဖုံးကွယ်ရန်အတွက် မျက်မြင်သက်သေ၊ နည်းပညာသက်သေ၊ သံဃာသက်သေ၊ သတင်းထုတ်ပြန်ချက် သက်သေ စသည်များကို စစ်တပ်ပိုင် မီဒီယာများ၊ ဝန်ကြီးဌာနများ၊ သတင်းထုတ်ပြန်ရေးများနှင့် ဝါဒဖြန့်ချန်နယ်များက စနစ်တကျ၊ အချိန်ကိုက် ဖြန့်ချိ၊ အတူတကွ လုပ်ဆောင်ခြင်းကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ 

ယခုဖြစ်စဉ်မှန်ပြန်လည်စိစစ်ပါမည်ဟု ထုတ်ပြန်ချက်အသစ်တွင်လည်း အောက်ခြေ လုံခြုံရေးအဖွဲ့ အဆင့်ဆင့်၏ သတင်းပေးပို့မှုလွဲချော်သကဲ့သို့ ထုတ်ပြန်ထားပါသည်။ 

ထွက်ပေါ်လာသည့် ဆရာတော်၏ ပြောကြားမှုတွင် မန္တလေးတိုင်း၊ တိုင်းမှူးက တွေ့ဆုံးမေးမြန်းရန် ခေါ်သည့်အတွက် နန်းတွင်းဆေးရုံသို့ လိုက်ပါသွားရပြီးသည့်နောက် အကြိမ်များစွာ စစ်ဆေးခြင်း ခံရကြောင်း ပါရှိသည်။ အကြိမ်တိုင်းတွင်လည်း တူညီသည့် ထွက်ဆိုမှုကိုသာ ပေးခဲ့သည်ဟု ဆရာတော်က မိန့်ကြားထားပါသည်။ ထို့ကြောင့် အောက်ခြေလုံခြုံရေးများ၏ သတင်းပို့မှု လွဲမှားခြင်းဟု ထုတ်ပြန်မှုသည်လည်း လိမ်လည်ဖုံးကွယ်မှု၊ ကွဲလွဲမှု ရှိနေသေးကြောင်း သတိမူသင့်ပါသည်။

ဆရာတော်၏မိန့်ကြားချက်ရုပ်သံ ထွက်ပေါ်ပြီးသည့်နောက် စစ်ကောင်စီဝါဒဖြန့်ချန်နယ်အချို့၏ ပြောင်းလဲဖြန့်ချိမှုပုံစံများ

စစ်ကောင်စီဝါဒဖြန့်ချန်နယ်အချို့တွင် ဆရာတော်၏ ထုတ်ဖော်ပြောဆိုမှု ရုပ်သံ ပြည်သူ့အရှေ့ကို ထွက်ပေါ်လာပြီးသည့်နောက် လေသံပြောင်းလဲ ဖြန့်ချိမှုအချို့ရှိခဲ့သည်။ အချို့မှာ ယခုအချိန်တွင် ပြန်လည် ဖြုတ်ချသွားပြီး ဖြစ်သော်လည်း The Red Fl‌ag အနေဖြင့် အချိန်မီ Archiveလုပ် သိမ်းဆည်းနိုင်ခဲ့ပြီး အချို့ကို ရုပ်သံဖိုင် မထွက်ပေါ်မီနှင့် ထွက်ပေါ်ပြီး အခြေအနေနှစ်ခုကို နှိုင်းယှဉ်၍ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ သို့ရာတွင် နာမည်ကြီးစစ်တပ်လော်ဘီChannelများကမူ ပြောင်းလဲဖြန့်ချိသည့် ပုံစံသို့ မသွားဘဲ PDFများ က သံဃာများကို သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားသည့် ဖြစ်ရပ် ဟောင်းများစွာကို ပြန်လည်ဖြန့်ချိနေပြီး၊ ပျံ့နှံ့နေသည့် ရုပ်သံဖိုင်သည် နည်းပညာဖြင့် ပြုပြင်ဖန်တီးခြင်းဖြစ်သည်ဟု ဘူးခံ၍ဖြန့်ချိဆဲ ဖြစ်ပါသည်။ 

ပုံစာ (၁.၁၉၊၁.၂၀) – Aung Moe Kyawချန်နယ်၏ ရုပ်သံဖိုင် မထွက်ပေါ်မီနှင့် ထွက်ပေါ်ပြီး ဖြန့်ချိသည့် ပုံစံ
ပုံစာ (၁.၂၁၊၁.၂၂) – Ma Putu(မဟာသွေး) ၏ ရုပ်သံဖိုင် မထွက်ပေါ်မီနှင့် ထွက်ပေါ်ပြီး ဖြန့်ချိသည့် ပုံစံ
ပုံစာ (၁.၂၃၊၁.၂၄) – ဘညွန့် ချန်နယ်၏ ရုပ်သံဖိုင် မထွက်ပေါ်မီနှင့် ထွက်ပေါ်ပြီး ဖြန့်ချိသည့် ပုံစံ
ပုံစာ (၁.၂၅၊၁.၂၆) – ဟန်ငြိမ်းဦးချန်နယ်၏ ရုပ်သံဖိုင် မထွက်ပေါ်မီနှင့် ထွက်ပေါ်ပြီး ဖြန့်ချိသည့် ပုံစံ

သံဃာတော်များအား စစ်တပ်က သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်သာဓကများ

စစ်တပ်သည် အာဏာသိမ်းစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ ပြည်သူများအပေါ် အကြမ်းဖက် နှိမ်နင်း၊ သတ်ဖြတ်ခဲ့ရုံသာမက သာသနာ့နွယ်ဝင် သံဃာများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်သာဓကများစွာရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူသိများထင်ရှားသော ဖြစ်စဉ်နှစ်ခုကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

ဖြစ်စဉ်(၁)သီတဂူနာယကဆရာတော်တစ်ပါးအား စစ်တပ်က စစ်ကိုင်းတွင် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်

ဖြစ်စဉ်(၂)–  မန္တလေး၊ ပြည်ကြီးတံခွန်ဆရာတော်ဟု လူသိများသူ၊  စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့်  သံဃာသပိတ်စစ်ကြောင်းများတွင် ဦးဆောင်ပါဝင်သူ ဦးအဂ္ဂဝံသကို စစ်တပ်ကဖမ်းဆီးပြီး သတ်ဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စစ်တပ်က ငြင်းဆိုခဲ့သည်။ သို့သော် ဆရာတော်မှာ ယခုတိုင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါသည်။ 

ပြည်တွင်း စစ်ရေးပဋိပက္ခများတွင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မည်သည့် ပစ်ခတ်၊ တိုက်ခိုက်မှုမျိုး ကိုမဆို စစ်တပ်က ဝန်ခံခြင်းမရှိပေ။ အာဏာသိမ်းမှုဖြစ်စဉ်အစောပိုင်း ကာလများတွင်လည်း နေပြည်တော်က မမြသွဲ့သွဲ့ခိုင်နှင့် မန္တလေးက မကြယ်စင်တို့ ဦးခေါင်းကို အပစ်ခံရသည့်  ကျည်ဆန်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကျည်ဆန်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုခဲ့သေးသည်။

အကြောင်းအရာစုစည်းချက်

စဉ် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ် အမည် မူရင်းလင့်  Archive လင့်
၁။ MWD News https://t.me/mwdmmnews/19653 https://archive.ph/99T9f
၂။  MOI https://t.me/iprdrnd/119185 https://archive.ph/XVtkN
၃။  MOI https://t.me/iprdrnd/119187 https://archive.ph/RXGCn
၄။  Myanmar National Post https://t.me/MyanmarNationalPost/152739 https://archive.ph/epjWx
၅။  Myanmar National Post https://t.me/MyanmarNationalPost/152742 https://archive.ph/BXkkv
၆။ Myanmar National Post https://t.me/MyanmarNationalPost/152752 https://archive.ph/riV0E
၇။ Myanmar National Post https://t.me/MyanmarNationalPost/152755 https://archive.ph/FUcam
၈။ Myanmar National Post https://t.me/MyanmarNationalPost/152756 https://archive.ph/TsNjn
၉။  Myanmar National Post  https://t.me/MyanmarNationalPost/152761 https://archive.ph/tWbey
၁၀။  Myanmar National Post https://t.me/MyanmarNationalPost/152766 https://archive.ph/biKPH
၁၁။  Myanmar National Post https://t.me/MyanmarNationalPost/152784 https://archive.ph/8UHJX
၁၂။  Myanmar National Post https://t.me/MyanmarNationalPost/152801 https://archive.ph/t4E2b
၁၃။ Kyaw Swar https://t.me/kyawswar49111/11813?single https://archive.ph/ezdFp
၁၄။  Kyaw Swar https://t.me/kyawswar49111/11826 https://archive.ph/zRELg
၁၅။ Kyaw Swar https://t.me/kyawswar49111/11828 https://archive.ph/yQpFO
၁၆။  Kyaw Swar https://t.me/kyawswar49111/11848 https://archive.ph/GXVyr
၁၇။  Myanmar Hard Talk https://t.me/myanmarhardtalk/49790 https://archive.ph/nWtFW
၁၈။  Myanmar Hard Talk https://t.me/myanmarhardtalk/49789 https://archive.ph/VCm6u
၁၉။  Myanmar Hard Talk https://t.me/myanmarhardtalk/49801 https://archive.ph/Aiaxx
၂၀။  Myanmar Hard Talk https://t.me/myanmarhardtalk/49813 https://archive.ph/lXRY5
၂၁။  Ko Thet https://t.me/kothetjournalist9999/67336 https://archive.ph/j01Lk
၂၂။  Ko Thet https://t.me/kothetjournalist9999/67337 https://archive.ph/toYRz
၂၃။  Ko Thet https://t.me/kothetjournalist9999/67342 https://archive.ph/tQbJy
၂၄။  Aung Moe Kyaw https://t.me/aungnews/7468 https://archive.ph/1OOes
၂၅။  Aung Moe Kyaw https://t.me/aungnews/7471 https://archive.ph/Bz1Go
၂၆။ Aung Moe Kyaw  https://t.me/aungnews/7476 https://archive.ph/fvTa6
၂၇။ ဟန်ငြိမ်းဦး https://t.me/Hno969888/4810 https://archive.ph/lao6y
၂၈။ ဟန်ငြိမ်းဦး https://t.me/Hno969888/4820 https://archive.ph/bUVNW
၂၉။ ဟန်ငြိမ်းဦး https://t.me/Hno969888/4824 https://archive.ph/OpQtV
၃၀ ဟန်ငြိမ်းဦး https://t.me/Hno969888/4837 https://archive.ph/UTgWY
၃၁။  မှိုင်းဝေ https://t.me/hminewai/54707 https://archive.ph/liGJq
၃၂။  မှိုင်းဝေ https://t.me/hminewai/54720 https://archive.ph/e2dKj
၃၃။ မှိုင်းဝေ https://t.me/hminewai/54736 https://archive.ph/YCBat
၃၄။ ဘညွန့်  https://t.me/BABANYUNT6/12301 https://archive.ph/oAQSB
၃၅။ ဘညွန့် https://t.me/BABANYUNT6/12319 https://archive.ph/ZyYBX
၃၆။ Ma Putu (မဟာသွေး) https://t.me/moez497587/616 https://archive.ph/Zu0Ur
၃၇။  Ma Putu (မဟာသွေး) https://t.me/moez497587/619 https://archive.ph/tPuDQ
၃၈။ NP- News-Myanmar https://t.me/NPNewsMyanmar/35258 https://archive.ph/wip/iURyg
၃၉။   ပေါက်ဆရာတော် https://t.me/PaukSayartaw/470 https://archive.ph/niiD2
၄၀။  NP News- Myanmar https://t.me/NPNewsMyanmar/35258 https://archive.ph/iURyg
၄၁။ Kyaw Swar https://www.tiktok.com/@kyaw.swar0428/video/7382235137615908113  https://archive.ph/wip/quUJw 
၄၂။ Kyaw Swar  https://www.tiktok.com/@kyaw.swar0428/photo/7382479976265747713   
၄၃။ ကပ္ပတိန် မှိုင်းဝေ https://www.tiktok.com/@hminewai7667/photo/7382175492289465617   
၄၄။ ကပ္ပတိန် မှိုင်းဝေ https://www.tiktok.com/@hminewai7667/photo/7382424311908420881   
၄၅။  Naung Taw Lay  https://www.tiktok.com/@naungtawlay75/video/7382255051739319568   
၄၆။ Naung Taw Lay  https://www.tiktok.com/@naungtawlay75/video/7382255192332438800   
၄၇။ Aung Moe Kyaw  https://www.youtube.com/watch?v=tuvyhcfl5Cg   
၄၈။ We Love Ma Pu tu  https://www.youtube.com/watch?v=Y-gkvymCv3k   
၄၉။
Ma Putu
https://www.tiktok.com/@ma.putu969/video/7382580358212062481