ကပ်ဘေးအကြား စစ်ကောင်စီ၏ အမြတ်ထုတ် သွေးခွဲမှု
နိဒါန်း
“အကာအကွယ်ပေးသူ၊ ကယ်တင်ရှင် သဏ္ဍာန်ဆောင်ပြီး အုပ်စိုးသူတွေက အာဏာ စက်ဝန်းချဲ့ ဖို့ ကပ်ဘေးတွေကို အသုံးချလေ့ရှိတယ်”
Dave-Inder Comar
Human Rights Pulse
အာဏာရှင်မဟုတ်သော ပုံမှန်အစိုးရများသည်ပင် ကပ်ဘေးအာဏာရှင်ဟု ခေါ်ထွင်နိုင်သည် အထိ ကပ်ဘေးအာဏာစက်ဝန်းကို ကပ်ဘေးအကြား ရနိုင်သမျှ များများနှင့် ခိုင်ခိုင်ချဲ့ထွင် ထားတတ်ကြသည်။ အာဏာရှင်လက်အောက်က မြန်မာနိုင်ငံတွင်တော့ သာ၍ ဆိုးပါသည်။
မြန်မာပြည်သူများ၏ နေ့စဉ်ဘဝတွင် အာဏာသိမ်းစစ်ကောင်စီက အရပ်သားများအား အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်မှုများ၊ ပြည်သူများရှိရာနေရာများကို သိမ်းကြုံး ဗုံးကြဲခြင်း များကြောင့် သန်းပေါင်းများစွာသော ပြည်သူများက အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လူမှုစီးပွား၊ အခက်အခဲများစွာကို စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယနေ့တိုင် ရင်ဆိုင်နေရသည်။ တစ်ပူပေါ်တစ်ပူဆင့် ဆိုသကဲ့သို့ ယခုနှစ် မိုးလယ်ကာလ ဇူလိုင်လမှ မိုးနှောင်းကာလ စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံကို ဦးတည်ဝင်ရောက်ခဲ့သည့် အင်အားပြင်း ရာဂိတိုင်ဖွန်းမုန်တိုင်း၏ အဖျားခတ်မှုကြောင့် မြန်မာနိုင်ငံတွင် မိုးသည်းထန် စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံ၊ မြေပြို၊ နစ်မြုပ်ခဲ့သည့် သဘာဝဘေးဒဏ်ကို ဆိုးရွားစွာ တွေ့ကြုံ၊ ခံစားခဲ့ရပါသည်။
အာဏာသိမ်းစစ်ကောင်စီ၏ သဘာဝဘေးစီမံခန့်ခွဲမှုအောက်ရှိ မြန်မာနိုင်ငံသည် မုန်တိုင်း ဒဏ်အပြည့်ခံခဲ့ရသည့် ဗီယက်နမ်နိုင်ငံထက်ပင် လူအသေအပျောက် များခဲ့ကြောင်း တွေ့ရှိခဲ့ ရသည်။ ထို့ကြောင့် ယခုကာလသည် မြန်မာပြည်သူများအနေဖြင့် သဘာဝဘေးနှင့်စစ်ဘေး နှစ်ထပ်ကွမ်းဒဏ်ကို အလူးအလဲခံနေရချိန်ဖြစ်ပါသည်။
တိုင်းနှင့်ပြည်နယ် ၉ ခုတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ သေဆုံးသူ ၄၃၃ ဦးအထိရှိခဲ့ပြီး လူဦးရေ ၅ ဒသမ ၆ သန်း ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရသည်။ တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ တွင် ၃၁၄ မြို့နယ်က မြေဧက ၁၀ သန်းကျော်ကို ရေလွှမ်းမိုးခဲ့ခြင်း ဖြစ်သည်။ လူဦးရေအများ ဆုံး ရေဘေးသင့်ခဲ့သည့်နေရာမှာ ဧရာဝတီတိုင်းဖြစ်ပြီး၊ ပဲခူးတိုင်းက ဒုတိယအများဆုံးနှင့် စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းက တတိယအများဆုံး ရေဘေးသင့်ခဲ့ကြောင်း သုသေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အောက်တိုဘာ ၁၅ ရက်တွင် အချက်အလက်များဖြင့် ဖော်ပြခဲ့ပါသည်။
သို့သော် အချို့ဒေသများတွင် မြေပြိုမှုကြောင့် ရွာလုံးကျွတ် ပျောက်ကွယ်သွားသောကြောင့် ထိုအရေအတွက်သည် အလွယ်တကူမြင့်တက်သွားနိုင်ချေရှိသည်။ ထိုရေလွှမ်းမိုးမှုများသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်းတွင် နိုင်ငံကို ထိခိုက်စေသည့် ဖျက်အားအပြင်းဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ပါသည်။
သို့သော် နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း တစ်ခုတည်းတွင်သာ ဖြစ်ပွားပြီး ယခုအခါ ဒေသ အများအပြားကို ထိခိုက်စေသောကြောင့် ပျက်စီးမှု အတိုင်းအတာသည် ပိုမိုဆိုးရွားနိုင်ပါ သည်။ ယခုနှစ်ရေကြီးနစ်မြုပ်မှုဘေးဒဏ်သည် စစ်ကောင်စီအခြေစိုက်သည့်ဌာနချုပ် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ နှစ်ပေါင်း ၈၀ ကျော် အတွင်း မကြုံစဖူး ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်များ ကိုယ် တိုင် ဝန်ခံခဲ့ရသည်။
မြန်မာတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့် သဘာဝဘေးကြောင့် စားနပ်ရိက္ခာရှားပါးသည့် ပြဿနာများ ဆက်လက်ကြုံတွေ့ရမည်ဟု ကုလသမဂ္ဂက သတိပေးထား ပြီး လက်ရှိမှာ လည်း ထူးခြားရာသီဥတု ဖြစ်စဉ်ကြောင့် မိုးနှောင်းကာလကုန်ခါနီးအထိ ရန်ကုန်မြို့တွင် မိုးကြီးရေကြီးပြဿနာကို ကြုံနေရဆဲဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ စစ်အာဏာရှင်များ၏ ပြုမှုဆောင်ရွက်နေကြသရုပ်သဏ္ဍာန်အတိုင်း ပြည်သူအများ ရေဘေးသင့်ခြင်းနှင့် စစ်ဘေးရှောင်နေရသည့် ဒုက္ခနှစ်ထပ်ကွမ်းအချိန်မှာပင် စစ်ကောင်စီအာဏာတည်မြဲရန် ရွေးကောက်ပွဲအကြောင်းပြ သန်းခေါင်စာရင်းကောက်ခံ ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သိမ်းပိုက်နယ်မြေများအား နေ့စဉ်ရက်ဆက်ဗုံးကြဲခြင်း၊ စစ်မှုထမ်းဥပဒေကို အသုံးချကာ စစ်တပ်လက်အောက်ခံများက နည်းမျိုးစုံဖြင့် စစ်သား စုဆောင်းခြင်း၊ ပြည်သူအချင်းချင်းလှူဒါန်းမှုနှင့် နိုင်ငံတကာအကူအညီများအား ကန့်သတ် ပိတ်ပင်ခြင်းများ ဆက်တိုက် ပြုလျက်ရှိနေသည်။
မြေပြင်တွင် ပြည်သူများက ကိုယ့်အားကိုယ်ကိုးသည့်စနစ်ဖြင့်သာ သဘာဝဘေး၊ စစ်ဘေးကို ရင်ဆိုင်နေရဆဲဖြစ်သော်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင်မူ စစ်တပ်သည်သာ “ကယ်တင်ရှင်” အဖြစ်ပုံဖော်ခြင်း၊ တော်လှန်ရေးအင်အားစုများကို ရေးဘေးတွင်မကူညီ နိုင်ရန် ဖျက်ဆီးနေသူများအဖြစ် သွတ်သွင်းခြင်းနှင့် ပြည်သူအချင်းချင်းအကြား သဘောထား ကွဲစေရန် ဝါဒဖြန့်ချိမှုပုံစံများစွာကို ရေးဘေးအကြောင်းပြ၍ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် The Red Flag အနေဖြင့် ဤဖြစ်ရပ်လေ့လာတွေ့ရှိချက်အဖြစ် မှတ်တမ်းတင် ဖော်ပြအပ်ပါ သည်။
၁။ ပြည်သူအချင်းချင်းသဘောထားကွဲလွဲမှုအပေါ် အသုံးချဝါဒဖြန့်ချိမှုများ ရေဘေးသင့်ကာလတွင် အလှူအတန်းပြုလုပ်မှုများနှင့်ပတ်သက်၍ တော်လှန်ရေး စာမျက်နှာ များကလည်း ရေဘေးအလှူအတွက် ကူညီတောင်းခံခြင်းများပြုလုပ်ခဲ့သည်။ သို့သော် ထိုသို့ အလှူငွေကောက်ခံမှုတွင် ပြည်သူအချို့က လှူရန်အခက်အခဲရှိသည့်အပေါ် Social Influencer အချို့က ဝေဖန်ပြောဆိုမှုနှင့် ရှင်းလင်းဖွင့်ဆိုမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် သဘောထားကွဲလွဲမှုများဖြစ်ပေါခဲ့သည်။
ရေဘေးလှူဒါန်းမှုနှင့် ထောက်ပို့လုပ်ငန်းစဥ် အပေါ်အငြင်းပွားခဲ့သည့် မှတ်ချက်ပြုမှုများ စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် တော်လှန်ရေးအကောင့်များ Page များကို လှူဒါန်းရန်အတွက် လုံခြုံရေးအရ အခက်အခဲရှိကြောင်း တုန့်ပြန်မှုများ ရှိခဲ့ သည်။ ထိုသို့အကြောက်တရား ကိန်းအောင်းစေရန်အတွက် စစ်ကောင်စီဘက် ယိမ်းသည့် Telegram Channel များက စောင့်ကြည့်ဖမ်းဆီးလှုံ့ဆော်မှုကမ်ပိန်း (Doxing Campaign) များကို စစ်အာဏာသိမ်းရန် ကြိုးပမ်းကြံစည်မှုနောက်ပိုင်းကတည်းက ပြုလုပ်ခဲ့သကဲ့သို့ အမှန်တစ်ကယ်ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့သည်။
၂။အနုပညာရှင်များ၏ပုံရိပ်ကိုအသုံးချမှု NLD ပါတီ ထောက်ခံခဲ့သည့် အနုပညာရှင်များနှင့် ခံဝန်ဖြင့်ပြန်လွတ်လာသည့် အနုပညာရှင် များ အနေဖြင့် ၂၀၂၄ ရေဘေးတွင် မလှူရသေးကြောင်း ပြည်သူများက ဝေဖန်နေသကဲ့သို့ ဖန်တီးသည်။ ထိုနောက် ဝေဖန်ခံရမှသာ ၎င်းအနုပညာရှင်များက အလှူအတန်းပြုလုပ် လာကြောင်းနှင့် တော်လှန်ရေးထောက်ခံသူများနှင့် အနုပညာရှင်၊ ပြည်သူအချင်းချင်းကြား တွင် သွေးခွဲဖြန့်ချိသည့် ပုံစံကို အသုံးပြုခဲ့သည်။
၃။ တော်လှန်ရေးအင်အားစုများက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းကို အနှောင့်အယှက် ပေးသည် ဟု ဖြန့်ဝေမှု
စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးစာမျက်နှာများတွင်မူ ၎င်းတို့သည်ရေဘေးကူညီရေးလုပ်ငန်း များလုပ်ဆောင်နေကြပြီး PDF များနှင့်လက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်သားများ ကို ချောင်းမြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ရေဘေးအလှူအတန်းလုပ်ငန်းစဉ်များ တွင် PDF များက ခြိမ်းခြောက်ပြီး ပစ္စည်းများကို လုယူခြင်း ဆက်ကြေးကောက်ခြင်းများ ပြုလုပ်ကြောင်းစသည်ဖြင့် လုပ်ကြံဖန်တီးဖြန့်ဝေခဲ့သည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ရေဘေးသင့်နေသည့် မိဘနှစ်ပါးအားလာရောက် ကယ်ဆယ်သည့် ဒေသခံလူငယ်ကို PDF များက ဖမ်းဆီးသတ်ဖြတ်ဟု ခေါင်းစဉ်တပ်ပြီး ကြည်လင်ပြတ်သားမှုမရှိသည့် ပုံအဟောင်းတစ်ပုံကို အသုံးပြုကာ ရေဘေးအလှူကို အကြောင်းပြု၍ တော်လှန်ရေးအင်အားစုများက အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန် သကဲ့သို့ စစ်ကောင်စီထောက်ခံသည့် Channel များက ဖြန့်ဝေခဲ့သည်။
၄။ ရေဘေးကူညီရေး အကြောင်းပြ၍ တိုက်ပွဲဖော်ဆောင်ရန် တော်လှန်သူများက ပြုလုပ်သည်ဟု ဖြန့်ဝေမှု
၅။ တိုင်းရင်းသားတော်လှန်ရေးတပ်များအား “အပြစ်သားအဖြစ်ပုံဖော်ခြင်း”
၆။ စစ်တပ်သည်သာ ထာဝရ ကယ်တင်ရှင်အဖြစ် ပုံဖော်ဖြန့်ချိမှု
မြန်မာနိုင်ငံတွင် ကြုံတွေ့ရသည့် သဘာဝကယ်ဆယ်ရေးဖြစ်စဉ်များသာမက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ကာကွယ်ရေးနှင့် နိုင်ငံရေးဖြစ်စဉ်များအားလုံးတွင် စစ်တပ် သည်သာ တစ်ခုတည်းသော “ထာဝရ ကယ်တင်ရှင်” အဖြစ်ဝါဒဖြန့်ချိခြင်းများကို မည်သည့် အကြောင်းအရာနှင့် မဆိုချိတ်ဆက်၍ ယင်းဝါဒဖြန့်ချိမှုပုံစံများအား ပြုလုပ်လေ့ရှိပါသည်။
၇။ တော်လှန်သူများကြောင့် အကုသိုလ်အကျိုးပေးသည့် ရေဘေးအဖြစ်ပုံဖော်မှု
အာဏာသိမ်းစစ်ကောင်စီ၏ ကြိုတင်သတင်းထုတ်ပြန်မှုမရှိခြင်း၊ ကယ်ဆယ်နိုင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှုအလွဲများအားဖုံးကွယ်၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည့် မြန်မာလူမျိုးများ ၏ စိတ်နေစိတ်ထားအား အသုံးချ၍ အကုသိုလ်များခဲ့ခြင်းကြောင့်သာ ရေဘေးကြုံရကြောင်း ပုံဖော်ဖြန့်ချိခဲ့သည်။
လေ့လာတွေ့ရှိချက်
အထက်ပါ ဖြစ်ရပ်လေ့လာတွေ့ရှိချက်များအရ သဘာဝဘေးကို အသုံးချ၍ စစ်ကောင်စီ အသုံးပြုခဲ့သည့် ဝါဒဖြန့်ချိမှုပုံစံ၊ သတင်းတု၊ သတင်းမှာ ပုံစံများစွာကို တစ်စုတည်း မြင်တွေ့ရ မည်ဖြစ်ပါသည်။
စစ်ကောင်စီသည် ရေဘေးကို ကူညီနေသည်ဟု ၎င်းတို့ဝါဒဖြန့် Channel များတွင်၊ ဆိုရှယ် မီဒီယာပလက်ဖောင်းများတွင် ဝေဝေဆာဆာဖော်ပြခဲ့ကြသော်လည်း လက်တွေ့ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေမှုများ အနည်းအကျဉ်းသာရှိခဲ့ခြင်း၊ အချို့နေရာများတွင် ရေဘေးအတွက် လှူဒါန်းမှုပြုလုပ်ခြင်းများအား စစ်ကောင်စီက တားဆီးပိတ်ပင်မှုခြင်း၊ အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေလျက်ရှိကြောင်း သတင်းတင်ဆက်မှုများတွင် သာမက ၎င်းတို့ဝါဒဖြန့်ချိမှုယန္တရား၏ ရှေ့နောက်မညီသော ကွဲလွဲဖြန့်ချိမှုများတွင်လည်း တွေ့ရှိနိုင်ပါသည်။
သိသာထင်ရှားသည့် ဥပမာမှာ အိမ်နီးချင်းထိုင်းနိုင်ငံက ရေဘေးသင့် ထိုင်းပြည်သူများ အတွက်သာမက နယ်မြေချင်းထိစပ်နေသည့် ရေဘေးသင့်မြန်မာပြည်သူများအတွက် ရဟတ်ယာဉ်ဖြင့် အစားအသောက်များ ထောက်ပံ့နေချိန်တွင် စစ်ကောင်စီသည် လေယာဉ် များကို ပြည်သူများအား ဗုံးကြဲရန်အတွက်သာ အသုံးပြုခဲ့သည်။
မုန်တိုင်းဒဏ် တိုက်ရိုက်ခံခဲ့ရသည့် အိမ်နီးချင်းနိုင်ငံထက် အဖျားခတ်ခြင်းခံရသည့် မြန်မာ နိုင်ငံက ပြည်သူများစွာပိုမိုသေကြေခြင်း၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ခြင်းသည် အာဏာသိမ်းစစ်တပ်၏ သဘာဝဘေးစီမံခန့်ခွဲမှု အရည်အချင်းရလာဒ်ပင် ဖြစ်ပါသည်။
သို့သော် တော်လှန်ရေးခရီးကြာရှည်လာသည်နှင့်အမျှ စစ်ပန်းလာသည့် တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေးထောက်ပို့များက ရေဘေးကူညီသည့်သူ ပြည်သူများအား “တော်လှန်ရေးကိုသာ ရေဘေးကဲ့သို့ကူပါက တော်လှန်ရေးအောင်မြင်ပြီးမြောက်ပြီ” ဟု မချိတင်ကဲ ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ အတွေးအခေါ်ကွဲပြားမှုပေါ်လာသည်နှင့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း ထောက်ခံ ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးစုံက Social Influencer များ၊ အနုပညာရှင်များကို အသုံးပြု၍ ပြည်သူအချင်းချင်းအကြား သွေးကွဲစေရန် “စစ်ရေးမလှူ၊ ရေဘေးကူ” ဆိုသည့် သွေးခွဲဖြန့်ချိမှုကို အချိန်ကိုက် ပြုလုပ်ခဲ့သည်။
ပြည်သူအချင်းချင်းကြားတွင် အမှန်ပင်ကွဲပြားမှုများဖြစ်ခဲ့ကြောင်း The Red Flag အနေဖြင့် လူမှုကွန်ရက်မီဒီယာများအား စောင့်ကြည့်လေ့လာမှုအရ တွေ့ရှိခဲ့ပါသည်။
စစ်ကောင်စီသည် ၂၀၂၄ မိုးရာသီကာလတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးတွင် မြေပြင်၌ ပြည်သူများကို နိုင်ငံတော်အဆင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ဆိုရှယ်မီဒီယာတွင် ရေဘေးနှင့် ပတ်သက်၍ ပြည်သူများ ကွဲပြားခဲ့သည့်အမြင်ကို အခြေခံ၍ သွေးခွဲသည့်ဝါဒဖြန့်ချိမှုအား အမြတ်ထုတ်ခဲ့ သည်ကို တွေ့ရပါသည်။
ပြည်သူများ စစ်ဘေးနှင့် ရေဘေး ဒုက္ခနှစ်ထပ်ကွမ်းနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီ သည် ပြည်သူ့ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးထက် ၎င်းတို့၏ အာဏာတည်မြဲ ရေး၊ နယ်မြေစိုးမိုးရေးကိုသာ အားစိုက်၍အဓိကဦးတည်လုပ်ဆောင်နေလျက်ရှိကြောင်းသာ တွေ့ရှိရပါသည်။ ယင်းမှာ သဘာဝဘေးဒဏ်ကိုခံနေရသည့်ပြည်သူများအား လျစ်လျူရှုခြင်း ဖြင့် ရာဇဝတ်မှုများ ထပ်မံကျူးလွန်နေခြင်းသာ ဖြစ်သည်။ မြန်မာပြည်သူများ ခုခံတော်လှန် ရေးကို မည်မျှ ခံနိုင်ရည်ရှိသည်ကို စမ်းသပ်ချက်၊ သွန်သင်ချက် တစ်ရပ်လည်း ဖြစ်သည်။
စောင့်ကြည့်လေ့လာခဲ့သည့် သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချိသည့် အကြောင်းအရာများ
စဉ် | သတင်းတု/သတင်းမှား လင့်များ | ဖြန့်ချိသည့် အကြောင်းအရာ |
၁ | https://t.me/BABANYUNT6/14854 | ရေတာရှည်မြို့နယ်တွင် ရေဘေးသင့်နေသည့် မိဘနှစ်ပါး အား လာရောက်ကယ်ဆယ်သည့် ဒေသခံလူငယ်ကို PDF က ဖမ်းဆီးသတ်ဖြတ်ဟု ဓာတ်ပုံတစ်ပုံကို အသုံးပြုကာ ဖြန့်ဝေ |
၂ | https://t.me/kothetjournalist9000/71619 | ရေဘေးကယ်ဆယ်ရေးတွင် PDFများကို အပြစ်သား အဖြစ် ပုံဖော် |
၃ | https://t.me/kyawswar49111/16189 | ရေဘေးကယ်ဆယ်ရေးတွင် PDFများကို အပြစ်သား အဖြစ် ပုံဖော် |
၄ | https://t.me/MDYimage413/41452 | ရေဘေးကယ်ဆယ်ရေးတွင် PDFများကို အပြစ်သား အဖြစ် ပုံဖော် |
၅ | https://t.me/minchitoo989989/38556 | ရေဘေးကယ်ဆယ်ရေးတွင် PDFများကို အပြစ်သား အဖြစ် ပုံဖော် |
၆ | https://t.me/kothetjournalist9000/72009 | ရေဘေးကယ်ဆယ်ရေးတွင် PDFများကို အပြစ်သား အဖြစ် ပုံဖော် |
၇ | https://t.me/peoplemedianews/63667 | ရေဘေးကယ်ဆယ်ရေးတွင် PDFများကို အပြစ်သား အဖြစ် ပုံဖော် |
၈ | https://t.me/hminewai/58779 | တိုင်းရင်းသားတပ်မတော်များကို အပြစ်သားအဖြစ် ပုံဖော် |
၉ | https://t.me/shwenaykyar/74102 | တိုင်းရင်းသားတပ်မတော်များကို အပြစ်သားအဖြစ် ပုံဖော် |
၁၀ | https://t.me/KKM28640/6724 | တိုင်းရင်းသားတပ်မတော်များကို အပြစ်သားအဖြစ် ပုံဖော် |
၁၁ | https://t.me/kothetjournalist9000/71382 | ရေဘေးကယ်ဆယ်ရေးကို ချောင်းမြောင်းပစ်ခတ် |
၁၂ | https://t.me/kothetjournalist9000/71381 | နေပြည်တော်အသေအပျောက်များပါစေ |
၁၃ | https://t.me/snowqueen023/73026 | NLD ပါတီ ထောက်ခံခဲ့သည့် အနုပညာရှင်များနှင့် ခံဝန်ဖြင့်ပြန်လွတ်လာသည့် အနုပညာရှင်များ အနေဖြင့် ၂၀၂၄ ရေဘေးတွင် မလှူရသေးကြောင်း ဝေဖန် |
၁၄ | https://t.me/BABANYUNT6/14815 | ထိုသို့ဝေဖန်မှုကြောင့် ၎င်းအနုပညာရှင်များက အလှူ အတန်း ပြုလုပ် လာခဲ့သည့်ပုံစံ ဖြန့်ဝေ |
၁၅ | https://t.me/nipaw/4068 | ထိုသို့ဝေဖန်မှုကြောင့် ၎င်းအနုပညာရှင်များက အလှူ အတန်း ပြုလုပ် လာခဲ့သည့်ပုံစံ ဖြန့်ဝေ |
၁၆ | https://t.me/BABANYUNT6/14766 | ထိုသို့ဝေဖန်မှုကြောင့် ၎င်းအနုပညာရှင်များက အလှူ အတန်းပြုလုပ် လာခဲ့သည့်ပုံစံ ဖြန့်ဝေ |
၁၇ | https://t.me/BABANYUNT6/14766 | အနုပညာရှင်များ၏ပုံရိပ်ကိုအသုံးချမှု |
၁၈ | https://t.me/kothetjournalist9000/71704 | အနုပညာရှင်များ၏ပုံရိပ်ကိုအသုံးချမှု |
၁၉ | https://t.me/karnalchitkaung/6372 | အကုသိုလ်များ၍ ရေဘေးကြုံရ |
၂၀ | https://t.me/hminewai/59049 | အကုသိုလ်များ၍ ရေဘေးကြုံရ |
၂၁ | https://t.me/hminewai/58788 | အကုသိုလ်များ၍ ရေဘေးကြုံရ |
၂၂ | https://t.me/hminewai/58877 | အကုသိုလ်များ၍ ရေဘေးကြုံရ |
၂၃ | https://t.me/KKM28640/6830 | အကုသိုလ်များ၍ ရေဘေးကြုံရ |
၂၄ | https://t.me/suemedia/68175 | ရေလွတ်ရာအမြင့်ပိုင်းတွင် တည်ထားကိုးကွယ်သည့် စေတီများနှင့် ဘုန်းကြီးကျောင်းများကြောင့် ပြည်သူများ ရေဘေးကာလတွင် အသက်ရှင်ခိုလှုံခွင့်ရကြသည်ဟုဆို |
၂၅ | https://t.me/kothetjournalist9000/71421 | ရခိုင်ရေဘေးမကူညီရ |
၂၆ | https://t.me/abc_news_mm/11 | ရခိုင်ရေဘေးမကူညီရ |
၂၇ | https://t.me/kothetjournalist9000/72248 | ရခိုင်ရေဘေးမကူညီရ |
၂၈ | https://t.me/BABANYUNT6/14776 | ရခိုင်ရေဘေးမကူညီရ |
၂၉ | https://t.me/kothetjournalist9000/73293 | ရခိုင်ရေဘေးမကူညီရ |
၃၀ | https://t.me/hminewai/59380 | ရခိုင်ရေဘေးမကူညီရ |
၃၁ | https://t.me/minchitoo989989/39486 | ရခိုင်ရေဘေးမကူညီရ |
၃၂ | https://t.me/kothetjournalist9000/72252 | ရခိုင်ရေဘေးမကူညီရ |
၃၃ | https://t.me/fightermedia2024/984 | ရေဘေးအကြောင်းပြ တိုက်ပွဲဖော်ဆောင်၊ လက်နက် စုဆောင်း |
၃၄ | https://t.me/BABANYUNT6/14985 | ရေဘေးအကြောင်းပြ တိုက်ပွဲဖော်ဆောင်၊ လက်နက် စုဆောင်း |
၃၅ | https://t.me/nayzinlatt2023/6891 | စစ်တပ်သည်သာ အားကိုးရာ |
၃၆ | https://t.me/kothetjournalist9000/71559 | စစ်တပ်သည်သာ အားကိုးရာ |
၃၇ | https://t.me/BABANYUNT6/15013 | စစ်တပ်သည်သာ အားကိုးရာ |
၃၈ | https://t.me/Thazinoo969/21492 | စစ်တပ်သည်သာ အားကိုးရာ |
၃၉ | https://t.me/minchitoo989989/38612 | စစ်တပ်သည်သာ အားကိုးရာ |
၄၀ | https://t.me/snowqueen023/72667 | စစ်တပ်သည်သာ အားကိုးရာ |
၄၁ | https://t.me/minchitoo989989/38658 | စစ်တပ်သည်သာ အားကိုးရာ |
၄၂ | https://t.me/BABANYUNT6/14812 | စစ်တပ်သည်သာ အားကိုးရာ |
၄၃ | https://t.me/BABANYUNT6/14757 | ဖမ်းဆီးရန်လှုံ့ဆော်မှု |
[1] https://www.humanrightspulse.com/mastercontentblog/crisis-dictatorship-coronavirus-climate-chaos-and-grave-threats-to-human-rights