မြိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော အရပ်သားများကို PDF များဟု တံဆိပ်ကပ်ထား သော သတင်းမှား

Fact-check | 9 Oct 2025
Myanmar Pressphoto Agency/ The Red Flag
မြိုင်မြို့နယ်တွင် PDF များကို လေကြောင်းဗုံးကြဲခဲ့ရာ PDF အများအပြား သေဆုံးဟုဆိုသည့် အကြောင်း အရာ စစ်ကော်မရှင် ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီ ၄၁ မိနစ်က မြိုင်မြို့နယ် တောင်ပိုင်းနှင့် အနောက်ပိုင်းရှိ PDF များကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲရှင်းလင်းရာ PDF အများ အပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ PDF များ ဗုံးကြဲခံရမှုနှင့် ပတ်သက်၍ NUG ဆီက ကူညီထောက်ပံ့မှု ဘာတစ်ခုမှ မရရှိသေးကြောင်း ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်၊ Reaction ပေးသူ ၁၄၀ ကျော် ရှိခဲ့ပြီး “နေပြည်တော်, Snow Queen” အပြင် အခြား စစ်ကော်မရှင် လော်ဘီ တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/NZiGI
နေပြည်တော် – https://archive.ph/KyAAh
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “မြိုင်မြို့ လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mandalay Free Press, မောင်း” မီဒီယာတို့က သတင်းရေးထားသည်။
“Mandalay Free Press” တွင် အောက်တိုဘာ ၇ ရက်က မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ များနှင့် အနောက်ပိုင်းရှိ ရေနံမှော်များကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ နံနက်အစောပိုင်းတွင် တောင်ပိုင်းရှိ တွင်းမရွာအုပ်စုအနီးကို ကြဲချခဲ့ပြီး ၊ နံနက် ၁၀ နာရီခွဲတွင် အနောက်ပိုင်းရှိ ကျောက်ခွက်ရေနံမှော်ကို ကြဲချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/36zo
“မောင်း” သတင်းမီဒီယာတွင် အောက်တိုဘာ ၇ ရက်က မြိုင်မြိုနယ် တောင်ပိုင်း တွင်းမအုပ်စုအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးသီး အလုံး ၂၀ ကြဲချခဲ့ကြောင်း၊ မြို့အနောက်ပိုင်း ကျောက်ခွက်ရွာ နှင့် မှန်ရင်းရွာအကြားရှိ ရေနံမှော်ကိုလည်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြလုပ်ခဲ့ခြင်းကြောင့် ရေနံမြေ အလုပ်သမား နှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/7u5J
ဒေသတွင်းအခြေအနေများကို ဖော်ပြပေးနေသည့် “We Love Myaing” ၏ လူမှုကွန်ယက်စာမျက်နှာတွင် လည်း အဆိုပါ ဗုံးကြဲမှုများနှင့် ပတ်သက်၍ သတင်းဖော်ပြထားသည်။ အောက်တိုဘာ ၇ ရက် သန်းခေါင်ယံ အချိန် ၊ နံနက် ၁၀ နာရီခွဲ နှင့် နံနက် ၁၁နာရီခွဲ အချိန်များတွင် မြိုင်မြို့နယ် တောင်ပိုင်းနှင့် အနောက်ပိုင်းရှိ ရေနံမှော်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရေနံမှော် အလုပ်သမား နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/4pLIz
“We Love Myaing” တယ်လီဂရမ်ချန်နယ်တွင်လည်း သေဆုံးထိခိုက်သူများ၏ ဓာတ်ပုံများကို ဖော်ပြထား ရာ တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မြိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ် သား ပြည်သူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ လေကြောင်းဗုံးကြဲခံရသည့်နေရာများမှာ အရပ်သားနေထိုင်ရာများ ဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “မြိုင်မြို့နယ်ရှိ PDF များကို ဗုံးကြဲရှင်းလင်းရာ အများအပြား ထိခိုက်သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။