သီတင်းကျွတ်ဆီမီးသပိတ်လုပ်နေတဲ့ ဒေသခံတွေကိုဗုံးကြဲပြီး NUG-PDFတွေလို့ စစ်ကော်မရှင် သတင်းမှားဖြန့်

သီတင်းကျွတ်ဆီမီးသပိတ်လုပ်နေတဲ့ ဒေသခံတွေကိုဗုံးကြဲပြီး NUG-PDFတွေလို့ စစ်ကော်မရှင် သတင်းမှားဖြန့်

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၇ရက်။

(Fact-check _DNA/ The Red Flag)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာမှာ မနေ့က သီတင်းကျွတ်လပြည့်ညက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့တွေစုဝေးနေလို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်လက်အောက်ခံလော်ဘီချန်န​​ယ်တခုဖြစ်တဲ့ နေပြည်တော်ချန်နယ်ကနေ “ချောင်းဦးအနောက်ဘက်ဘုံတိုမဖြစ်စဉ်က ဆီမီးထွန်းညှိပူဇော်ပွဲမဟုတ်၊ ပြည်သူတွေ ဆီမီးသပိတ်လည်းမဟုတ်ဘူး” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး တခြားလော်ဘီချန်နယ်တွေမှာလည်း ဖြန့်ချိနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

https://archive.ph/rSzBu

https://archive.ph/nyIVy

https://archive.ph/soJkU

https://archive.ph/LGNgO

 

ပျံ့နှံ့လာတဲ့အကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Checkအဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ဘုံတိုရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ပြုလုပ်နေတဲ့လူအုပ်ထဲကို စစ်ကော်မရှင်တပ်ကနေ ပါရာမော်တာနဲ့တဆင့်လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ မနေ့က အောက်တိုဘာလ၊ ၆ရက် သီတင်းကျွတ်လပြည့်ညမှာ ဒေသတွင်းသပိတ်အဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေစုပေါင်းပြီး ဆီမီးသပိတ်ပြုလုပ်နေတဲ့အချိန် မုံရွာနမခကနေ ပါရာမော်တာနဲ့ လူအုပ်အတွင်းကို ၁၂၀ဗုံးသီးနှစ်လုံးကျဲချခဲ့တယ်လို့ မြေလတ်အသံသတင်းဌာနက သတင်းဖော်ပြပါတယ်။

မြေလတ်အသံ – https://www.facebook.com/share/p/19tD4y6WFA/

 

အဲ့ဒီလိုပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို  အရပ်သားပြည်သူ အယောက် (၂၀)ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားရှိခဲ့တယ်ဆိုတဲ့အကြောင်း DVB-Burmeseကလည်း သတင်းရေးသားထားပါတယ်။

DVB-Burmese – https://burmese.dvb.no/post/727687

 

စစ်ကော်မရှင်တပ်က ဗုံးသီးကျဲချတဲ့အချိန်မှာပဲ နေရာမှာတင် သေဆုံးသူအယောက်(၂၀)ကျော်ထိ ရှိခဲ့ပြီးတဲ့နောက် ဒဏ်ရာရတဲ့သူတွေထဲကနေ သေဆုံးသူတွေထပ်ရှိလာတာကြောင့် ဒီကနေ့ အောက်တိုဘာ၇ရက်မှာပဲ သေဆုံးအယောက်(၄၀)ကျော်ထိရှိလာပြီလို့ Mandalay Free Press-MFPက သတင်းဖော်ပြပါတယ်။

Mandalay Free Press-MFP – https://www.facebook.com/reel/1911121652801106

 

သတင်းသုံးသပ်ချက်

တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ သတင်းကျွတ်လပြည့်ညဆီ မီးပူဇော်ရင်း  စစ်အာဏာရှင်ကိုမကြိုက်ကြောင်း သပိတ်ပြုလုပ်နေချိန်မှာပဲ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်တာကိုတွေ့ရပါတယ်။

 

အဲ့ဒီလိုလေကြောင်းတိုက်ခိုက်ခံရတာကြောင့် ညောင်ပင်ရွာ၊ ဘုံတိုရွာ၊ သစ်ဆိပ်ရွာ၊ ဝယားတိုရွာတွေက ဒေသခံအယောက် ၄၀ကျော်သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အောက်ကလေးငယ်တွေ၊ CDM ကျောင်းဆရာတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကျောင်းသားတွေ ပါဝင်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။

 

ဆီမီးပူဇော်ပွဲကို ဘုံတိုရွာအပါဝင်အနီးအနားက ကျေးရွာခြောက်ရွာက ပြည်သူတွေ စုပေါင်းပြီး ပြုလုပ်ခဲ့တာကိုတွေ့ရပြီး NUG-PDFတွေစုဝေးနေလို့ လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာမှာ အရပ်သားသေဆုံးမှုကိုဖုံးကွယ်ဖို့အတွက် လိမ်လည်လှည့်ဖြား ရေးသားထားတဲ့ သတင်းမှားဖြစ်တာကို တွေ့ရပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

#DNAFactCheck #DNA #MFCN #FactCheck #လေကြောင်းတိုက်ခိုက် #အရပ်သားထိခိုက်သေဆုံး #ချောင်းဦး_ဘုံတိုရွာ #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့်