FACT CHECK| ဆားလင်းကြီး PDF ဘဏ္ဍာရေးတာဝန်ခံအား အေအေ ရဲ့စေခိုင်းချက်အရ PDF တွေက နှုတ်ပိတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

Fact-check – Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)

ဩဂုတ် ၁၊ ၊ ၂၀၂၅

စစ်တပ်လော်ဘီတယ်လီဂရမ်ချယ်နယ်တခုဖြစ်တဲ့ KO CHIT (MDY) ချယ်နယ်ကနေ ဖြန့်ဝေထားတဲ့ အကြောင်းအရာတခု ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကတော့ မူးယစ်ဆေးဝါးကယ်ရီလုပ်တဲ့ ဆားလင်းကြီး PDF မှ ဘဏ္ဍာရေးတာဝန်ခံအား အေအေ ရဲ့စေခိုင်းချက်အရNUGရဲ့ လက်အောက်ခံ  PDF တွေက နှုတ်ပိတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ် မှာ ကြည့်ရှုနိုင်ပါတယ်။ 

Web Archived Link>>> https://archive.ph/TGKUr 

 

ဒီအကြောင်းအရာကိုဟုတ်တယ်Vsမဟုတ်ဘူးအဖွဲ့ကအချက်အလက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဖြစ်စဉ်တခုအပေါ်အခြေခံပြီးလိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်။

 

အချက်အလက်စိစစ်ချက် 

 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှာ ယာယီ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် ဆောင်ရွက်နေတဲ့  မောင်တူး(ခ) လက်ယာ ဆိုတဲ့သူဟာ  ဇူလိုင်လ  ၂၂ ရက် နံနက် ၄ နာရီ လောက်ကလုပ်ကြံခံခဲ့ရတယ်ဆိုတာကိုဒေသတွင်းနဲ့လွတ်လပ်တဲ့သတင်းဌာနတွေမှာရေးသားဖော်ပြထား တာတွေ့ရပါတယ်။  ဒါပေမယ့်   KO CHIT (MDY) ချယ်နယ်ကနေ ဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ အေအေ ရဲ့ စေခိုင်းမှုကြောင့် NUG လက်အောက်ခံ PDF တွေကနှုတ်ပိတ်တယ်ဆိုတဲ့အကြောင်းအရာကို ဖော်ပြထားတာမျိုးလုံးဝမရှိပါဘူး။ 

 

ဆားလင်းကြီးပကဖ ဘဏ္ဍာရေးတာဝန်ခံ လုပ်ကြံသတ်ဖြတ်ခံရတဲ့အကြောင်းကိုသတင်းရေးသားထားမှု တွေကို အောက်ကလင့်ခ်တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Now သတင်းဌာနမှ သတင်း ဖော်ပြမှု>>> https://bit.ly/3IJ9G10 

Mizzima သတင်းဌာနမှ သတင်းဖော်ပြမှု>>> https://bit.ly/458QWiV 

DVB သတင်းဌာနမှ သတင်းဖော်ပြမှု>>> https://bit.ly/4l2Ht2B 

 

လုပ်ကြံမှုနဲ့ပတ်သက်ပြီး သံယသရှိသူ၂ဦးကို ဖမ်းဆီးစစ်ဆေးနေပြီးတော့ အသေးစိတ်ကိုတော့ စစ်ဆေး နေဆဲဖြစ်တယ်လို့ ဆားလင်းကြီး ခရိုင်ပကဖ တာဝန်ရှိသူက ပြောဆိုထားပါတယ်။ ဒါကြောင့် AA ရဲ့ စေခိုင်းမှုကြောင့် NUG လက်အောက်ခံ PDF တွေက လုပ်ကြံတယ်ဆိုတာက သက်သေမရှိပဲ စွပ်စွဲပြောဆို ပုံဖျက်ထားတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ ဆားလင်းကြီး ခရိုင်ပကဖ တာဝန်ရှိသူရဲ့  ပြောစကားကိုအခြေခံပြီး DVB သတင်းဌာန က ရေးသားထားကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ 

 

DVB သတင်းဌာနမှ သတင်းဖော်ပြမှု>>> https://bit.ly/4l2Ht2B 

 

 KO CHIT (MDY) ချယ်နယ်ဟာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေသူတွေကို ပုံဖျက်တိုက်ခိုက်တဲ့ သတင်းအတုသတင်းအမှားတွေကို နေ့စဉ်ဖြန့်ဝေနေသူ ဖြစ်ပါတယ်။  KO CHIT (MDY) ချယ်နယ်ကနေ ဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို အချက်အလက် စစ်ဆေးထားတဲ့ အကြောင်းအရာတွေကို အောက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Link >>>  https://bit.ly/4o53Ff9 

Link>>> https://bit.ly/46n2jWN 

 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ဆားလင်းကြီးဒေသခံတဦးကို Real or Not ကဆက်သွယ်မေးမြန်းအတည်ပြုခဲ့ရာ မှာတော့ သတင်းအမှားမှာဖော်ပြထားသလို အေအေရဲ့စေခိုင်း ချက်အရ လုပ်ကြံတာမျိုးမဟုတ်ကြောင်းနဲ့ PDF တပ်ဖွဲ့ဝင်က သတ်တယ်ဆိုတာကိုတော့ အတည်ပြုလို့ ရတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

 

သုံးသပ်ချက် 

သုံးသပ်ချက်

အထက်မှာဖော်ပြထားတဲ့အတိုင်း အချက်အလက်စစ်ဆေးလိုက်မယ်ဆိုရင် ဆားလင်းကြီး ပကဖ မှ ယာယီဘဏ္ဍာရေးတာဝန်ခံအား PDF က သတ်လိုက်တယ်ဆိုတဲ့ သတင်းအကြောင်းအရာက အမှန်ဖြစ်ပြီး၊ အေအေ ရဲ့ စေခိုင်းချက်အရ PDF တွေက နှုတ်ပိတ်လိုက်တယ်ဆိုတာက ဖြစ်စဉ်တခုအပေါ်အခြေခံပြီး လိုရာဆွဲရေးသားထားတဲ့ တစိတ်တပိုင်းမှားယွင်းနေတဲ့သတင်းအမှား ဖြစ်တယ်ဆိုတာကို သက်သေပြနိုင် ပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ 

တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check   #အချက်အလက်စစ်ဆေးခြင်း