FACT CHECK| အိန္ဒိယသံရုံးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် လွမ်းသူပန်းခွေပေးပို့တယ်ဆိုတဲ့ ပြုပြင်ဖန်တီးထားတဲ့ သတင်းအမှား

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တခုဖြစ်တဲ့ ဘညွန့် ချန်နယ်လ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အဖြစ် အိန္ဒိယသံရုံးက လွမ်းသူ့ပန်းခွေ ပေးပို့တယ်ဆိုပြီး BBC သတင်းဌာနရဲ့ သတင်းတပုဒ်ကိုပြုပြင်ပြီးဖြန့်ဝေထားတာကို ဟုတ်တယ် Vs မဟုတ်ဘူး နဲ့ ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေး သူတွေက  တွေ့ရှိခဲ့ပါတယ်။

ဒီအကြောင်းအရာကို  ဘညွန့် ချန်နယ်လ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းကတော့ “ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးက ဒေါ်စုမွေးနေ့အတွက် လွမ်းသူ့ပန်းခွေပေးပို့တယ်ဆိုပြီး BBC Burmese မှာတော့တွေ့တာပဲ… စာအသုံးအနှုန်း ပဲမတတ်တာလား …BBC Burmese ကပဲ ဒဲ့ရေးပြီးဖော်ပြလိုက်တာလားတော့မသိဘူး… လွမ်းသူ့ ပန်းခွေလေးကတော့ မဆိုဘူးပဲ..” ဆိုပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ပို့စ်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

မူရင်းလင့်ခ်>>> https://bit.ly/3T9S5Bh 

Archive လင့်ခ် >>> https://archive.ph/7T6hz  

 

အချက်အလက်စိစစ်ချက်

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘီဘီစီမြန်မာပိုင်းသတင်းဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာသွားရောက် ကြည့်ရှုလိုက်တဲ့အခါမှာတော့ ဘညွန့်ချန်နယ်လ်မှာ ဖော်ပြထားသလိုမျိုး “လွမ်းသူပန်းခွေပေးပို့” တယ်ဆိုတဲ့စာလုံးမျိုးမသုံးနှုန်းပါဘူး။ Facebook ပေါ်မှာ တင်ထားတဲ့ပို့စ်တွေကို ပြင်ဆင်ထားလား ဆိုတာကို စစ်ဆေးလို့ရတဲ့ နေရာဖြစ်တဲ့ Edited History မှာ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာလည်း Edited ပြုလုပ်ထားတာမျိုးမရှိပါဘူး။

 

ဘညွန့်ချန်နယ်လ်မှာ တင်ထားတဲ့ Screenshot မှာ ဘီဘီစီကတင်ထားတဲ့မူရင်းစာသားဖြစ်တဲ့ ဂုဏ်ပြုပန်းခြင်း ဆိုတဲ့ နေရာမှာ လွမ်းသူ့ပန်းခွေဆိုပြီး ဖိုတိုရှော့နဲ့ပြုပြင်ထားတာဖြစ်ပါတယ်။

 

ဘီဘီစီမြန်မာပိုင်းသတင်းဌာနက တင်ထားတဲ့ မူရင်းသတင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

 

ဘီဘီစီသတင်းဌာနမှ တင်ထားသောသတင်း>>> https://bit.ly/44iCHI4 

 

သုံးသပ်ချက် 

 

ဘညွန့်ချန်နယ်လ်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်လ်တခုဖြစ်ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး သတင်းအတုသတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်တဲ့ သတင်းအတုများ ဖြန့်ဝေနေတဲ့ ချန်နယ်လ်တခုဖြစ်ပြီး အရင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက အချက်အလက်စစ်ဆေးထားတဲ့ ပို့စ်တချို့ကို အောက်ကလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

(၁)  https://bit.ly/44lGJ2k 

(၂) https://bit.ly/4kXNluV 

(၃) https://bit.ly/4435ly0 

အထက်မှာစိစစ်ခဲ့တဲ့အချက်တွေနဲ့စိစစ်တိုက်ဆိုင်လိုက်မယ်ဆိုရင်အိန္ဒိယသံရုံးကဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် လွမ်းသူပ့န်းခွေ ပေးပို့တယ်ဆိုတဲ့ စာသားတွေနဲ့ ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြထား တယ်ဆိုပြီး ဖြန့်ဝေခဲ့တဲ့ အကြောင်းအရာက ပြုပြင်ဖန်တီးထားပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။ 

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ 

တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် MFCN ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။