FACT CHECK| ပြည်သူတွေကတောင်းဆိုလို့ ဗုံးကြဲပေးရတာဆိုပြီး ဖြန့်နေတဲ့ သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး) 

အောက်တိုဘာ ၂ ၊ ၂၀၂၅ 

အနှစ်ချုပ်အကြောင်းအရာ 

စစ်ကော်မရှင်လေတပ်မှ အောက်တိုဘာ ၂ ရက်နေ့နံနက်ပိုင်းတွင် နမ္မတူမြို့နှင့် မန်တုံမြို့များရှိ TNLA  တပ်  စခန်းတွေကို ဗုံးကြဲပေးရတာက ပြည်သူတွေကတောင်းဆိုလို့ ကြဲပေးရ တယ်ဆိုပြီးဖြန့်နေသော လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားအကြောင်းအရာကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားများမှ အချက်အလက်စစ်ဆေးပေးထားပါတယ်။ 

ဖြန့်ဝေထားမှု 

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်ဖြစ်တဲ့ မှိုင်းဝေ ချယ်နယ်ကနေ အောက်တိုဘာ ၂ ရက်နေ့ မှာ ဖြန့်ဝေခဲ့တဲ့အကြောင်းအရာဖြစ်ပြီး ” ယနေ့ နံနက် ၇:၂၃ မှာလို့သိရတယ်..ပြည်သူတောင်းဆိုလို့  ကြဲရတာနော် ” ဆိုတဲ့စသားနဲ့အတူဖြန့်ဝေထားတာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ ပျံ့နှံ့မှု အနေနဲ့ ကြည့်ရှုသူ ၁၆၀၀၀ကျော်နဲ့ ပျံ့နှံ့နေပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ်ကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။ 

 

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>> https://archive.ph/1P8Rw  

 

အချက်အလက်စိစစ်မှု 

 

ပြည်သူတွေကတောင်းဆိုလို့ နမ္မတူမြို့နဲ့ မန်တုံ မြို့တွေမှာရှိတဲ့ TNLA တပ်စခန်းတွေကို ဗုံးကြဲပေးရတယ် ဆိုတာနဲ့ပတ်သက်ပြီး  အချက်အလက် စိစစ် ကြည့်လိုက်တဲ့ အခါမှာတော့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေပါတယ်။ 

 

ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာတော့ နမ္မတူမြို့ပေါ်  ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး  ၅ ဦးထက်မ နည်း ဒဏ်ရာရတယ်လို့ ဖော်ပြထားပြီး ပြည်သူလူထုက ဗုံးကြဲဖို့အတွက် တောင်းဆိုထားတယ်ဆိုတဲ့ အထောက်အထား အချက်အလက်လုံးဝမတွေ့ရပါဘူး။ သေဆုံးသူတွေဟာ TNLA တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူတွေပဲ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
သျှမ်းသံတော်ဆင့်ကဖော်ပြထားတဲ့သတင်း >>> https://bit.ly/4pOGnLk 

 

ဒါ့အပြင် DVB သတင်းဌာနရဲ့ သတင်းဖော်ပြထားမှုမှာလည်း (TNLA) ထိန်းချုပ်တဲ့ နမ္မတူနဲ့ မန်တုံကို စစ်တပ်က လေကြောင်းကနေ  ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်ဆိုပြီးရေးသားထား ပါတယ်။ TNLA တပ်ဖွဲ့ဝင်တွေသေဆုံးတယ်ဆိုပြီး ရေးသားထားတာမျိုးမတွေ့ရပါဘူး။

DVB သတင်းဌာနရဲ့ သတင်း >>> https://bit.ly/4nBU4Mg 

 

ရှမ်းပြည်နယ်ဒေသတွင်းသတင်းမီဒီယာတခုဖြစ်တဲ့ရွှေဖီမြေသတင်းဌာနရဲ့ သတင်းဖော်ပြထားမှုမှာလည်း နမ္မတူမြို့ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  စစ်ဘေးရှောင် ၃ ဦး သေဆုံးပြီး ကလေးအပါအဝင် ၇ ဦး ဒဏ်ရာရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ရွှေဖီမြေသတင်းဌာနရဲ့ သတင်း >>> https://bit.ly/3KRN9Qo 

 

သုံးသပ်ချက် 

အထက်မှာဖော်ပြထား တဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် စစ်လော်ဘီဝါဒဖြန့်ချယ်နယ်ဖြစ်တဲ့ မှိုင်းဝေ ချယ်နယ်ကဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ နမ္မတူမြို့နှင့် မန်တုံမြို့များရှိ TNLA  တပ်  စခန်းတွေကို ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဗုံးကြဲပေးရတယ်ဆိုတာက ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် လုပ်ကြံဖန်တီးဖြန့်နေတဲ့သတင်းအ မှားဆိုတာကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။ 

 

အကြံပြုချက် 

 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း  #TNLA #နမ္မတူ #ဗုံးကြဲ