FACT CHECK| စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ PDF မိသားစုတွေကို ဦးရည်မွန်မှ နှုတ်ပိတ်ခိုင်းနေတယ်ဆို တဲ့သတင်းအမှား

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် ၁ခုဖြစ်တဲ့ မှိုင်းဝေ ချယ်နယ်ကနေ တင်ထားတဲ့ အကြောင်း အရာတခုဟာ လူမှုမီဒီယာပေါ်မှာပျံ့နှံ့နေတာကို Real or Not ရဲ့ အချက်အလက်စစ်ဆေးသူတွေက တွေ့ရှိထားပါတယ်။ ဒီအကြောင်းအရာကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ PDF မိသားစုတွေကို ဦးရည်မွန်မှ နှုတ်ပိတ်ခိုင်းနေတယ်ဆိုတဲ့ အကြောင်းအရာဖြစ်ပြီးတော့ တယ်လီဂရမ်ကနေ ဖြန့်ဝေထား တာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ မူရင်း ပို့စ်နဲ့ Archive လင့်ခ်ကို ဒီလင့်တွေမှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။
မူရင်းလင့်ခ်>> https://bit.ly/4dZODmu 

Archive Link>> https://archive.ph/FfJRU 

 

အချက်အလက်စိစစ်ချက် 

◼️စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရတဲ့ PDF တွေရဲ့ မိသားစုဆွေမျိုးတွေကို ဦးရည်မွန်က နှုတ်ပိတ်ခိုင်း တယ်ဆိုတဲ့ အချက်ကို အချက်အလက် စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ခိုင်မာတဲ့သက်သေအချက်လက်တွေမရှိပါဘူး။

◼️NUG  ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးမူဝါဒဆိုင်ရာအခြေခံမူတွေအရ နိုင်ငံတကာက လက်ခံထား သည့် ဥပဒေများ၊ ကျင့်ထုံးများကို လိုက်နာတယ်ဆိုတာကို ပြဌာန်းထားပါတယ်။ ဒါ ကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ PDFတွေဟာ စစ်ကြောရေးမှာထွက်ဆိုတဲ့အချက်တွေကြောင့် သက်ဆိုင်တဲ့  မိသားစုဝင်တွေကို နှုတ်ပိတ်ဖို့ ဦးရည်မွန်ကစေခိုင်းတယ်ဆိုတဲ့အချက်ဟာ လုပ်ကြံဖန် တီးထားတယ်ဆိုတာ ထင်ရှားပါတယ်။ 

◼️ဖမ်းဆီးခံPDF တွေရဲ့ မိသားစုဝင်တွေနဲ့ဆွေမျိုး တွေကို နှုတ်ပိတ်ဖို့အတွက် MOD ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စေခိုင်းထားတယ်ဆိုတဲ့အကြောင်းအရာမျိုးကို သတင်းမီဒီယာလုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်ရေးသားနေကြတဲ့ လွတ်လပ်တဲ့သတင်းဌာနကြီးတွေမှာလည်း ရေးသားထားတာမျိုးမရှိ ပါဘူး။ ဒါ့အပြင် ဒေသအတွင်းလွတ်လပ်တဲ့သတင်းမီဒီယာတွေမှာလည်း ရေးသားထားတာမျိုးလုံးဝ မရှိပါဘူး။ 

◼️မှိုင်းဝေတယ်လီဂရမ်ချယ်နယ်ဟာဆိုရင် စစ်ကောင်စီရဲ့ဝါဒဖြန့်ချယ်နယ်တခုဖြစ်ပြီးတော့ စစ်တပ်ကို ဆန့်ကျင်တော်လှန်တိိုက်ခိုက်နေတဲ့သူတွေကို ပုံဖျက်တဲ့သတင်းအတုသတင်းအမှားတွေ၊ ဝါဒဖြန့်မှုတွေ ကို လုပ်ဆောင်နေတဲ့ စစ်လော်ဘီချယ်နယ်တခုဖြစ်ပါတယ်။ အရင်တုန်းက မှိုင်းဝေတယ်လီဂရမ်ချယ် နယ်ကဖြန့်ဝေထားတဲ့သတင်းအတုသတင်းအမှားတွေကိုအချက်အလက်စစ်ဆေးထားတဲ့ ပို့စ်တချို့ကို  ဒီလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

(၁) https://bit.ly/4kPq8um 

(၂) https://bit.ly/4l07tMw 

(၃)https://bit.ly/43zf6DH 

 

သုံးသပ်ချက် 

မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ ဖမ်းဆီးခံထားရတဲ့ PDF တွေရဲ့ စစ်ကြောရေးမှာထွက်ဆိုတဲ့ ထွက်ဆိုချက်တွေကြောင့် ဖမ်းဆီးခံPDF တွေရဲ့ မိသားစုဝင်တွေနဲ့ဆွေမျိုး တွေကို နှုတ်ပိတ်ဖို့အတွက် MOD ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စေခိုင်းထားတယ်ဆိုတဲ့အချက်ဟာ သက်သေအချက်အလက်မရှိပဲ ပုံဖျက်စွပ်စွဲပြောဆိုထားတာဖြစ်ပါတယ်။ 

အထက်မှာ ဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်တိုက်ဆိုင်ကြည့်မယ်ဆိုရင် စစ်လော်ဘီချယ်နယ်ဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချယ်နယ်ကနေဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကိုသက်သေပြနေပါတယ်။


စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ 

တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။