ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ လူမှုမီဒီယာ Facebook ပေါ်မှာ လူပြော များပျံ့နှံ့နေတဲ့ ဗီဒီယိုတခုကိုတွေ့ရှိခဲ့ပါတယ်။ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်ကတော့ အီရန်နိုင်ငံရဲ့ နျူကလိယား စက်ရုံရှိတဲ့နေရာကို အမေရိကန်က ဘန်ကာခွင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ တွင်း ဆိုပြီး ပြောဆိုရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။
ဒီဗီဒီယိုကို YeYint Nge ဆိုတဲ့ Facebook အကောင့်က နေ ” အနုမြူထိမထိတော့မသိ၊ အီရန်ပြည်သူတွေအပန်းဖြေစရာနေရာအဖြစ်ဘီလျံချီသုံးပြီးတွင်းတူးပေးခဲ့တဲ့ ဒေါ်နွယ်ထွန်း” ဆိုတဲ့ စာသားတွေနဲ့အတူဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုကို ဇွန်လ ၂၅ ရက်နေ့ မှာ တင်ခဲ့တာဖြစ်ပြီး Like and React ၁၉၀၀၀ကျော်၊ မှတ်ချက်ပြုသူ ၅၀၀ကျော်နဲ့ ဗီဒီယိုကြည့်ရှုသူ ၁သန်းကျော်ရှိနေပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုကို ဒီလင့်ခ် မှာကြည့်ရှုနိုင်ပါတယ်။
Archive Link >> https://archive.ph/wip/NJFu5
မူရင်း Link >> https://bit.ly/4eluAic
အချက်အလက်စိစစ်မှု
ဒီဗီဒီယိုဟာ အမေရိကန်က ဘန်ကာခွင်းဗုံးတွေကြောင့် အီရန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ တွင်းကြီး ဟုတ်လား မဟုတ်လားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် ဗီဒီယိုတွေကိုစစ်ဆေးတဲ့ Invid Tool နဲ့ စစ်ဆေးကြည့် တဲ့အခါမှာတော့ ပုံစံတူ ဗီဒီယိုတွေဟာ လူမှုမီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ Youtube, TikTok နဲ့ X တွေမှာ လည်းပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင်နဲ့ထပ်တူညီတဲ့ ဗီဒီယိုဖိုင်ကို rachidoujdi63 နာမည်နဲ့ဖွင့်လှစ်ထားတဲ့ Tik Tok အကောင့်တခုမှာတော့ ဒီဗီဒီယိုဖိုင်ကို အစောဆုံးတင်ထားတာ တွေ့ရပါတယ်။ တင်ထားတဲ့ နေ့ရက်ကတော့ ဇွန်လ ၁၆ရက်နေ့မှာတင်ထားခဲ့တာ ဖြစ်ပြီး ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ဘယ်နေရာမှာရိုက်ကူးထားလဲဆိုတာနဲ့ မည်သည့် အချက်အလက်စာသားမှ ရေးသားထား တာမျိုးမရှိပါဘူး။
ဖြန့်ဝေထားတဲ့ဗီဒီယိုဖိုင်ကိုဒီလင့်ခ်မှာကြည့်ရှုနိုင်ပါတယ်။
Archive Link>> https://archive.ph/0irL1
မူရင်း Link >> https://bit.ly/40psFUb
အမေရိကန်နိုင်ငံက အီရန်ရဲ့ Fordo နျူကလီးယားစက်ရုံတည်နေရာကို ဘန်ကာခွင်းဗုံးတွေနဲ့ ဗုံးကြဲချခဲ့ တာက ဇွန်လ ၂၁ ရက်နေ့မှာဖြစ်ပါတယ်။ ဒီအကြောင်းကို ရေးသားဖော်ပြထားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို အောက်က လင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းဌာနရဲ့ သတင်းဖော်ပြမှု >>> https://bit.ly/4em1teF
Mizzima သတင်းဌာနရဲ့ သတင်းဖော်ပြမှု>> https://bit.ly/46dqnv2
အမေရိကန်ရဲ့ B2 ဗုံးကြဲလေယာဉ်တွေပေါ်က ကြဲချလိုက်တဲ့ ဘန်ကာခွင်းဗုံး GBU-57 ရဲ့ သက်ရောက်မှုကြောင့် အီရန် ယူရေနီယံသန့်စင်တဲ့စက်ရုံနေရာမှာ တွင်းပေါက်တွေဖြစ်သွားတာကို ဂြိုလ်တုဓာတ်ပုံကနေ မှတ်တမ်းတင်ထားတာကို ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။
ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ >>> https://bit.ly/4npe2dC
ဒီဗီယိုဖိုင်ဟာ နိုင်ငံတကာမှာလည်း အီရန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့တွင်းဆိုတဲ့ဇာတ်ကြောင်းနဲ့ပျံ့နှံ့နေပြီး နိုင်ငံတကာအချက်အလက်စစ်ဆေးသူများကွန်ရက် (IFCN ) ရဲ့ အဖွဲ့ဝင် အချက်အလက်စစ်ဆေးရေး အဖွဲ့ ဖြစ်တဲ့ Snoop Fact Check အဖွဲ့က စိစစ်ထားတဲ့ အချက်အလက်စစ်ဆေးမှုကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
Snoop Fact Check ရဲ့ စိစစ်ထားမှု>> https://bit.ly/44AQWZO
သုံးသပ်ချက်
အမေရိကန်နိုင်ငံကအီရန်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာက ဇွန်လ ၂၁ရက်နေ့မှာဖြစ်ပြီးတော့ ဗုံးကြဲမှုကြောင့်ဖြစ်လာတဲ့ တွင်းဆိုတဲ့ ဗီဒီဗီဒီယိုဖိုင်ကတော့ ဇွန်လ ၁၆ရက် နေ့ကတည်းက Tik Tok ပေါ်မှာရှိနေခဲ့တာဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ဗီဒီယိုထဲမှာပါတဲ့ တွင်းကြီးဟာ ဘယ်နေရာမှာရိုက်ကူးထားလဲဆိုတာ အသေးစိတ်မသိရသေး ပေမယ့် အမေရိကန်ဗုံးကြဲမှုကြောင့် အီရန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ တွင်းမဟုတ်ဘူးဆိုတာကတော့ ထင်ရှားနေပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်တိုက်ဆိုင်လိုက်မယ်ဆိုရင် အခု လူမှုမီဒီယာမှာပျံ့နှံ့နေတဲ့ အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် အီရန်နိုင်ငံမှာ တွင်းကြီးဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်က တခြားနေရာ တခုမှာရိုက်ကူးထားတဲ့ ဗီဒီယိုတခုကိုအသုံးပြုပြီး မှားယွင်းချိတ်ဆက်ဖြန့်ဝေထားတဲ့ သတင်းအမှားဆို တာကို စိစစ်နိုင်မှာဖြစ်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။
တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် Real or Not ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။