Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
စက်တင်ဘာ ၂၆ ၊ ၂၀၂၅
အနှစ်ချုပ်
Myanmar Pressphoto Agency (MPA) သတင်းဌာနက ၂၀၂၅ စက်တင်ဘာ ၂၃ ရက်နေ့မှာ တင်ထားတဲ့ သတင်းဓာတ်ပုံကို အသုံးပြုပြီး စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကြောင့် ပြည်သူတွေ အေးချမ်းတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကပြောဆိုသလိုမျိုး ပုံဖော်ထားတဲ့ မှားယွင်းချိတ်ဆက်ထားတဲ့ အကြောင်းအရာကို အချက်အလက်စစ်ဆေးပေးထားပါတယ်။
ဖြန့်ဝေမှု
“လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှု မြန်မာတွင် ပြန်လည်စိုးမိုးလာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဆို” ဆိုပြီး စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်လ်ဖြစ်တဲ့ “မှိုင်းဝေ” မှ ဖြန့်ဝေနေတာ ဖြစ်ပါတယ်
ဖြန့်ဝေထားတဲ့အကြောင်းအရာ>>> https://archive.ph/V3jnV
အချက်အလက် စိစစ်ချက်
MPA သတင်းဌာနက ၂၀၂၅ စက်တင်ဘာ ၂၃ ရက်နေ့မှာ ရေးသားထားတဲ့သတင်းဓါတ်ပုံ အကြောင်းအရာကတော့ “လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှု မြန်မာတွင် ပြန်လည်စိုးမိုးလာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဆို” ဆိုတဲ့သတင်းဖြစ်ပါတယ်။ အဲ့ဒီသတင်းအကြောင်းအရာထဲမှာဆို ရင် စစ်ကော်မရှင်က ကျင်းပပေးမယ့်ရွေးကောက်ပွဲကြောင့် ပြည်သူတွေအေးချမ်းတော့မယ်ဆိုတဲ့ အချက်အလက် လုံးဝမပါရှိပါဘူး။
MPA က ရေးသားထားတဲ့သတင်းလင့်ခ် >>> https://bit.ly/3IFl668
မှိုင်းဝေတယ်လီဂရမ်ချယ်နယ်ဟာ စစ်တပ်ဝါဒဖြန့်ချယ်နယ်တခုဖြစ်ပြီး အဲ့ဒီချယ်နယ်ကတင်တဲ့ အကြောင်းအရာတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို ပုံဖျက်တိုက်ခိုက်တဲ့အကြောင်းအရာတွေ သတင်းအတုသတင်းအမှားတွေနဲ့ စစ်တပ်ဝါဒဖြန့်အကြောင်းအရာတွေ ဖြစ်ပါတယ်။
မှိုင်းဝေတယ်လီဂရမ်ချယ်နယ်ကတင်တဲ့သ တင်းအတုသတင်းအမှားတွေကို အချက်အလက်စစ်ဆေးထားတဲ့ ပို့စ်တချို့ကိုအောက်မှာ ဖတ်ရှုနိုင်ပါတယ်။
ထားဝယ်ခရိုင်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးတာကို PDF လက်ချက်လို့ ပုံဖော်သတင်းအမှားဖြန့် >>> https://bit.ly/3Iig6Ex
တမူးလမ်းပိုင်းတွင် ခရီးသည်ကားတွေကို NUGလက်အောက်ခံ PDFတွေက ဓါးပြတိုက်ဆိုပြီး ဓာတ်ပုံဟောင်းနှစ်ပုံဖြန့်ချိ >>> https://bit.ly/3VC1TVV
ကေအဲန်ယူက ကလေးစစ်သားအသုံးပြုနေကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းအပေါ် စိစစ်ခြင်း>>> https://bit.ly/3VzKHAk
အကြံပြုချက်
ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံမယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။
စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။