FACT CHECK| NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ပုံစံနဲ့ဖြန့်နေတဲ့ ထုတ်ပြန်ချက်အတု

ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးသူတွေဟာ တယ်လီဂရမ်ချယ်နယ်တခုမှာ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်တခုကို အချက်အလက်စစ်ဆေးထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အတုကို သတင်းလမ်းညွှန်ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့တယ်လီဂရမ်ချယ်နယ်ကနေဖြန့်ဝေထားပြီးတော့  NUGအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ပုံစံနဲ့ဖြန့်ဝေထားတာဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာပါဝင်တဲ့အကြောင်းအရာတွေကတော့ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးဆိုးရွားနေတယ်ဆိုတာမဟုတ်ကြောင်း၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ်ကမ်အဲရစ်တို့တွေ့ဆုံဆွေးနွေးပြောဆိုမှုကိုအသိအမှတ်မပြုကန့်ကွက်တယ်တဲ့အကြောင်းအရာဖြစ်ပါတယ်။ဖြန့်ဝေထားတဲ့အကြောင်းအရာ ကို ဒီလင့်ခ် မှာ ကြည့်ရှုနိုင်ပါတယ်။

Web Archived >>> https://archive.is/rblUg 

 

အချက်အလက်စိစစ်ချက် 

 

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပုံစံနဲ့တုပပြုလုပ်ထားတဲ့ ထုတ်ပြန်ချက်အတုဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ယုံကြည်စိတ်ချရတဲ့ လွတ်လပ်တဲ့ သတင်းမီီဒီယာတွေမှာလည်း ဒီအကြောင်းကိုဖော်ပြထားတာမျိုးမတွေ့ရပါဘူး။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်လူမှုမီဒီယာစာမျက်နှာတွေ နဲ့ ဝဘ်ဆိုက်ဒ်တွေမှာလည်း ဒီထုတ်ပြန်ချက်ကို ဖော်ပြထားတာမျိုး မရှိပါဘူး။  NUG ကာကွယ်ရေးဝန် ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေထဲမှာ နောက်ဆုံးထုတ်ပြန်ထားတာကတော့ စက်တင်ဘာ ၇ရက်နေ့တုန်းက ထုတ်ပြန်ထားတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာ ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဖေ့ဘွတ်ခ်စာမျက်နှာ>>> https://bit.ly/4pdK7py


NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန Website >>> https://bit.ly/4mOE0pX 

 

သုံးသပ်ချက် 

 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့စိစစ်လိုက်မယ်ဆိုရင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏သား တွေ့ဆုံမှုကို အသိအမှတ်မပြု ကန့်ကွက်တယ်ဆိုတဲ့  NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ပုံစံနဲ့ဖြန့်နေတဲ့ အကြောင်းအရာဟာ တုပ ပြုလုပ်ထားတဲ့ ထုတ်ပြန်ချက်အတုဆိုတာကို စစ် ဆေးတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာ တုပပြုလုပ်ပြီးဖြန့်ဝေထားတဲ့သတင်းအမှား ဖြစ်ပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာတိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ 

တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check   #အချက်အလက်စစ်ဆေးခြင်း