FACT CHECK| ကော်ဘရာစစ်ကြောင်းဆီ လက်နက်နဲ့ထွက်ပြေးသွားတဲ့ တပ်သားတစ်ဦး စစ်တပ်နဲ့ ပြန်ပူးပေါင်းဆိုတဲ့သတင်းအမှား

Fact-check_  Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)

စက်တင်ဘာ ၁၈ ၊ ၂၀၂၅ 

ဖေ့ဘွတ်ခ်လူမှုမီဒီယာပေါ်မှာစစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်ချိရေးစာမျက်နှာတခုကနေဖြန့်နေတဲ့ အကြောင်းအရာ အမှားတခုကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က အချက်အလက်စစ်ဆေးထားပါတယ်။ အဲ့ဒီ အကြောင်းအရာကတော့ “ကော်ဘရာစစ်ကြောင်းဆီ လက်နက်နဲ့ထွက်ပြေးသွားတဲ့ တပ်သားတစ်ဦးဟာ စစ်တပ်နဲ့ ပြန်ပူးပေါင်းသွားတယ်” ဆိုတဲ့အကြောင်းအရာဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရာကို “စဝ်လွန်းဝတီ” ဆိုတဲ့ အကောင့်က စက်တင်ဘာ ၁၆ ရက်နေ့က ဖြန့်ဝေထားပါတယ်။ ဒါ့အပြင် အခြားအကောင့်တွေနဲ့ Tik Tok ပလက်ဖောင်းတွေမှာလည်း ဒီအကြောင်းအရာဟာ ပျံ့နှံ့နေပါတယ်။ ဖြန့်ဝေထားတဲ့အကြောင်းအရာ Link တွေကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။ 

Web Archive Link>>> https://archive.ph/lfNJo 

Web Archive Link>>> https://archive.is/wip/pFnzW 

Web Archive Link>>> https://archive.is/wip/iO1Ks 

 

အချက်အလက်စိစစ်ချက် 

 

ပျံ့နှံ့နေတဲ့အကြောင်းအရာကို Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ ‘’ကော်ဘရာစစ်ကြောင်းဆီ လက်နက်နဲ့ထွက်ပြေး” နှင့် ‘’စစ်တပ်နဲ့ ပြန်ပူးပေါင်း”  စတဲ့စကားစုတွေနဲ့ ရှာဖွေကြည့်တဲ့အခါမှာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားထုတ်ဝေနေတဲ့ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမျိုး လုံးဝ မတွေ့ရပါဘူး။

 

ဖြန့်ဝေထားတဲ့ပို့စ်မှာပါဝင်တဲ့ ပုံကို Google မှာ ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ၂၀၂၂ခုနှစ် အတွင်းက  စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်နဲ့ တပ်သားဟိန်းမင်းထွေးတို့ ၂ ဦး  KNLA ကော်ဘရာစစ်ကြောင်းဆီကို သေနတ် ၃လက်နှင့်အတူ အလင်းဝင်လာတဲ့သတင်းကပုံဖြစ် နေတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတုန်းက တင်ထားတဲ့သတင်းအကြောင်းအရာကို အောက်ပါသတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။
ခေတ်သစ်သတင်းဌာနကဖော်ပြထားတဲ့သတင်း >>>  https://bit.ly/3VnzaE8 

KIC သတင်းဌာနက ဖော်ပြထားတဲ့ ဗိုလ်မှူးတင်လင်းအောင်နဲ့ အင်တာဗျူး >>> https://bit.ly/4naiYm7 

RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း >>>  https://bit.ly/4gDbkhC   

 

ကာယကံရှင်ဖြစ်တဲ့ CDM  ဗိုလ်မှူးဟောင်း တင်လင်းအောင် ကလည်း ဒီသတင်းဟာ မှားကြောင်း သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။အောက်က လင့်ခ်မှာကြည့်ရှုနိုင်ပါတယ်။
CDM  ဗိုလ်မှူးဟောင်း တင်လင်းအောင် ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာ >>> https://bit.ly/46qmHol  

 

သုံးသပ်ချက်

 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် ကော်ဘရာစစ်ကြောင်းဆီ လက်နက်နဲ့ ထွက်ပြေးသွားတဲ့ တပ်သားတစ်ဦး  စစ်တပ်နဲ့ ပြန်ပူးပေါင်းသွားတယ်ဆိုတဲ့ အကြောင်းအရာဟာ  ပုံ အဟောင်းတွေကိုအသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ 

 

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရှိရတဲ့ သတင်းအကြောင်းအရာတိုင်း ကို အလွယ်တကူလက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်း အမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို  လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #KNLA #ကော်ဘရာစစ်ကြောင်း