စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တခုဖြစ်တဲ့ ဘညွန့်ချယ်နယ်ကနေ လူမျိုးရေး ဘာသာရေးနဲ့ပတ် သက်ပြီး အမုန်းပွားစေမယ့်အကြောင်းအရာတွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာဖြန့်ဝေထားတာကိုတွေ့ရ ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ပန်းဘဲတန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစည်သူမောင်ရဲ့ ပုံကိုအသုံးပြုပြီး ဗုဒ္ဓဘာသာတိုင်းသိသင့်တဲ့အချက် ဆိုတဲ့စာသားနဲ့အတူ ဘာသာရေး လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်မယ့်စာ သားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်ပြီး ပုံဖျက်ထားတဲ့အကြောင်းအရာတွေကို ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို Like ပြုလုပ်သူ ၈၇၀၀ကျော်နဲ့ ထပ်ဆင့်မျှဝေသူ ၁၁ ဦးရှိနေပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
Web Archive >>> https://archive.ph/HT3O9
အချက်အလက်စိစစ်ချက်
ဖြန့်ဝေထားတဲ့ အကြောင်းအရာမှာပါတဲ့ ရုပ်ပုံတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဒစ်ဂျယ်နည်းနဲ့ ပြုပြင်ဖန်တီး ပေါင်းစပ်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးစည်သူမောင်ရဲ့မဲဆွယ်တုန်းက အသုံးပြုခဲ့တဲ့ပုံနဲ့ လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်စေမယ့် လုပ်ကြံဖန်တီးထားတဲ့ စာသားတွေနဲ့အတူ ချိတ်ဆက်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ဟာ အစ္စလာမ်ဘာသာဝင် တဦးဖြစ်တာကြောင့် အဲ့ဒီတုန်းက သတင်းအတုသတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်တာကိုခံခဲ့ရဖူးပါ တယ်။ အဲ့ဒီတုန်းက NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဦးစည်သူမောင်ဟာ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွေကို ပိတ်ခိုင်းပြီး အာရဗီဘာသာစကားကို ကျောင်းသင်ခန်းစာတွေမှာ ပြဋ္ဌာန်း ဖို့အတွက် တောင်းဆိုခဲ့သူဖြစ်တယ်ဆိုပြီ သတင်းအမှားတွေနဲ့တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။ အဲ့ဒီအကြောင်း ကို ရေးသားထားတဲ့ Myanmar Now သတင်းဌာနရဲ့ သတင်းတွေကို ဒီလင့်ခ်ကနေ သွားရောက် ဖတ်ရှု နိုင်ပါတယ်။
>>> https://bit.ly/4kITLNt
၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းကလည်း ဦးစည်သူမောင်ဟာ လူမျိုးရေးဘာသာရေးနဲ့ပတ်သက် တဲ့သတင်းအတုသတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်တာခံရတဲ့အတွက် မယုံကြည်ကြဖို့အတွက် သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေတဆင့် အသိပေးဖူးပါတယ်။ ဒီလင့်ခ်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
>>> https://bit.ly/468Hzlx
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် စစ်လော်ဘီ ဘညွန့်ချယ်နယ်ကနေ ဖြန့်ဝေထားတဲ့လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်စေမယ့်အကြောင်းအရာဟာ ပြုပြင်ဖန်တီး ပုံဖျက် ထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို ထင်ရှားပေါ်လွင်နေပါတယ်။
စစ်လော်ဘီဘညွန့်ချယ်နယ်ဟာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကိုပုံဖျက်တိုက်ခိုက်တိုက်တဲ့ သတင်းအတုသတင်းအမှားတွေကို ဖြန့်ဝေနေတဲ့ တယ်လီဂရမ်ချယ်နယ်ဖြစ်တာကြောင့် အဲ့ဒီချယ်နယ်က တင်တဲ့သတင်းအကြောင်းအရာတွေကို သတိထားဖတ်ရှုဖို့အတွက်လိုအပ်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည်ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် Real or Not ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။