FACT CHECK| နားအိုက်ခန့်ရွာ က မိသားစု ၃ဦးကို TNLA ကသတ်ဖြတ်သွားတယ်ဆိုတဲ့သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)

စက်တင်ဘာ ၃၀ ၊ ၂၀၂၅ 

 

အနှစ်ချုပ်အကြောင်းအရာ

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်က ဖြန့်ဝေနေတဲ့ “နားအိုက်ခန့်ရွာရှိ မိသားစု ၃ဦးကို TNLA က သတ်ဖြတ်သွားတယ်ဆိုတဲ့အကြောင်းအရာသည်” မှားယွင်းချိတ်ဆက်ပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ဖြစ်ကြောင်းကို ဟုတ်တယ် Vs  မဟုတ်ဘူးအဖွဲ့က အချက်အလက်စိစစ်ထားပါတယ်။  

 

ဖြန့်ဝေထားမှု 

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်ဖြစ်တဲ့ “ရွှေနေကြာ” တယ်လီဂရမ်ချယ်နယ်မှာ “TNLA ရဲ့ မိသားစုလိုက်သတ်ဖြတ်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ နားအိုက်ခန့်ကျေးရွာက မိသားစု ၃ဦးအသတ်ခံရတဲ့ ဖြစ်စဉ်ဟာ TNLA က သတင်းပေါက်ကြားမှာစိုးရိမ်တဲ့အတွက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဇာတ်ကြောင်းနဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာဟာ ကြည့်ရှုသူ ၃သောင်းခွဲကျော်နဲ့ပျံ့နှံ့နေ တာဖြစ်ပါတယ်။

 ဖြန့်ဝေထားမှုကိုဒီလင့်ခ်မှာကြည့်ရှုနိုင်ပါတယ် >>> https://archive.ph/WckZT  

 

အချက်အလက်စိစစ်မှု  

ဖြန့်ဝေထားတဲ့အကြောင်းအရာကို အချက်အလက်စိစစ်နိုင်ဖို့အတွက် Google မှာ “နားအိုက်ခန့်ကျေးရွာ” ဆိုတဲ့ စကားလုံးနဲ့ ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာအနီး ယာယီစစ်ရှောင်နေကြရတဲ့ ဘုန်းကြီးတပါး၊ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ယောက်နဲ့ မိခင်ဖြစ်သူတို့ အသတ်ခံခဲ့ရတဲ့သတင်းတွေကို သတင်းဌာနတွေမှာဖော်ပြထားကြပါတယ်။ 

 

ဒါပေမယ့် စစ်တပ်ဝါဒဖြန့်ချယ်နယ်ကစွပ်စွဲထားသလိုမျိုး TNLA က သတ်ဖြတ်ထားတယ်ဆိုတဲ့ အထောက်အထားနဲ့ အချက်အလက်တွေမပါဝင်ဘဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ရဲ့တပ်တွေက သတ်ဖြတ်သွားတယ်ဆိုတာကိုပဲ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ 

 

DVB သတင်းဌာနရဲ့သတင်း ဖော်ပြထားမှုမှာဆိုရင်လည်း စစ်တပ်က မိသားစု ၃ဦးကို သတ်ဖြတ်သွားတာဖြစ်ပြီး အသက် ၁၆နှစ်အရွယ် မိန်းကလေးငယ်ဟာလည်း အဓမ္မပြုကျင့်ပြီးအသတ်ခံခဲ့ရတာဖြစ် တယ်လို့ ရေးသားထားပါတယ်။
DVB ရဲ့ သတင်းလင့်ခ် >>> https://bit.ly/486dJ1X 

 

Myanmar Now သတင်းဌာနရဲ့ သတင်းထဲမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်တပ်က  ဘုန်းကြီးတစ်ပါးနဲ့ အရပ်သား သုံးဦးကို စစ်တပ်ကသတ်ဖြတ်သွားကြောင်းကို ရေးသားဖော်ပြ ထားပါတယ်။

Myanmar Now ရဲ့ သတင်းလင့်ခ်>>> https://bit.ly/3IF1QWv 

 

ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေမြေသတင်းဌာနကလည်း “ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်” ဆိုပြီး သတင်းဆောင်းပါးရေးသားထားပါတယ်။ 

 

ရွှေဖီမြေသတင်းဌာနရဲ့သတင်းလင့်ခ်>>> https://bit.ly/4mEjOGm 

 

သုံးသပ်ချက် 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် တွေမှာ ဖြန့်နေတဲ့အကြောင်းအရာဖြစ်တဲ့ နားအိုက်ခန့်ရွာ က မိသားစု ၃ဦးကို TNLA ကသတ်ဖြတ်သွားတယ်ဆိုတာက  မှားယွင်းချိတ်ဆက်ပြီးလုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ 

 

အကြံပြုချက် 

 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံမယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #TNLA #နားအိုက်ခန့်