Fact-check – Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
ဇူလိုင် ၃၁ ၊ ၂၀၂၅
လူမှုမီဒီယာ Facebook စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့သတင်းတခုကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က တွေ့ရှိထားပါတယ်။ အဲ့ဒီအကြောင်းအရာကတော့ သင်္ဃန်းညီနောင် ဗျူဟာမှ KNUနဲ့ PDF တွေ ဆုတ်ခွာနေပြီဆိုပြီး ရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စဝ်နန်း ဝတီ မောင် ဆိုတဲ့ အကောင့်က ဓာတ်ပုံ ၁ပုံနဲ့အတူ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာကတော့(မူရင်းအတိုင်း)“ဇူလိုင်၃၀၊သင်္ယန်းညီနောင်၃၅၅၊၃၅၆၊၃၅၇၊ညီနောင်ဗျူဟာမှKNU&PDFတို့ဆုတ်ခွာထွက်ပြေးနေပြီဟုသိရပါတယ်။ ဒီနေဧပြီ၂၅ရက်ညနေ၃နာရီခွဲအချိန်မှစ တင်ပြီးမြဝတီတံတားအမှတ်(၂)ထိပ်၊သင်္ယန်းညီနောင်တံတားထိပ်နဲ့ရေပူဘက် ကသုတ်သင်ရှင်းလင်း ရေးစစ်ကြောင်းများ မြေလှ်န်ထ်ယ်ထိုးနေကြောင်းသိရသည်။ ဒေါနတောင်ပေါ်အထိအောင်ဇေယျ ကွန်မန်ဒိုစစ်ကြောင်းများရဲ့လို်က်လံထပ်မံရှင်းလင်းခံနေရကြောင်း KNU ဖဒိုစောတာနီးကပြော ဆိုသည်ကို တွေ့ရ။ Crd ” ဆိပီုးဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာပို့စ်ဟာ Like ၄၀၀ ကျော် မှတ်ချက်ပြုသူ ၂၀ကျော်နဲ့ပြန်လည်မျှဝေသူ ၄၀ ကျော်ရှိနေပါတယ်။ ဖြန့်ဝေထားတဲ့ပို့စ်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
Web Archived Link>>> https://archive.ph/hrNpy
အချက်အလက်စိစစ်ချက်
စဝ်နန်း ဝတီ မောင် ဆိုတဲ့ အကောင့်က ဖော်ပြထားတဲ့အကြောင်းအရာတွေထဲမှာပါတဲ့အချက်ဖြစ်တဲ့ သင်္ဃန်းညီနောင်၃၅၅၊၃၅၆၊၃၅၇၊ညီနောင်ဗျူဟာမှKNU&PDFတို့ဆုတ်ခွာထွက်ပြေးနေပြီဟုသိ ရပါတယ် ဆိုတဲ့အချက်ကို အချက်အလက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ မှားယွင်းနေတာကိုတွေ့ရပါတယ်။
သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခလရ ၃၅၅၊၃၅၆၊၃၅၇၊ကို ပြီးခဲ့သည့်နှစ် ၂၀၂၄ခုနှစ် မတ်လကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
နောက်ထပ်ပို့စ်ထဲမှာပါတဲ့အကြောင်းအရာမှာဆိုရင်လည်းရက်စွဲမှားနေတာတွေ့ရပါတယ်။ မူရင်းပို့စ်မှာ ရေးသားထားတဲ့ဒီနေဧပြီ၂၅ရက်ညနေ၃နာရီခွဲအချိန်မှစတင်ပြီးမြဝတီတံတားအမှတ်(၂)ထိပ်၊ သင်္ဃန်း ညီနောင်တံတားထိပ်နဲ့ရေပူဘက် ကသုတ်သင်ရှင်းလင်း ရေးစစ်ကြောင်းများ မြေလှန်ထယ်ထိုးနေ ကြောင်းသိရသည် ဆိုတဲ့အကြောင်းအရာဟာ ပြီးခဲ့တဲ့ နှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဧပြီလက အကြောင်းအရာ ကိုပြန်လည်တင်ထားတာဖြစ်ပြီး အဲ့ဒီတုန်းက KNU နဲ့ တော်လှန်ရေးတပ်တွေဟာ မြဝတီမြို့နယ်ကနေ နည်းဗျူဟာမြောက် ဆုတ်ခွာပေးခဲ့ရဖူးပါတယ်။ ဒီအကြောင်းအရာကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ရက်နေ့တုန်းက KIC သတင်းဌာနမှာ ဖော်ပြထား ပါတယ်။ အဲ့ဒီသတင်းမှာပါတဲ့ ပုံကိုပဲ စစ်လော်ဘီ စဝ်နန်း ဝတီ မောင်က ပြန်လည်အသုံးပြုပြီး သတင်းအမှားဖြန့်ထားတာဖြစ်ပါတယ်။
KIC သတင်းဌာနရဲ့ လင့်ခ်>>> https://bit.ly/3ISzGHm
သင်္ဃန်းညီနောင်အခြေစိုက် တပ်ရင်း ၃ရင်းကနေ KNU နဲ့ PDF တပ်ဖွဲ့ တွေထွက်ပြေးတယ်ဆိုတဲ့အကြောင်းကို ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမျိုး လုံးဝမတွေ့ရပါဘူး။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီးပြန်ထိန်းချုပ်ထားတဲ့ နေရာကတော့ ကရင်ပြည်နယ် ၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ကို ဆက်သွယ်ထားသည့် အာရှလမ်းမကို ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ မဇ္ဈိမသတင်းဌာနက ဒီသတင်းကို ဖော်ပြထားတဲ့ လင့်ခ်ကို အောက်မှာဖတ်ရှုနိုင်ပါတယ်။
မဇ္ဈိမသတင်းဌာနရဲ့ လင့်ခ်>>> https://bit.ly/3U6sdXC
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်လော်ဘီဖြစ်တဲ့ စဝ်နန်း ဝတီ မောင် ဆိုတဲ့အကောင့်ကဖော်ပြထားတဲ့ သင်္ဃန်းညီနောင်၃၅၅၊၃၅၆၊၃၅၇၊ညီနောင်ဗျူဟာမှKNU&PDFတို့ဆုတ် ခွာနေပြီဆိုတဲ့အကြောင်းအရာက အရင်တုန်းက ဓာတ်ပုံနဲ့ဖြစ်စဉ်အဟောင်းကိုအသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဖြန့်ဝေထားတဲ့ စဝ်နန်း ဝတီ မောင် အကောင့်ဟာ ဆိုရင်လည်း သတင်းအတုသတင်းအမှားတွေနဲ့ တော်လှန်ရေးကို ပုံဖျက်တဲ့ အကြောင်းအရာတွေကို ဖြန့်ဝေနေတဲ့အကောင့်ဖြစ်တာကြောင့် သတိထား ပြီးမှ အဲ့ဒီအကောင်ကတင်တာတွေကို ဖတ်ရှုဖို့လိုအပ်ပါတယ်။ ဒီအကောင့်ကနေဖြန့်ထားတဲ့သတင်းအ မှားတွေကို အချက်အလက်စစ်ဆေးထားတဲ့ပို့စ်တချို့ကို အောက်ကလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
Link 1 >>> https://bit.ly/40MfixI
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။
တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #PDF #အချက်အလက်စစ်ဆေးခြင်း