စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တခု ဖြစ်တဲ့ နေပြည်တော် တယ်လီဂရမ်ချယ်နယ်ကနေ ဒေါ် အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပုံဖျက်တိုက်ခိုက်ထားတဲ့ အကြောင်းအရာတခုကို ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့အကြောင်းအရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ပွဲလုပ်တုန်းက ပုံကိုပြုပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ကျဉ်းတွေကို အမြန်သတ်ဖို့အတွက် NUG အဖွဲ့က တောင်းဆိုနေတယ်ဆိုတဲ့ ဇာတ်ကြောင်းနဲ့ ပုံဖျက် တိုက်ခိုက်ထားတာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ ပျံ့နှံ့မှုအနေနဲ့ View ၉ထောင်ကျော်နဲ့ပျံံနှံ့နေတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့အကြောင်းအရာကို ဒီလင့်ခ်မှာသွားကြည့်နိုင်ပါတယ်။
Web Archived >>> https://archive.ph/P7evp
အချက်အလက်စိစစ်ချက်
ဖြန့်ဝေထားတဲ့ပို့စ်မှာ အသုံးပြုထားတဲ့ ပုံကို Google Lens အသုံးပြုပြီး အင်တာနက်မှာရှာဖွေကြည့် လိုက်တဲ့အခါမှာတော့ မူရင်းပုံက ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်၈၀နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်လုပ်ခဲ့တုန်းက ဓာတ်ပုံဖြစ်နေတာ တွေ့ရပါတယ်။ အဲ့ဒီဓာတ်ပုံမှာပါဝင်တဲ့ ဗီနိုင်းစာသားနေရာကို ပြုပြင်ပြီး ပြန်လည်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံရဲ့ မူရင်းအကြောင်းအရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲကို ဇွန်လ ၁၉ရက်နေ့တုန်းက ကသာမြို့နယ်မှာ ၅/ကသာ လူထုအောင်လံသပိတ်အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် နဲ့ နိုင်/ကျဉ်း အားလုံး အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာကို ခေတ်သစ်သတင်းဌာန ကသတင်းဖော်ပြထားပါတယ်။
မူရင်းပုံပါဝင်တဲ့ သတင်း>>>> https://bit.ly/4mH0t88
အဲ့ဒီအကြောင်းအရာကိုပဲ PVTV က ဖော်ပြထားတဲ့ သတင်းကို ဒီလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။
PVTV မှ ဖော်ပြထားသော သတင်း>>>> https://bit.ly/4oCXTSu
အလားတူ အဲ့ဒီအကြောင်းအရာကိုပဲ DVB သတင်းဌာနကလည်းသတင်းဖော်ပြထားပါတယ်။ ဒီလင့်ခ် မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
DVB မှ ဖော်ပြထားသော သတင်း>>>> https://bit.ly/4fAi9zW
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့စိစစ်ကြည့်လိုက်မယ်ဆိုရင် နေပြည်တော် တယ်လီဂရမ်ချယ်နယ် ကဖြန့်ဝေထားတဲ့ ပို့စ်မှာအသုံးပြုထားတဲ့ ဓာတ်ပုံဟာ မူရင်းဓာတ်ပုံကို ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံဆိုတာကို တွေ့ရှိရ မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာ ပြုပြင်ဖန်တီးထားတဲ့ သတင်းအမှားအကြောင်းအရာဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော် ချယ်နယ်ဟာလုပ်ကြံဖန်တီးထားတဲ့ သတင်း အမှားတွေ နဲ့ ပုံဖျက်တဲ့သတင်းတွေ တင်ပြီး စစ်တပ်ဝါဒဖြန့်ချိနေတဲ့ ချယ်နယ်ဖြစ်တာကြောင့် အဲ့ဒီချယ်နယ်ကတင်တာတွေကိုသတိထားဖတ် ရှုဖို့အတွက်လိုအပ်ပါတယ်။ နေပြည်တော်ချယ်နယ်ကဖြန့်ဝေထားတဲ့ သတင်းအတုသတင်းအမှားတွေကို အချက်အလက်စစ်ဆေးထားတဲ့ ပို့စ်တချို့ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
(၁) https://bit.ly/45tPIix
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။
တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း