Fact-check – Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
ဩဂုတ် ၁၊ ၊ ၂၀၂၅
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်တခုဖြစ်တဲ့ Snow Queen ချယ်နယ်ကနေ ဖြန့်ဝေလာတဲ့ သတင်းတခုကို ဟုတ်တယ် Vs မဟုတ်ဘူးအဖွဲ့က တွေ့ရှိထားပြီးအချက်အလက်စစ်ဆေးထားပါတယ်။ ဖြန့်ဝေထားတဲ့ သတင်းအကြောင်းအရာကတော့ စစ်ကောင်စီက ကွတ်ခိုင်မြို့ရှိ ရာစုသစ်ဟိုတယ်ကို ဗုံးကြဲရာတွင် TNLAအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ နှစ်ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့အကြောင်း အရာ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာဟာ ပျံ့နှံ့မှု ၁သောင်းကျော်ရှိနေပြီးတော့ ဖြန့်ဝေထားတဲ့ ပို့စ်ကို ဒီလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။
Web Archive>>> https://archive.ph/8cj6W
အချက်အလက်စိစစ်ချက်
Snow Queen ချယ်နယ်ကနေ ဖြန့်ဝေလာတဲ့ သတင်းအကြောင်းအရာဖြစ်တဲ့ စစ်ကောင်စီက ကွတ်ခိုင်မြို့ရှိ ရာစုသစ်ဟိုတယ်ကို ဗုံးကြဲရာတွင် TNLAအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ နှစ်ဦးထက်မနည်းသေဆုံးဆိုတဲ့ အကြောင်းအရာကို သိရှိနိုင်ဖို့အတွက် Google မှာ ရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ စစ်ကောင်စီဟာ ကွတ်ခိုင်မြို့မှာရှိတဲ့ ရာစုသစ်ဟိုတယ်ကို ဇူလိုင်လ ၂၉ ရက်နေ့ ညသန်းခေါင် အချိန်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တဦးအပါအဝင် ၅ဦးသေဆုံး တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒီအကြောင်းအရာကို Myanmar Now သတင်းဌာနက သတင်းဖော်ပြ ထားပြီးတော့ TNLA ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ သေဆုံးသူတွေထဲပါဝင်တယ်ဆိုတာကို ရေးသားထား တာမျိုးမရှိပါဘူး။
Myanmar Now ရဲ့ သတင်းလင့်ခ် >>> https://bit.ly/4l84Ess
နောက်ထပ်သတင်းဌာနကြီးတခုဖြစ်တဲ့ ဘီဘီစီသတင်းဌာနမှာလည်း ကွတ်ခိုင်မြို့ ရာစုသစ်ဟိုတယ် ဗုံးကြဲခံရမှုနဲ့ပတ်သက်တဲ့သတင်းတပုဒ်ကိုဖော်ပြထားပြီးတော့ ဒီလေကြောင်းတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံ သားတဦး ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့အကြောင်းကို ကိုးကန့်တပ် MNDAA ကထုတ်ပြန်ထားတယ်ဆို ပြီးရေးသားဖော်ပြထားပါတယ်။ Snow Quuen တယ်လီဂရမ်ချယ်နယ်က စွပ်စွဲထားသလိုမျိုး TNLA တာဝန်ရှိသူတွေဟာ ဒီဗုံးကြဲခံရမှုမှာ ထိုက်ခိုက်သေဆုံးတာမျိုးမရှိဘူးဆိုတာကို တွေ့ရပါတယ်။
BBC သတင်းဌာနကဖော်ပြထားတဲ့သတင်း >>> https://bit.ly/4octs5j
People’s Spring သတင်းဌာနကလည်း ကွတ်ခိုင်မြို့ ရာစုသစ်ဟိုတယ်ဗုံးကြဲခံရမှုသတင်းကိုရေးသား ဖော်ပြထားပြီး အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိတယ် လို့ရေးသားဖော်ပြထားပါတယ်။ TNLA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတယ်ဆိုတာမျိုးကိုရေးသားဖော်ပြထားတာမျိုးမတွေ့ရပါဘူး။
People’s Spring သတင်းဌာနရဲ့ သတင်း>>> https://bit.ly/4fiG9aG
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ စိစစ်သုံးသပ်လိုက်မယ်ဆိုရင် စစ်ကောင်စီက ကွတ်ခိုင်မြို့ရှိ ရာစုသစ်ဟိုတယ်ကို ဗုံးကြဲရာတွင် TNLAအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ နှစ်ဦးထက်မနည်းသေဆုံးဆိုတဲ့ သတင်းဟာ ဖြစ်စဉ်အမှန်ကိုအခြေခံပြီး လိုရာဆွဲရေးသားဖော်ပြထားသည့် အချက်အလက်လွဲမှားနေတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကိုစစ်ဆေးတွေ့ရှိရမှာဖြစ်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။
တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း