Fact-check – Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
ဩဂုတ် ၄၊ ၂၀၂၅
လူမှုမီဒီယာ Facebookပေါ်က စစ်တပ်ဝါဒဖြန့်အကောင့်တခုဖြစ်တဲ့ စဝ်နန်း ဝတီ မောင် အကောင့်ကနေ ဖြန့်လာတဲ့အကြောင်းအရာတခုကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က တွေ့ရှိခဲ့ပြီးတော့ အချက်အလက် စစ်ဆေးထားပါတယ်။ အဲ့ဒီအကောင့်ကဖြန့်လာတဲ့အကြောင်းအရာကတော့ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနဲ့ဇရပ်ကွင်း PDF စခန်းတွေကို ဗုံးကြဲလို့ ပကဖ ၂၀ကျော်သေတယ်ဆိုတဲ့အကြောင်းအရာ ဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ ပျံ့နှံ့မှု များနေပြီး Like and React ၃၆၀ကျော်နဲ့ Share ၂၇ ခုနဲ့ပျံ့နှံ့နေပါ တယ်။ ဖြန့်ဝေထားတဲ့အကြောင်းအရာကို ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
Web Archived >>> https://archive.ph/2ZBXB
အချက်အလက်စိစစ်ချက်
စစ်လော်ဘီအကောင့်ကဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနဲ့ဇရပ်ကွင်း PDF စခန်းတွေကို ဗုံးကြဲလို့ ပကဖ ၂၀ကျော်သေတယ်ဆိုတာနဲ့ပတ်သက်ပြီး စိစစ်နိုင်ဖို့အတွက် Google မှာ ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ဟာမှန်ကန်ကြောင်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။
ဩဂုတ်လ ၂ရက်နေ့ မနက်ပိုင်းမှာ ချောင်းကြီးကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ ၂ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားသေဆုံးသွားတယ်ဆိုတာကို မန္တလေးဒေသတွင်းအခြေ စိုက်သတင်းမီဒီယာတခုဖြစ်တဲ့ Mandalay Free Press – MFP က ရေးသားဖော်ပြထားပါတယ်။ ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
သတင်းလင့်ခ်>>> https://bit.ly/3GTnTrK
လွတ်လပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြမှုမှာလည်း ချောင်းကြီးကျေးရွာ ဗုံးကြဲခံရမှုကြောင့် အရပ်သား ပြည်သူလူထု စုစုပေါင်း ၇ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး ရှိတယ်လို့ဖော်ပြထားပါတယ်။
Myanmar Now သတင်းဌာနသတင်း >>> https://bit.ly/45hGNk5
ရွှေဖီမြေသတင်းဌာနရဲ့ သတင်းဖော်ပြချက်ထဲမှာလည်း သြဂုတ် ၂ ရက်နေ့နဲ့ သြဂုတ် ၃ ရက်တွေမှာ ချောင်းကြီးကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းကတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တွေသေဆုံးခဲ့တဲ့အကြောင်းကို သတင်းဖော်ပြထားပါတယ်။
ရွှေဖီမြေသတင်းဌာနရဲသတင်းဖော်ပြမှု>>> https://bit.ly/3JijnDC
လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာဖော်ပြထားချက်အရ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေဟာ အရပ်သားတွေဖြစ်ပြီး စစ်လော်ဘီအကောင့်က ဖော်ပြထားသလိုမျိုး ပကဖ တွေ သေဆုံးတယ်ဆိုတာကိုမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်လော်ဘီအကောင့်က ဖြန့်ဝေထားသလိုမျိုး သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနဲ့ဇရပ်ကွင်း PDF စခန်းတွေကို ဗုံးကြဲလို့ ပကဖ ၂၀ကျော်သေတယ်ဆိုတဲ့အကြောင်းအရာဟာ ဖြစ်စဉ်အမှန်ကိုအခြေခံပြီး လိုရာဆွဲရေးသားဖော်ပြထားသည့် အချက်အလက်လွဲမှားနေတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရမှာဖြစ်ပါတယ်။
ဒါ့အပြင် စဝ်နန်း ဝတီ မောင် ဆိုတဲ့အကောင့်ဟာ စစ်တပ်ဝါဒဖြန့်အကောင့်တခုဖြစ်တာကြောင့် အဲ့ဒီ အကောင့်ကတင်တဲ့အကြောင်းအရာတွေကို သတိထားပြီးမှ ယုံကြည်ကြဖို့လိုအပ်ပါတယ်။
စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရတဲ့ သတင်းအကြောင်းအရာ တိုင်းကို အလွယ်တကူ လက်ခံယုံကြည် ပြီး Share မလုပ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။
တကယ်လို့ ကိုယ်တိုင် သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် Messenger မှာ သိချင်တဲ့ သတင်းအကြောင်းအရာကို လင့်ခ် ဒါမှမဟုတ် Screenshot တွေနဲ့အတူ လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် ခွဲခြားခိုင်းလို့ရပါတယ်။ အမြန်ဆုံးစိစစ်ပြီး ပြန်လည်အကြောင်းပြန်ပေးသွားပါမယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
#RealorNor(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း