Did Daw Aung San Suu Kyi and the generals meet?

It was reported that some military generals went to meet Daw Aung San Suu Kyi, who was imprisoned in Nay Pyi Taw prison, sparking controversy. Military leaders see This move as an attempt to find a way out of their dilemma. It is speculated that this action could potentially facilitate more effective propagation and division within the armed resistance.

Summary of the process:

In 2023, several generals from the military council reportedly visited State Counselor Daw Aung San Suu Kyi, who was unjustly imprisoned in Nay Pyi Taw prison. This visit caused controversy in June.

The generals involved in the visit were identified as Lieutenant General Soe Thut, Minister of the Interior of the Military Council; Lieutenant General Yar Pyae, and retired Lieutenant General Khin Zaw Oo. News reported meeting with Daw Aung San Suu Kyi on two occasions, specifically on May 27, 2023, and June 4, 2023.

The military council denied the existence of such meetings, claiming they were fabricated.

However, despite the military council’s denial, Daw Aung San Suu Kyi revealed that similar undisclosed meetings had occurred.

In November 2022, members of the NLD Party Central Committee, Daw Sandar Min and U Toe Lwin, reportedly met with Daw Aung San Suu Kyi, initially denied by stakeholders but later admitted.

Additionally, on March 25, 2023, with permission from the Military Council, Daw Aung San Suu Kyi was allowed to meet with some members of the NLD Party Central Committee, though she reportedly refused.

Pro-military Telegram channels initially circulated the news of the alleged meeting, which General Zaw Min Tun, the spokesperson of the Military Council, later denied as inaccurate. The media’s coverage of the “meeting” was subsequently criticized and altered.

The Red Flag conducted a study on this misinformation and propaganda surrounding the purported meetings between the Military Council and Daw Aung San Suu Kyi.

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။

၁။ ဖြစ်စဉ်အကျဉ်းချုပ်

နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးအချို့ သွားရောက်တွေ့ဆုံခဲ့သည်ဟုသော အကြောင်းအရာသည် ၂၀၂၃၊ ဇွန်လတွင် လှုပ်လှုပ်ခတ်ခတ် ထွက်ပေါ်လာခဲ့သည်။

သွားရောက်တွေ့ဆုံခဲ့သည် ဆိုသည့် ဗိုလ်ချုပ်များမှာ စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်က တစ်ကြိမ်၊ ၂၀၂၃ခုနှစ် ဇွန်လ ၄ ရက်နေ့က တစ်ကြိမ် နေပြည်တော် အချုပ်ထောင်တွင် သွားတွေ့ခဲ့ကြကြောင်း သတင်းဌာန အချို့က နာမည်၊ ရက်စွဲအတိအကျဖြင့် ဖော်ပြခဲ့ကြသည်။

ယင်းတွေ့ဆုံမှုသည် “မရှိခဲ့ကြောင်း” စစ်ကောင်စီဘက်မှ  ပြန်လည်ငြင်းဆိုထားပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စစ်ကောင်စီဘက်မှ စီစဉ်ပေးမှုများရှိခဲ့သော်လည်း ထုတ်ဖော်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်း မရှိခဲ့သည့် သာဓကများ ရှေ့တွင်ရှိခဲ့ဖူးသည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလထဲတွင် NLD ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ခြင်းကို သတင်းဌာနများက ဖော်ပြခဲ့သော်လည်း ကာယကံရှင်များ ဘက်မှ အစပိုင်းတွင် ငြင်းဆိုခဲ့ပြီး၊ နောက်ပိုင်းတွင်မှ သတင်းစာရှင်းလင်းပွဲလုပ်ကာ တွေ့ကြောင်း ဝန်ခံခဲ့သည်။

ထို့ပြင်၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဗဟိုကော်မတီဝင်တချို့ကို တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များမှလည်း “တွေ့ဆုံကြောင်း” သတင်းထွက်ပေါ်လာသည့် အစပိုင်းတွင် တွေ့ဆုံခြင်းသည် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ဖြန့်ချိကြသော်လည်း၊ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “မမှန်ကန်ကြောင်း” ငြင်းဆိုခဲ့သည့် ဇွန်လ ၁၃ ရက်တွင်မှ “တွေ့ဆုံသည့် ဖြစ်စဉ်မှာ သတင်းမှားဖြစ်ကြောင်း၊ မီဒီယာများမှ လိမ်လည်တင်ပြကြကြောင်း” တပြိုင်တည်းနီးပါး ပြောင်းလဲဖြန့်ချိခဲ့ကြပါသည်။

ထိုကြောင့် စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ခြင်းရှိ၊ မရှိ နှင့် ဖြစ်နိုင်ဖွယ်တို့ကို သတင်းတု၊ သတင်းမှားနှင့် ဝါဒဖြန့်ချိရေး ရှုထောင့်မှ လေ့လာချက် အနေနှင့် The Red Flag မှ သုံးသပ်ထားပါသည်။

The beginning of the process:

The Ayeyarwaddy Times News initially reported on the afternoon of June 12 that some generals had met with Daw Aung San Suu Kyi.

Among the military council’s vice prime ministers, Lieutenant General Soe Thut Kyi, Minister of the Interior, was reported to have visited Daw Aung San Suu Kyi along with Lt. Gen. Ra Penu and retired Lt. Gen. Khin Zaw Oo on May 27 and June 4.

There were discrepancies among news outlets in their coverage of the meeting. While some outlets confirmed the meeting, others labeled it as false or did not mention it at all.

The Red Flag’s analysis revealed that four news outlets reported on the meeting, each providing slightly different details, yet all seemingly from the same source.

  1. Ayeyarwaddy Times News reported:

“It is known that they visited Daw Aung San Suu Kyi to discuss peace issues and address ongoing violence. Daw Aung San Suu Kyi reportedly did not respond.”

  1. The Irrawaddy: Burmese Edition stated:

“The discussion primarily focused on current external issues and efforts to counter the PDFs.”

  1. RFA Burmese confirmed:

“We can confirm that the meeting occurred twice. While previous sightings were reported, they could not be verified. The purpose of the meetings was to discuss peace efforts and address violence. Daw Aung San Suu Kyi reportedly did not provide any comments.”

  1. Mizzima news agency reported:

“Daw Aung San Suu Kyi reportedly did not comment on the meetings. The meetings took place on May 27 and June 4, according to confirmed reports. While there were previous indications of such meetings, they could not be confirmed.”

All four outlets shared similar information with the same sources, though the timing of their reports varied, as evident in the provided links.

၂။ ဖြစ်စဉ် အစ

စစ်ဗိုလ်ချုပ်အချို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း Ayeyarwaddy Times News သတင်းဌာနက ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းတွင် ကနဦး စတင်ဖော်ပြခဲ့သည်။

သွားရောက်ခဲ့သည့် စစ်ဗိုလ်ချုပ်များမှား အာဏာသိမ်းစစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မှ မေလ ၂၇ ရက် နှင့် ဇွန်လ ၄ ရက်တွင် တွေ့ဆုံခဲ့ကြောင်းကို ဇွန်လ ဦးစွာသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

သတင်းဌာနများအကြားတွင်လည်း ကွဲပြားမှုများ ရှိခဲ့သည်။ အချို့သတင်းဌာနများမှာ တွေ့ဆုံမှု မှန်ကန်ကြောင်း ဖော်ပြသည်။ အချို့က တွေ့ဆုံမှုမှာ မဟုတ်မှန်ကြောင်း ဖော်ပြသည်။ အချို့မှာ ထိုအကြောင်းအရာအား မဖော်ပြကြပေ။

The Red Flag ၏ လေ့လာစုစည်းချက်အရ တွေ့ဆုံခဲ့သည် ဟု ဖော်ပြခဲ့သည့် သတင်းဌာန စုစုပေါင်း လေးခု ရှိခဲ့ပါသည်။

ထူးခြားချက်မှာ ထိုသတင်းဌာနလေးခုစလုံးတွင် ဖော်ပြထားသည့် အသီးသီးသော နေပြည်တော် သတင်းရင်းမြစ်(တို့)၏ ပြောစကား မှာ မနီးရိုးစွဲရှိပြီး အာဘော်တူညီနေသည်ကို တွေ့ရသည်။ 

၁။ ဦးစွာဖော်ပြခဲ့သည့် Ayeyarwaddy Times Newsသတင်းဌာမှ ဖော်ပြသည့် ပြောစကား-

“ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ကူဖို့တို့ အကြမ်းဖက်မှုတွေ ကို ရပ်တန့်ပေးဖို့တို့ သွားပြောတယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှပြန်မပြောဘူးလို့ သိရတယ်”

၂။ The Irrawaddy- Burmese Edition သတင်းဌာနမှ ဖော်ပြသည့် ပြောစကား-

“အဓိကတော့ အခုအပြင်မှာဖြစ်နေတဲ့ ကိစ္စတွေကို သွားပြောတာ၊ PDF တွေကို တားပေးဖို့သွားပြောတာ”

၃။  RFA Burmese သတင်းဌာနမှ ဖော်ပြခဲ့သည့် ပြောစကား-

“ကျွန်တော်တို့ အတည်ပြုလို့ရတာတော့ နှစ်ခေါက်တွေ့တယ်ပေါ့နော်။ ဒီမတိုင်ခင်ကလည်း တွေ့တာတွေ ရှိသေးတယ်လို့ဆိုပေမယ့် အတည်မပြုနိုင်ဘူး။ တွေ့တဲ့အချိန်မှာတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ကူလုပ်ပေးဖို့၊ ပြီးတော့ အကြမ်းဖက်မှုတွေကို တားပေးဖို့ပေါ့။ အန်တီကတော့ ဘာမှတ်ချက်မှ ပေးတာမရှိဘူးလို့ သိရတယ်”

၄။ Mizzima သတင်းဌာနတွင် ဖော်ပြခဲ့သည့် ပြောစကား

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှမှတ်ချက်မပေးဘူးလို့ သိရတယ်။ အခုက နှစ်ကြိမ်တွေ့တယ် ပေါ့။ မေ ၂၇ ရက်နေ့မှာတကြိမ်၊ ပြီးရင် ဇွန်လ ၄ ရက်နေ့မှာ တကြိမ်။ ဒါကတော့ ရက်အတည်ပြုလို့ ရတာ။ သည့်မတိုင်ခင် ရှေ့ပိုင်းမှာလည်း တွေ့နိုင်တဲ့အခြေအနေတွေရှိတယ်။ ဒါပေမဲ့ အတည်ပြုလို့မရဘူး”

ထိုသို့သော တူညီသော အာဘော်များဖြင့် ဇွန်လ ၁၂ ရက်တွင် သတင်းတင်ဆက်ခဲ့ကြခြင်း ဖြစ်သည်။ သတင်းတင်ခဲ့သည့် အချိန်ကွာခြားချက်များကိုလည်း အောက်ပါလင့်များတွင် ထည့်သွင်းဖော်ပြထား၍ လေ့လာနိုင်ပါသည်။

News links where you can learn:

  1. Some military council leaders visit Daw Aung San Suu Kyi in Nay Pyi Taw prison (Ayeyarwaddy Times News – 12 June 2023- 12:38 p.m.)
  2. Military Council delegation visits imprisoned Daw Aung San Suu Kyi (The Irrawaddy Burmese Edition – 12 June 2023- 13:05 p.m.)
  3. Some military generals went to meet with Daw Aung San Suu Kyi (RFA: Burmese – 12 June 2023- 16:13 p.m.)
  4. Military Council Delegation to meet Daw Aung San Suu Kyi (The Irrawaddy Burmese Edition – 12 June 2023- 19:24 p.m.)
  5. Military Council delegation to meet Daw Aung San Suu Kyi (video/audio) (The Irrawaddy Burmese Edition – 12 June 2023- 19:51 p.m)
  6. Some generals went to see State Counselor Daw Aung San Suu Kyi (Mizzima – 12 June 2023)
  7. Some generals went to meet Daw Aung San Suu Kyi (The Mindat Post – 12 June 2023- 21:06 p.m.)
  8. Is the military council trying to use Daw Aung San Suu Kyi (RFA: Burmese – 13 June 2023- 06:10 a.m.)

The SAC’s Denial

General Zaw Min Tun, spokesperson for the military council, categorically denied the existence of the meeting, dismissing it as mere rumor. Two media outlets reported on the interview, with VOA-Burmese news agency releasing the report on June 13 and BBC Burmese following suit on June 14.

Related News Links:

  1. “Military Council Denies False Reports of Meeting with Daw Aung San Suu Kyi” (VOA-Burmese – June 13, 2023).
  2. What Does the Military Council Say About Meeting with Daw Aung San Suu Kyi?” (BBC Burmese – June 14, 2023 – 8:30 a.m.).
  3. Military Council Denies Allegations of Visiting Daw Aung San Suu Kyi; Exact Location of Daw Aung San Suu Kyi’s Detention Not Disclosed” (BBC Burmese – June 14, 2023 – 10:35 a.m.).
  4. Major General Zaw Min Tun Denies Meeting with Daw Aung San Suu Kyi” (Mizzima – June 14, 2023 – 22:50 p.m.).

လေ့လာနိုင်သည့် သတင်းလင့်များ

  1. နေပြည်တော်အကျဉ်းထောင်အတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ခေါင်းဆောင်အချို့ သွားရောက်တွေ့ဆုံ (Ayeyarwaddy Times News – 12 June 2023- 12:38 p.m)
  2. စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ အကျဉ်းကျခံ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ (The Irrawaddy Burmese Edition – 12 June 2023- 13:05 p.m)
  3. စစ်ဗိုလ်ချုပ်အချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ (RFA- Burmese – 12 June 2023- 16:13 p.m)
  4.      စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ (The Irrawaddy Burmese Edition – 12 June 2023- 19:24 p.m)
  5. စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ (ရုပ်/သံ) ( The Irrawaddy Burmese Edition – 12 June 2023- 19:51 p.m)
  6. နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စစ်ဗိုလ်ချုပ်အချို့သွားတွေ့ ( Mizzima – 12 June 2023)
  7. စစ်ဗိုလ်ချုပ်အချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ (The Mindat Post – 12 June 2023- 21:06 p.m)
  8. ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ စစ်ကောင်စီကြိုးပမ်းနေသလား (RFA- Burmese – 13 June 2023- 06:10 a.m)

၃။ စစ်ကောင်စီက ငြင်းဆိုခြင်း

စစ်ကောင်စီဘက်၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တွေ့ဆုံခဲ့မှုသည် “မရှိခဲ့ဘဲ၊ ကောလာဟလသာဖြစ်ကြောင်း ပြန်လည်ငြင်းဆိုသည့် အင်တာဗျူးကို မီဒီယာနှစ်ခုက တင်ပြခဲ့သည်ကို တွေ့ရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ငြင်းဆိုသောပြောစကားပါရှိသည့် သတင်းကို VOA-Burmese သတင်းဌာနမှ ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ BBC Burmese သတင်းဌာနမှ ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဆက်စပ်ဖတ်ရှုနိုင်သည့် သတင်းလင့်များ-

  1. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုသတင်း မမှန်ကြောင်း စစ်ကောင်စီငြင်းဆို (VOA- Burmese – 13 June 2023)
  2. ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တယ်ဆိုတဲ့ကိစ္စ စစ်ကောင်စီဘာပြောလဲ”  (BBC Burmese – 14 June 2023- 8:30 a.m)
  3. ဒေါ်အောင်ဆန်းစုကြည်ကို သွားမတွေ့ခဲ့ဘူးလို့ စစ်ကောင်စီ ငြင်းဆို၊ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့ နေရာကို စစ်ကောင်စီ အတိအကျမပြော (BBC Burmese – 14 June 2023- 10:35 a.m)
  4. ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းငြင်း (Mizzima – 14 June 2023- 22:50 p.m)

Counter-Publication by Military Supporters

On June 12, when the initial news surfaced on pro-military Telegram channels, two channels disseminated the content. These channels may have been propagating biased news. If the meeting did indeed take place, they hinted that the military council could have ulterior motives.

“Nothing happens without reason. At the appointed time, elections will be held in accordance with the constitution, so it must have been suggested to look after oneself. This statement is made because NLD doesn’t want violence. If they can’t control their people, the Tatmadaw will conduct elections and resort to force to restore order. It must be said that this is a favorable outcome for Daw Su. If she insists on not controlling her followers, if she remains stubborn and unyielding, the consequences will fall on Daw Suu Kyi’s shoulders.”

  • Hmine Wai Channel

The phrasing used in the military council lobby’s release, “it must have been suggested to look after oneself,” closely resembles the response from the Nay Pyi Taw news source to the aforementioned news outlets, which stated, “to prevent violence” and “to assist in peace efforts.” However, since the military lobbies posted their content after the news media, it’s conceivable that they adopted the media’s reports as their narrative.

၄။ စစ်တပ်ထောက်ခံသူများ၏ တန်ပြန်ဖြန့်ချိမှု

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များမှ ဤသတင်းစတင်ထွက်ပေါ်လာသည့် ဇွန်လ ၁၂ ရက်တွင် ချန်နယ် နှစ်ခုကာ ယင်းအကြောင်းအရာကို တင်ဆက်ခဲ့သည်။ ဂျင်းသတင်း ဖြစ်နိုင်ကြောင်း၊ တကယ်လို့ တွေ့ဆုံခဲ့ပါကလည်း စစ်ကောင်စီတွင် အခြား အစီအစဉ်များ ရှိနိုင်ကြောင်း ဖော်ပြကြသည်။

“အကြောင်းမဲ့သွားတွေမှာတော့မဟုတ်ဘူး။ သတ်မှတ်အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက် ပွဲလုပ်မှာ ဖြစ်တဲ့အတွက် á€€á€­á€Żá€šá€ˇá€şá€œá€°á€€á€­á€Żá€šá€şá€‘ိန်းဖိုအပဟ္ဏတဏပဲဖဟစ်မယ်။ á€’á€Ťá€€á€˜á€Źá€€á€źá€ąá€Źá€„á€ˇá€şá€•á€źá€ąá€Źá€›á€œá€˛á€†á€­á€Żá€á€ąá€Źá€ˇ နစကက အကြမ်းဖက်တာတွေကို မလိုချင်လို့။ အကယ်၍ ကိုယ့်လူကိုယ်မထိန်းနိုင်ဘူးဆိုရင် တပ်မတော်က ရွေးကောက်ပွဲလုပ်ရတော့မှာဖြစ်တဲ့အတွက် အင်အားသုံးပြီး ငြိမ်အောင်လုပ်တော့မှာ။ ဒါက ဒေါ်စုအတွက် အပ်ကွက်မိတယ်လို့ပြောရမယ်။ သူ့လူတွေကို မထိန်းဘူးလို့ ပြောလိုက်မယ်ဆိုရင် မသိကျိုးကျွံပြုလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးတွေက သူငြင်းလိုက်လို့ ဒီလိုဖြစ်တာဆိုပြီး ဖြစ်သမျှကိစ္စတွေက ဒေါ်စုခေါင်းပေါ်တင်ထားသလို ဖြစ်သွားမယ် ဒါတွေကိုလည်း နစကက ကြိုတင်ပလန်နဲ့သွားမှာပဲ (ရွေးကောက်ပွဲဖြစ်စဉ်ပဲကြည့်)”

  • မှိုင်း ဝေ ချန်နယ်

စစ်ကောင်စီလော်ဘီ ဖြန့်ချိရာတွင် ပါရှိသည့် “ကိုယ့်လူကိုယ်ထိန်းဖိုးပြောတာပဲဖြစ်မယ်”ဟူသော ပြောစကားသည် အထက်ဖော်ပြပါ သတင်းဌာနများကို ဖြေကြားခဲ့သည့် နေပြည်တော်သတင်းရင်းမြစ်၏ “အကြမ်းဖက်မှုတွေကို တားပေးဖို့၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ကူညီဖို့” ဆိုသည့် ပြောစကားနှင့် အလားသဏ္ဍာန်တူညီနေသည်ကို တွေ့ရှိရသည်။ သို့သော်လည်း စစ်တပ်လော်ဘီများ ဖြန့်ချိခဲ့သည့် အချိန်သည် သတင်းဌာနများထက် နောက်ကျမှ တင်ခဲ့သည့်အတွက် သတင်းဌာနများ၏ တင်ပြမှုကို မိမိအာဘော်အဖြစ် ထည့်သွင်းအသုံးပြုထားခြင်းလည်း ဖြစ်နိုင်ချေရှိပါသည်။

“It is absolutely impossible for generals to meet a criminal in prison. I’ve never seen it, and the rumor is only spread by pro-Western media.”

Ko Hla Shwe (True News), Thazin Oo, from Kyaw Swar channels (June 13, evening)

“ထောင်ထဲကရာဇဝတ်သားတယောက်ကို စစ်ဗိုလ်ချုပ်ကြီးများတွေ့ဆုံခြင်းက လုံးဝမဖြစ်၊ တခါမှလည်း မတွေ့ဘူးပဲ ကောလာဟလကို အနောက်အားပေး မီဒီယာများကသာ ဖြန့်ချိခြင်း”

  • ကိုလှရွှေ (သတင်းမှန်)၊ Thazin Oo၊ Kyaw Swar ချန်နယ်များမှ

(ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း)

Related Links to Military Council Lobby Misinformation and Time of Publication:

  1. https://t.me/kyawswar96999/39229 ( Kyaw Swar – 12 June 2023- 14:40 p.m)
  2. https://t.me/hminewai/32467 (12 June 2023- 15:33 p.m)
  3. https://t.me/Officalnews121/11989 (Ko Hal Shwe – 13 June 2023- 18:24 p.m)
  4. https://t.me/Thazinoo969/8841 (Thazin Oo- 13 June 2023- 18:24 p.m)
  5. https://t.me/kyawswar96999/39292 (Kyaw Swar – 13 June – 18:24 p.m)
  6. https://t.me/kothetjournalist/44451 (Ko Thet – 13 June 2023- 18:35)
  7. https://t.me/peoplemedianews/35840 ( People Media- 13 June 2023- 18:44 p.m)
  8. https://t.me/Phoesi01233/15931 (တပ်ကြပ်ကြီး ဖိုးစည် – 14 June 2023- 18:03 p,m)
  9. https://t.me/dgf21news/54670 (DGF21News- 16 June 2023- 14:32 p.m)
  10. https://t.me/Youth_Talk/48 (လူငယ်စကားဝိုင်း -Youth Talk- 19 June 2023- 18:12 p.m)

Political Landscape

It is crucial to examine the political context surrounding the events that unfolded on June 12 when reports emerged that the generals had met with Daw Aung San Suu Kyi. By analyzing the timeline, we can observe the following:

June 8 – U Uttamatha, the Bishop of Thanlyin Township, Yangon Province, known for his close ties to the military council, visited NLD party patron Tura U Tin Oo, advocating for Daw Aung San Suu Kyi’s retirement from politics.

June 10 – Founder of Free Burma Rangers (FBR), David Eubank, announced via his Twitter account that Elon Musk’s Starlink internet service is now available on a limited basis in Karenni State.

June 12 – The establishment of the Karenni Pay Interim Administrative Council was announced.

June 13 to 24 – Karenni troops launched attacks and captured all military council camps in Mae Se Township on the Myanmar-Thai border in Kayah (Karen) province.

Additionally, BBC reported on June 14 that the military council denied the meeting, followed by a review article published on June 17. Here are some key points extracted from the article:

  • On May 27, Lt. Gen. Ra Penu and retired Lt. Gen. Khin Zaw Oo were in Yangon, and on June 4, they were reported to be in Nay Pyi Taw, according to BBC sources.
  • Sources in Nay Pyi Taw, close to members of the military council, confirmed frequent meetings between Daw Aung San Suu Kyi and generals associated with the military council.
  • Maj. Gen. Zaw Min Tun denied the dates and individuals reported by some news outlets, yet sources suggest regular meetings between military council members and Daw Aung San Suu Kyi. However, the nature of these meetings remains unclear.
  • It is reported that Interior Minister Lt. Gen. Soe Thut has been tasked with addressing the needs of Aung San Suu Kyi in prison, while the identity of the other lieutenant general involved remains unconfirmed, according to a BBC news source from the military office.

Review:

The utilization of Daw Aung San Suu Kyi as a political tool by successive military regimes has become apparent, with current military leaders resorting to various tactics, including spreading propaganda and seeking political compromise, in an attempt to alleviate mounting pressure. By engaging in meetings with both generals and Daw Aung San Suu Kyi, they seem to be testing the political waters and gauging public sentiment.

Daw Aung San Suu Kyi, now 78 years old, remains detained in Nay Pyi Taw Prison, serving a lengthy sentence of 33 years across 19 cases. Given her circumstances, it is unclear how these meetings with the generals transpired.

Previous attempts by expelled NLD party members Daw Sanda Min and U Toe Lwin to meet Daw Aung San Suu Kyi were unsuccessful. Similarly, during her period of arrest, numerous efforts were made by the diplomatic community and others to secure meetings with her, all of which were denied.

Reports from four news outlets initially indicated that Daw Aung San Suu Kyi met with the generals, showcasing inconsistencies in their reporting. The reported reasons for the meeting varied, including discussions on current events, violence prevention, and Daw Aung San Suu Kyi’s lack of commentary.

If the meeting indeed occurred, it can be analyzed from a propaganda and strategic standpoint:

A) The generals may attempt to shape the narrative by influencing Daw Aung San Suu Kyi’s message, portraying themselves as agents of stability and defenders against revolutionary forces, thus safeguarding public welfare.

B) They may leverage promises of elections contingent upon stability, framing democracy as contingent upon the nation’s tranquility and development, rallying support for their cause.

C) Daw Aung San Suu Kyi’s confinement could be justified as a necessary measure for peace discussions. By aligning with her non-violent principles, they could dissociate from armed movements, potentially undermining revolutionary forces.

This strategic maneuvering aims to manipulate public perception and diminish opposition, ultimately serving the military’s agenda.

ဆက်စပ်လေ့လာနိုင်သည့် စစ်ကောင်စီ လော်ဘီ သတင်းမှားလင့်များနှင့် အချိန်နာရီများ-

  1. https://t.me/kyawswar96999/39229 ( Kyaw Swar – 12 June 2023- 14:40 p.m)
  2. https://t.me/hminewai/32467 (12 June 2023- 15:33 p.m)
  3. https://t.me/Officalnews121/11989 (Ko Hal Shwe – 13 June 2023- 18:24 p.m)
  4. https://t.me/Thazinoo969/8841 (Thazin Oo- 13 June 2023- 18:24 p.m)
  5. https://t.me/kyawswar96999/39292 (Kyaw Swar – 13 June – 18:24 p.m)
  6. https://t.me/kothetjournalist/44451 (Ko Thet – 13 June 2023- 18:35)
  7. https://t.me/peoplemedianews/35840 ( People Media- 13 June 2023- 18:44 p.m)
  8. https://t.me/Phoesi01233/15931 (တပ်ကြပ်ကြီး ဖိုးစည် – 14 June 2023- 18:03 p,m)
  9. https://t.me/dgf21news/54670 (DGF21News- 16 June 2023- 14:32 p.m)
  10. https://t.me/Youth_Talk/48 (လူငယ်စကားဝိုင်း -Youth Talk- 19 June 2023- 18:12 p.m)

၅။ နိုင်ငံရေး အခင်းအကျင်း

 á€…á€…á€şá€—á€­á€Żá€œá€şá€á€ťá€Żá€•á€şá€™á€ťá€Źá€¸ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြောင်း သတင်းများ ဇွန်လ ၁၂ ရက်နေ့တွင် ထွက်ပေါ်ချိန်တွင် ဖြစ်ပေါ်နေသေည့် နိုင်ငံရေး အခင်းအကျင်းပုံစံကို လည်း လေ့လာရန် လိုအပ်သည်။ ရက်စွဲ ဖြစ်စဉ်များကို သတ္တုချကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။

 á€‡á€˝á€”် ၈ – á€…စ်က္ဏင်စဎနသငအ် နီးစပ်သည့်  ရန်ကုန်တိုင်း သန်လျင်မြို့နယ် သဘာဝတရား ရိပ်သာဆရာတော် ဦးဥတ္တမသာရက NLD ပါတီနာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နိုင်ငံရေးမှ အနားယူသင့်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဇွန် ၁၀ – á€€á€›á€„်နဎပဟည်နယ်တွင်  နည်းပညာ ဘီလီယံနာ သူ‌ဌေးကြီး Elon Musk ၏ Starlink အင်တာနက်ကို အကန့်အသတ်ဖြင့်  စတင် အသုံးပြုလို့ ရနေပြီဖြစ်ကြောင်း Free Burma Ranger (FBR) အဖွဲ့ တည်ထောင်သူ David Eubank က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေ ် အသိပေးသည်။

ဇွန်လ ၁၂ – á€€á€›á€„်နဎပဟည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း ကြေညာ။

ဇွန် ၁၃ မှ ၂၄ – á€€á€šá€Źá€¸ (ကရင်နီ) ပြည်နယ်ရှိ မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ဇွန် ၂၄ တွင် ထုတ်ပြန်။

BBC သတင်းဌာနသည် ဇွန် ၁၄ ရက်တွင် စစ်ကောင်စီမှ ငြင်းဆိုကြောင်း သတင်း ရေးသားခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ ပတ်သက်၍ á€žá€Żá€śá€¸á€žá€•á€şá€á€ťá€€á€şá€†á€ąá€Źá€„်းပဍး á€‡á€˝á€”် ၁၇ ရက်တွင် ရေးသားတင်ဆက်ခဲ့ပါသည်။ ဆောင်းပါးပါ အချက်အချို့ကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

  • မေလ ၂၇ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ရန်ကုန်တွင်ရှိနေပြီး ဇွန်လ ၄ ရက် မှာတော့ သူတို့နှစ်ဦး နေပြည်တော်မှာရှိနေတာကို ဘီဘီစီက စုံစမ်းသိရှိ၊
  • စစ်ကောင်စီအဖွဲ့ဝင်တွေနှင့်နီးစပ်သည့် နေပြည်တော် ဘီဘီစီသတင်းအရင်းအမြစ်တချို့ကတော့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့လေ့ရှိတဲ့အကြောင်း အတည်ပြု။
  • သတင်းဌာနတချို့က ဖော်ပြတဲ့ ရက်နှင့် လူတွေ လွဲနေသည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆို။ တကယ်တော့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေနှင့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုံမှန်တွေ့ဆုံမှုတွေ ရှိနေတာကတော့ သေချာ၊ ဒါပေမယ့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု ဟုတ်မဟုတ်ဆိုတာတော့ မပြောနိုင်ဟု နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးဆို၊
  • ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသည့် စစ်ကောင်စီဝင် နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ သီးသန့်တာဝန်ပေးထားဟု နေပြည်တော်၊ စစ်ရုံးမှက ဘီဘီစီ သတင်းအရင်းအမြစ်က ဆို၊
  • အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လိုအပ်ချက်တွေနှင့် ပတ်သက်လို့ ဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို တာဝန်ပေးထားဟုဆို၊ နောက်ထပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ နာမည်ကိုတော့ အတည်မပြုနိုင်သေးဟုဆို။

၆။ သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် ကတ်သည် စစ်အာဏာရှင် အဆက်ဆက် မရိုးနိုင်သော နိုင်ငံရေးဖဲဖြစ်သည်။ ပိုမိုအကျပ်ရိုက်လာသော အာဏာသိမ်း စစ်ခေါင်းဆောင်တို့သည် ဝါဒဖြန့်ချိရန် သော်လည်းကောင်း၊ နိုင်ငံရေးအရ အပေးအယူ လုပ်ရန် သော်လည်းကောင်း၊ အထွေထွေသော နိုင်ငံရေး ဖိအားများမှ လျှော့ကျရန် သော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ကတ်ကို ထုတ်သုံးရန် ကြိုးစားလာပုံရသည်။ စစ်ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပေးကာ သွေးတိုးစစမ်းရန် ကြိုးစားလာပုံရသော အရိပ်အယောင်များကို တွေ့ရသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၇၈ နှစ်ပြည့်သွားပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ ခုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး နေပြည်တော် အချုပ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။ ထိုကြောင့် စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံမှု မည်သို့ မည်ပုံရှိခဲ့သည်ကို ခန့်မှန်းရန် ခဲယဉ်းသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက NLD ပါတီမှ ထုတ်ပယ်ခံထားရသော ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ရန် ကြိုးပမ်းခဲ့သော်လည်း အတွေ့မခံခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရသည့် ကာလတစ်လျှောက် သံတမန်အသိုင်းအဝိုင်း အပါအဝင်တွေ့ဆုံရန် ကြိုးပမ်းမှုများစွာ ရှိသော်လည်း မည်သူနှင့်မျှတွေ့ခွင့်မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ တွေ့ဆုံခဲ့သည် ဆိုသည်ကို သတင်းဌာနလေးခုတွင် စတင်ဖော်ပြခဲ့သည်။ တွေ့ဆုံမှုကို ထိုသတင်းဌာများကို ထုတ်ဖော်ပြောဆိုခဲ့သည် နေပြည်တော် သတင်းအရင်းအမြစ်(များ) ၏ အာဘော်မှာ ထူးခြားစွာပင် မနီးရိုးစွဲ ဖြစ်နေသည်ကိုတွေ့ရသည်။ ထိုပြောစကားများတွင် အဓိက အကြောင်းရင်း သုံးချက်ကို တွေ့ရသည်။ ၁) ပြင်ပတွင် ဖြစ်ပျက်နေသည်များကို သွားရောက် ပြောဆိုခြင်း၊ ၂) အကြမ်းဖက်မှုများကို တားဆီးပေးရန် ၃) ဒေါ်အောင်ဆန်းစုကြည်က မည်သည့် မှတ်ချက်မျှ မပေး တို့ ဖြစ်သည်။

(အကယ်၍ တွေ့ဆုံပွဲ အမှန်တကယ် ဖြစ်ပွားခဲ့ပါက) ဝါဒဖြန်ချိရေး ရှုထောင့်မှ အောက်ပါအတိုင်း စေ့ငုမိ သည်။

က) စစ်ဗိုလ်ချုပ်များသည် သတင်းစကားနှင့် ဇာတ်ကြောင်းကို လိုသလို ပုံဖော်၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပြောဆိုမည်။ တော်လှန်ရေးအင်အားစုများကို အကြမ်းဖက်သူများ၊ လူထု ပညာရေး၊ ကျန်းမာရေးနှင့် တိုင်းပြည်တည်ငြိမ်ရေးကို ထိပါးနေသူများ အဖြစ် ပုံဖော်ပြီး ယင်းကို တားဆီးပေးရန် ပြောဆိုစည်းရုံးနိုင်သည်။

ခ) ရွေးကောက်ပွဲ ကတိပေးမည်။ တိုင်းပြည် တည်ငြိမ်မှသာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်သည်။ ထိုမှသာ ဒီမိုကရေစီ ရှေ့ရောက်နိုင်မည်၊ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်မည်။ ထိုကြောင့် တိုင်းပြည်တည်ငြိမ်ရေး နားချပေးရန် စည်းရုံးနိုင်သည်။

ဂ) ဒေါ်အောင်ဆန်းစုကြည်သည် မဖြစ်မနေသဘောကြောင့်သာ ထောင်ချထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး၍ တိုင်းပြည်ငြိမ်းချမ်းရေး အဖြေရှာလိုသည်။ အကြမ်းမဖက် လူထုလှုပ်ရှားမှုကို အစဉ်တစ်စိုက် စွဲကိုင်ထားသော ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးကို လိုလားလိမ့်မည်။ ယခုကဲ့သို့သော် လက်နက်ကိုင် လှုပ်ရှားမှုကို ထောက်ခံလိမ့်မည် မဟုတ်ဟု ဝါဒဖြန့် နိုင်သည်။ ထိုသို့ဖြင့် တော်လှန်ရေး လက်နက်ကိုင်များအကြား ဝေဝါးအောင် ဆောင်ရွက်နိုင်သည်။