June 27, 2025

လူစည်ကားရာကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး TNLAစခန်းလို့ စစ်ကောင်စီသတင်းအမှားလွှင့်

၂၀၂၅ခုနှစ်၊ဇွန်လ၊ ၂၅ရက် ။ (FactCheck) DNA/ The Red Flag ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့လယ်၊ ရပ်ကွက်အမှတ်(၃)နဲ့၊ အမှတ်(၇)ကို စစ်ကောင်စီဘက်က မနေ့က ဇွန်လ၊ ၂၄ရက်၊ ညနေ၅နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး “ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ စစ်သွေးကြွ TNLA စခန်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းလိုက်ကြောင်း []
June 27, 2025

အေအေကို ပို့ဖို့အတွက် သိုလှောင်ထားတဲ့ စက်သုံးဆီနဲ့ ရိက္ခာဂိုထောင်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ဆိုက သတင်းအမှားဖြန့်

Akyab Post/လဂွန်းအိမ်/MFCN 25 June 2025 အာရက္ခတပ်တော် အေအေကို ပို့ဖို့အတွက် ဆောနဲ့ ဆိပ်ဖြူလမ်းပေါ်မှာ သိုလှောင်ထားတဲ့ စက်သုံးဆီတွေနဲ့ ရိက္ခာဂိုထောင်တွေကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်နိုင်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပျံံ့နှံ့လျက်ရှိပါတယ်။ ဖေ့စဘုတ်မှာ followers ၂၆၅၄ ဦးထိရှိတဲ့ []
June 16, 2025

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်တာကို KNU ၊ PDF အဆောက်အအုံထိခိုက်တာလို့ သတင်းမှားဖြန့်

Fact Check၊ Dawei Watch / The Red Flag (ဇွန်လ ၁၅ ရက်၊ ၂၀၂၅။) ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက ကျောက်အိုင်ရွာနဲ့ မယ်ကဲရွာကို စစ်ကောင်စီက ဇွန်လ ၇ ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသားအဖနှစ်ဦးသေဆုံးပြီး []
June 13, 2025

ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာက စာသင်ကျောင်းဗုံးကြဲခံရသည့်ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် စစ်ကောင်စီဝါဒဖြန့်

ဇွန်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ KIC, The Red Flag, MFCN ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာက စာသင်ကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းအသုံးပြုတိုက်ခိုက်သဖြင့် စာသင်နေသည့်ကလေးငယ် (၃)ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးရသည့် ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် []
June 13, 2025

သံတွဲမြို့နယ်က အေအေတပ်သားတွေရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်ဆိုကာ စစ်ကောင်စီချန်နယ်များ ဝါဒဖြန့်

Akyab Post/ MFCN 12 Jun 2025 Fact Check ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက အေအေတပ်သားတွေ အစုလိုက်နေထိုင်တဲ့ နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Snow Queen ချန်နယ်ကနေ ဇွန်လ []
June 2, 2025

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့်

Akyab Post/ MFCN 1 Jun 2025 Fact Check ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ ပျက်စီးဆုံးရှံးသွားတဲ့ နေအိမ်တွေဟာ အေအေရဲ့ နိုင်ငံရေးမှုးတွေ အိမ်ဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။ Telegramမှာ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိတဲ့ Kyaw Swar []
May 29, 2025

ကျောက်ကြီး မြို့နယ်က KTLA ၊ ပကဖ မင်္ဂလာဆောင် ဗုံးခွဲ တိုက်ခိုက်ခံရလို့ ၃၀ ခန့် သေဆုံး ထိခိုက်ဒဏ်ရာ ရခဲ့တယ် ဆိုတဲ့ သတင်းအမှား

၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် (Fact Check) DNA/ လဂွန်းအိမ်/ The Red Flag လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ တယ်လီဂရန်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာက KTLA ပကဖ မင်္ဂလာဆောင်ကို ဗုံးခွဲတိုက်ခိုက်လို့ လူ ၃၀ ခန့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်ဆိုပြီး []
May 29, 2025

မင်းကင်းမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူများကို အကြမ်းဖက်များဟု သတင်းမှားဖြန့်

၂၀၂၅၊ မေလ ၂၆ ရက်။ (fact-check) MPA/ လဂွန်းအိမ်/ The Red Flag စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှု အတွင်း သေဆုံးခဲ့ရတဲ့ ဒေသခံ ပြည်သူများကို အကြမ်းဖက်များဟု စစ်တပ်လော်ဘီ ချန်နယ်တွေက ဝါဒဖြန့် နေတာကို တွေ့ရပါတယ်။ []
May 19, 2025

ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ အေအေတပ်သားများဆိုကာ ဝါဒဖြန့်

Akyab Post/ MFCN Fact Check 16 May 2025 ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးသူများမှာ အေအေတပ်သားများသာ ဖြစ်တယ်၊ အေအေတပ်သားတယ်ရှိတယ်ဆိုပြီး သတင်းပေးတာကြောင့် လေကြောင်းတိုက်ခိုက်ရပါတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ မေလ ၁၃ ရက်နေ့ကနေစလို့ ပျံ့နှံံ့လျက်ရှိပါတယ်။ Telegram မှာ []