အိုးတိန်ကွင်းရွာ ထိခိုက်မှုဖြစ်စဉ်က ChatGPT ဖော်ပြမှုအရ လက်လုပ်မှိုင်းသာဖြစ်လို့ ဝါဒဖြန့်

၂၀၂၅ခုနှစ်၊ မေလ၊ ၁၄ ရက်။
(Fact Check) DNA/ MPA/ The Red Flag
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရဲ့ ထိခိုက်ဒဏ်ရာရ ဓါတ်ပုံတွေကို ChatGPTနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ လက်လုပ်မိုင်းကြောင့်သာဖြစ်တယ်လို့ ChatGPTက ပြန်လည်ဖြေကြားခဲ့တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေပါတယ်။
အဲ့ဒီလိုမေးမြန်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ KO CHIT (MDY) ဆိုတဲ့ ချန်နယ်ကနေစတင်ဖြန့်ဝေထားတာဖြစ်ပြီး ပျံ့နှံ့မှုလည်းအားကောင်းနေတာပါ။
သတင်းမှားလင့် – https://archive.ph/gGqxW
ပျံ့နှံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Check အဖွဲ့တို့ကနေ ပူးပေါင်းစစ်ဆေးတဲ့အခါမှာ သေဆုံးပြီးကျောင်းသူ၊ ကျောင်းသားတွေကို စုစည်းလှဲလျောင်းထားပြီး ဆောင်တွေနဲ့အဝတ်တွေ အပေါ်မှာထပ်ထားတဲ့ပုံတပုံကိုသာ သုံးပြီးလှည့်ဖျားမေးမြန်းထားတာကိုတွေ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်>>> https://shorturl.at/x9Oy4
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ MPA FactCheck အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။