လျှော်ဖြူကုန်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် PDF အများအပြား သေဆုံးဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

12 April 2025 By Wadi/ Myanmar Pressphoto Agency- The Red Flag

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် PDF အများအပြား သေဆုံးဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။

“ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်က ဧပြီ ၁၁ ရက် ည ၁၀ နာရီ ၂၄ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ နယ်၊ လျှော်ဖြူကုန်းရွာတွင် PDF များ ရောက်ရှိနေသည်ဆိုကာ ဒေသခံပြည်သူများ သတင်းပေးပို့သော ကြောင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေရာအတိအကျကို ဗုံးကြဲရှင်းလင်း ခံရသောကြောင့် PDF အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေထား ခြင်း ဖြစ်သည်။

အဆိုပါအကြောင်းအရာကို ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၀,၀၀၀ ကျော် ၊ Reaction ပေးသူ ၃၀၀ ကျော်နှင့် မှတ်ချက်ရေးသားသူ ၈၀ကျော် ရှိနေသည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/YALIh

အဆိုပါအကြောင်းအရာကို “Ka Ka Han, Thazin Oo, Kyaw Swar” တယ်လီဂရမ်ချန်နယ်များတွင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>

Ka Ka Han – https://archive.ph/AXsU1

Thazin Oo – https://archive.ph/QBn5q

Kyaw Swar – https://archive.ph/nxlzD

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “People’s Spring” သတင်းဌာနက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

People’s Spring သတင်းဌာနက ဧပြီ ၁၁ ရက် နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီ ၁၁ရက်တွင် ကောလင်းမြို့နယ်ထဲရှိ ကချင်ကုန်းရွာနှင့် လျှော်ဖြူကုန်းရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး လျှော်ဖြူကုန်းရွာတွင် လူသေဆုံးမှု ရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/GOXxi

Google တွင် “ ကောလင်း လျှော်ဖြူကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့် ရာ “MPA, Mandalay Free Press, Tachileik News Agency” တို့၌ သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဖော်ပြထားသည်မှာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း၊ လျှော်ဖြူကုန်း ကျေးရွာကို ဂျက်ဖိုက်တာတစ်စီးကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံး သူအမျိုးသမီးနှစ်ဦးတွင် စစ်ရှောင်အမျိုးသမီးတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး ဒေသခံအမျိုးသမီးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသစဉ် သေဆုံးသွားကြောင်း ၊ စစ်ကောင်စီတပ်သည် ကောလင်းမြို့နယ် ထဲရှိ အင်ပင်လှကျေးရွာကို ဧပြီ ၁၀ ရက်တွင်လည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ် တစ်ဦး သေဆုံးခဲ့ရကြောင်း ရေးသားဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>

MPA – https://bitly.cx/PKHQA

Mandalay Free Press – https://bitly.cx/xAIe1

Tachileik News Agency – https://bitly.cx/XQqbp

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ကောလင်းမြို့နယ်ရှိ၊ လျှော်ဖြူကုန်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ရေးသားထားသည်။

သေဆုံးခဲ့သူများမှာ အရပ်သားများဖြစ်ပြီး PDF များဟု ဖော်ပြထားခြင်း မတွေ့ရပါ။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “ လျှော်ဖြူကုန်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် PDF အများအပြား သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

#MFCN#MPA#FactCheck#Mis_Disinformation#AirStrike#စစ်ကိုင်း#ကောလင်း#လျှော်ဖြူကုန်းရွာ#အရပ်သားသေဆုံးမှု#Wadi