ရွှေကူမြို့မှာ စစ်ကောင်စီရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထပ်မံပစ်ခတ်ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်လ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်လ်ကနေ ဧပြီလ ၂၁ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေလာပါတယ်။
(မူရင်းအရေးအသား)
“ခုလည်း ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီ “ ဆိုပြီးတော့ ဝါဒဖြန့်ရေးသားဖြန့်ဝေထားတာလည်း ဖြစ်ပါတယ်။
အဲဒီဝါဒဖြန့်သတင်းအမှားကို “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်မှာ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၅,၀၀၇ နဲ့ တစ်ဆင့်ပြန်လည်မျှဝေသူ ၇ ယောက်ထိ ရှိနေပြီဖြစ်ပါတယ်။
ဒီအကြောင်းရာနဲ့ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က အချက်အလက်စစ်ဆေးသူများ စစ်ဆေးလိုက်တဲ့အခါမှာ ဝါဒဖြန့်ဝေနေတဲ့ သတင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
(သတင်းအမှားဖြစ်ကြောင်း စစ်ဆေးချက်)
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကတော့ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြမှုတွေ ရှိပါတယ်။
မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်လောက်မှာ ဗန်းမော် စကခ ၂၁ ဌာနချုပ်အနီး ရဟတ်ယာဉ်သုံးစင်းနဲ့ တပ်သားအင်အားလာဖြည့်တဲ့အချိန် ရဟတ်ယာဉ်သုံးစင်းကို KIA က ပစ်ခတ်ခဲ့ရာ နှစ်စင်းကိုထိမှန်ခဲ့ပြီးတော့ တစ်စင်းပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်စင်းထိမှန်တဲ့အထဲက တစ်စင်းဟာရွှေကူမြို့ဘက် အရေးပေါ်ဆင်းသက်ခဲ့ပြီးတော့ တစ်စင်းကတော့ ရွှေကူမရောက်မီ ၁၅ မိုင်လောက်အလို တောထဲမှာ ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ပေါင်းစုကနေ ပစ်ချလိုက်ပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေး အနီးတစ်ဝိုက်မှာ စစ်ကောင်စီဗိုလ်ကြီးအလောင်းတစ်လောင်းကို တွေ့ရှိရတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောကြားထားပါတယ်။
နောက်ဆက်တွဲရွှေကူမှာ အရေးပေါ်ဆင်းသက်ခံရတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို KIA တပ်ဖွဲ့ဝင်တွေက မေလ ၂၁ ရက် ညနေပိုင်းမှာဘဲ သွားရောက်ပစ်ခတ်ဖျက်ဆီးလိုက်တယ်လို့လည်း ဗိုလ်မူးကြီးနော်ဘူက ဧရာဝတီသတင်းဌာနကို ဖြေကြားထားတဲ့ သတင်းကိုလည်း မေလ၂၁ ရက် ညနေပိုင်းမှာ ဖော်ပြထားပါတယ်။
အဲဒီသတင်းအပြည့်အစုံကိုလည်း အခု LINK ကတဆင့် https://www.facebook.com/share/p/197VitzF9o/?mibextid=oFDknk သွားရောက်ဖတ်ရူနိုင်ပါတယ်။
ရွှေကူမှာ အရေးပေါ်ဆင်းသက်ခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံပစ်ခတ်ဖျက်ဆီးတယ် ဆိုတဲ့ သတင်းကို မေလ ၂၁ ရက်နေ့မှာ People’s Spring သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။
အဲဒီသတင်းအပြည့်အစုံကိုလည်း အခု LINK https://www.facebook.com/share/p/19ETFgVzxH/?mibextid=oFDknkL သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။
(သုံးသပ်ချက်)
“မှိုင်းဝေ” တယ်လီဂရန်ချန်နယ်လ်က ဖြန့်ဝေနေ့တဲ့
“ခုလည်း ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီ “ ဆိုပြီး ဝါဒဖြန့်ရေးသားဖြန့်ဝေနေတာဖြစ်ပြီးတော့ ရွှေကူမှာ စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံပစ်ခတ်ဖျက်ဆီးတဲ့ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ ဝါဒဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။
(အကြံပြုချက်)
ဒါကြောင့်ပြည်သူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ တဆင့်ပြန်လည်မျှဝေတာတွေ မလုပ်ဆောင်ဘဲ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေက သတင်းတွေကိုသာ သွားရောက်ဖတ်ရှုကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။