Fact Check
15 August 2025
By Wadi – Myanmar Pressphoto Agency, The Red Flag
မန္တလေးတိုင်း မိုးကုတ်မြို့တွင် ကျောက်ခိုးထုတ်နေသော TNLA များကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ ဟုဆိုသည့် အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၅ ရက် နံနက် ၇ နာရီ ၄၇ မိနစ်တွင် မိုးကုတ်အရှေ့ပိုင်း လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီး ကျောက်လုပ်ကွက်တွင် ကျောက်ခိုးထုတ်နေသည့် TNLA အဖွဲ့ များအား စစ်ကောာင်စီက လေကြောင်းကနေ ဗုံးကြဲရှင်းလင်းခဲ့ကြောင်း ဖြန့်ဝေခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၁၉,၀၀၀ ကျော်၊ Reaction ပေးသူ ၆၀၀ ကျော်ရှိနေသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/qIbZD
အဆိုပါ အကြောင်းအရာကို “ကိုနှင်းမောင်၊ MDY image” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
သတင်းအမှားလင့်ခ်များ >>>
ကိုနှင်းမောင် – https://archive.ph/iUUj4
MDY image – https://archive.ph/E7wCZ
ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ် သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာ နှင့် ပတ်သက်၍ Google ၌ “မိုးကုတ်အရှေ့ပိုင်း လေ ကြောင်းဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “People’s Spring, Mandalay Free Press, ရွှေဖီမြေ” မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲ တွင် မိုးကုတ်အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် လူထိခိုက်သေဆုံးမှု များ ရှိခဲ့ကြောင်း၊ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဒေသခံများက ပြောကြောင်း၊ ဩဂုတ် ၂ ရက်နှင့် ၉ ရက်နေ့ များတွင်လည်း မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် လူ သေဆုံးမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/IStW
Mandalay Free Press – https://bitly.cx/ZIztl
ရွှေဖီမြေ – https://bitly.cx/tYxx
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ TNLA ကလည်း သတင်းထုတ်ပြန်ထားသည်။ ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲ တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက်ကြဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ရှစ်ဦး သေဆုံးပြီး ၇ ဦး ထိမှန်ဒဏ်ရာ ရခဲ့ကြောင်း၊ နေအိမ် ၇ လုံးလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/mvusP
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ၂၀၂၅ ဩဂုတ် ၁၄ ရက် ညက မိုးကုတ်အရှေ့ပိုင်းရှိ လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရှစ်ဦး သေဆုံးကြောင်း ဖော်ပြထားသည်။ သေဆုံးသူများမှာ အရပ်သားများ ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “မိုးကုတ်မြို့တွင် ကျောက်ခိုး ထုတ်နေသည့် TNLA များကို ဗုံးကြရှင်းလင်း” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork