ပေါက်မြို့နယ်၊ နသတ်ကျေးရွာရှိ စစ်သွေးကြွPDFအဖွဲ့ဝင်တွေ ရေနံတူးဖော်နေတဲ့ နေရာကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းဆိုတဲ့ သတင်းအမှား

16 July 2025

မကွေးတိုင်း ၊ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်စပ်ရှိ နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၅ရက်နေ့ ညနေ ၄နာရီဝန်းကျင်ခန့်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်း၊ပေါက်မြို့နယ်၊ နသတ်ကျေးရွာရှိ စစ်သွေးကြ PDFအဖွဲ့ဝင်တွေ ရေနံတူးဖော်နေတဲ့ နေရာကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့တယ်လို့ စစ်လော်ဘီဝါဒါဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ D.I.Thameedaw ချန်နယ်မှာ ဖြန့်ချိထားပါတယ်။

အထက်ပါ ပိုစ့်ကို ဖြန့်ဝေခဲ့တဲ့နေ့မှ ယနေ့အချိန်ထိ အဆိုပါ ချန်နယ်တွင်  reaction လုပ်သူ ၆၁ဦးနှင့် ​ကြည့်ရှူ့သူ ၁၆၀၀၀ ရှိပါတယ်။

📌D.I.Thameedawhttps://t.me/difamily007/16355?single

◾သတင်းစီစစ်ချက်

အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိချက်တွေအရ စစ်ကောင်စီတပ်က နယ်သတ်ရွာကို ဂျက်ဖိုက်တာ ၁စင်းနှင့် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲကာ အမျိူးသမီး၁ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဇူလိုင်လ ၁၅ရက်နေ​့ ညနေ ၄နာရီခန့်တွင် မြိုင်မြို့နယ်၊ပေါက်မြို့နယ်အစပ် တနေရာကို ဂျက်ဖိုက်တာ ၁စင်းနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား လူနေအိမ်ပေါ် ကျရောက်ပြီး အမျိူးသမီး၁ဦးသေဆုံးကာ ၁ဦးထိခိုက်ဒဏ်ရာရပြီး ေနအိမ်ပျက်စီးပြိုကျခဲ့တယ်လို့ဆိုကာ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://t.me/AhNyarMyaeAmry/93

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နယ်သတ်ကျေးရွာကို ဇူလိုင်လ ၁၅ရက်နေ့ညနေ၄နာရီခန့်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိူးသမီး၁ဦးသေဆုံးကာ ၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ​ဒေသခံတွေဆီက သိရသည်ဟုဆိုကာ မြေလတ်အသံ-Myaelatt Athan က သတင်းတင်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://m.facebook.com/story.php?story_fbid=pfbid0cBkY1cm7c1uehn8ang6CMAtuo7Pycsq2hQrvFikjxntWt8iie37FSzSJY2S7NSegl&id=100064688198788&mibextid=ZbWKwL

မြိုင်မြို့နယ်နဲ့ပေါက်နယ်စပ်ရှိ နယ်သတ်ရွာကိ​ု အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစု ၂ယောက်ထဲမှ သမီးဖြစ်သူ သေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရရှိကာ နေအိမ်၂လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရကြောင်း မောင်း က သတင်းတင်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://www.facebook.com/share/p/1Amgo6sZko/

သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေသည့် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အမျိူးသမီး ၁ဦးသေဆုံးကာ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

◾သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် ချယ်နယ်မှာပျံ့နှံ့လျက်ရှိတဲ့ ပိုစ့်ကို ဒေသတွင်းသတင်းဋ္ဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ပြည်တွင်းသတင်းဋ္ဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်စစ်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် ချယ်နယ်မှာပျံ့နှံ့နေသလိုမျိူး PDFအဖွဲ့ဝင်တွေ ရေနံတူးဖော်နေတဲ့ နေရာကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့တယ် ဆိုတာကို မတွေ့ရှိရပါဘူး။ အထက်ပါသတင်းဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် D.I. Thameedaw မှ တင်ထားသည့်အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

စာဖတ်ပရိတ်သတ်တွေအနေနဲ့ အင်တာနက် စာမျက်နှာပေါ်က ရရှိ/ တွေ့ရှိထားတဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူလက်ခံမယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။