၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်
(FactCheck)
DNA၊ ဖက်ဒရယ် FM၊ The Red Flag
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်တွင် စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကြေးရုပ်ထုပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိနေပါတယ်။
အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Thazin Oo ချန်နယ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး ပျံ့နှံ့မှု များနေပါတယ်။
မူရင်းလင့်ခ် – https://archive.ph/uLy16
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်ပြီး Myanmar Fact-Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM နှင့် DNA Fact-check အဖွဲ့တို့ကနေ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “နေပြည်တော် ပုဗ္ဗသီရိမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု” ဆိုတဲ့ စကားလုံးဖြင့် ရှာဖွေကြည့်ရာ “ ဧရာဝတီတိုင်းမ်သတင်းဌာန, မြို့တော်သတင်းဌာန, DVB TV News ” တို့မှာ သတင်းရေးထားတာကို တွေ့ရပါတယ်။
“ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကြေးရုပ်ကို စစ်ကောင်စီအဖွဲ့ဝင်များ ဖြုတ်ယူသွားကြကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် နံနက် အစောပိုင်းတစ်နာရီခန့်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဇဝနဒီပရပ်ကွက်မှ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပျူစောထီးများကလာရောက်၍ ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း၊ဖြုတ်သိမ်းခံရသည့် ကြေးရုပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ပုပ္ဗသီရိမြို့နယ်တွင် ဖွင့်လှစ်စိုက်ထူခဲ့ပြီး အဆိုပါကြေးရုပ်ဖြစ်မြောက်ရေးအတွက် ဦးရည်မွန်နှင့် ဦးမောင်မောင်ဆွေတို့က ဦးဆောင်လုပ်ကိုင်ခဲ့ကြောင်းနဲ့ နေပြည်တော်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောတဲ့ စကားသံ” တွေကို သတင်းမှာဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းမ် – https://www.facebook.com/share/p/19DnFEEd49/
“ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေးအနီးရှိ ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြုတ်ယူသွားတယ်လို့ စုံစမ်းသိရှိရကြောင်း၊ ပုဗ္ဗသီရိစျေးအနီးမှာ နေထိုင်သူတဦးက မြို့တော်ကို ပြောတဲ့ စကားသံနဲ့ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ (၁၀၄) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့မှာ ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
မြို့တော် – https://www.facebook.com/share/p/16HwVSGb21/
DVB TV News – https://www.facebook.com/share/p/19HbG8VzMs/
နေပြည်တော် ၊ ပုဗ္ဗသီရိ ညစျေးအနီး ပန်းခြံတွင် ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပျောက်ဆုံးဆိုတဲ့သတင်းဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
သို့သော် သတင်းဌာနတွေရဲ့ဖော်ပြချက်အရ နေပြည်တော် ၊ ပုဗ္ဗသီရိ ညစျေးအနီး ပန်းခြံတွင် ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြုတ်ယူသွားကြကြောင်း သတင်းဖော်ပြထားပါတယ်။
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ဒေသခံတွေရဲ့ ဖြေဆိုချက်အရ စစ်ကောင်စီအဖွဲ့ဝင်များ ဖြုတ်ယူသွားကြကြောင်းကို တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပျံ့နှံ့နေတဲ့ “ နေပြည်တော် ၊ ပုဗ္ဗသီရိ ညစျေးအနီး ပန်းခြံတွင် ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပျောက်ဆုံးဆိုတဲ့သတင်းဟာ” တစိပ်တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီတို့ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိနေပါတယ်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။