ဆားလင်းကြီးမြို့ မိုးကြိုးပြင်တောင်ရွာရှိ PDF စခန်းများအား ဗုံးကြဲရှင်းလင်းရာ PDF အများအပြား သေဆုံးဆိုသည့် သတင်းအမှား

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်
ဖက်ဒရယ် FM၊ MPA၊ The Red Flag
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာရှိ PDFစခန်းများအား ဗုံးကြဲတိုက်ခိုက်ပြီး PDFအများအပြားထိခိုက်သေဆုံးကြောင်း ဓာတ်ပုံများနဲ့ တကွ စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိနေပါတယ်။
အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော နေပြည်တော်တယ်လီဂရမ် ချန်နယ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး ဝင်ရောက်ကြည့်ရှု့သူကိုးထောင်နီးပါးရှိတာကြောင့် ပျံ့နှံ့မှု များနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ “ Truth Media၊ DGF21News “ တို့က ထပ်ဆင့်ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
နေပြည်တော် – https://archive.ph/gQHzs
ထပ်ဆင့်ဖြန့်ဝေထားသော သတင်းအမှားလင့်ခ်များ
Truth Media – https://archive.ph/bkFrD
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-checking Network ၏ အဖွဲ့ဝင်ဖြစ်သော ဖက်ဒရယ် FMနဲ့ MPAတို့က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သတင်းစိစစ်ချက်
Google မှာ “ဆားလင်းကြီး မိုးကြိုးပြင်တောင်ရွာ လေကြောင်းဗုံးကြဲမှု” ဆိုတဲ့ keywords နဲ့ ရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ “ Myanmar Now၊ People’s Spring၊ Mandalay Free Press” သတင်းဌာနတွေမှာ သတင်းဖော်ပြထားပါတယ်။
လွတ်လပ်တဲ့ မီဒီယာသတင်းဌာနဖြစ်တဲ့ Myanmar Now သတင်းဌာနမှာတော့ “ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(တောင်) ရွာကို အင်ဂျင်တပ်လေထီး တစ်စီးက ဗုံးကြဲခဲ့ပြီး အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်း မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ အင်ဂျင်တပ် လေထီးတစ်စီးဟာ (ဩဂုတ်လ ၁၈ ရက်နေ့) မွန်းလွဲ ၂နာရီခန့်က မိုးကြိုးပြင် (တောင်) ရွာတွင် ဗုံးများကြဲချခဲ့ကြောင်း၊ ဆားလင်းကြီးပအဖမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးရဲ့ စကားသံ “ စတာတွေကို သတင်းမှာဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/1YqQJBRReB/
“ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ဝမ်ပေါင်ကုမ္ပဏီအနီးက မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တအိမ်အတွင်းမှာရှိနေတဲ့ အသက်(၆၀) ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား၁ဦး စိုးရိမ်ရဒဏ်ရာနဲ့ အခြားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောကြောင်း” သတင်းမှာသတင်းဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/19d6mPBKsE/
“ ဒေသခံတစ်ဦးရဲ့ စကားသံနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးခဲ့ကြောင်း” MFPသတင်းဌာနမှာ သတင်းဖော်ပြထားပါတယ်။
သတင်းလင်ခ့် – https://www.facebook.com/share/p/16hvmFD2mr/
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူဟာ အသက်(၆၀) ကျော် အမျိုးသမီးတစ်ဦးနဲ့ ထိခိုက်သူဟာ အမျိုးသားတစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးဖြစ်ကြောင်းဟာ စိစစ်‌တွေ့ရှိရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာရှိ PDFစခန်းများအား ဗုံးကြဲတိုက်ခိုက်ပြီး PDFအများအပြားထိခိုက်သေဆုံးကြောင်း ဓာတ်ပုံများနဲ့ တကွ” ဖြန့်ချိတဲ့ သတင်းဟာ တစိပ်တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီတို့ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိနေပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြီးတဲ့ အချိန်တိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ စွပ်စွဲပြီး ရေးသားထားတဲ့သတင်းအမှားတွေကို MFCN မှ စိစစ်ထားသည်များကို အောက်ပါလင့်ခ်တွေ ဖတ်ရှု့နိုင်ပါတယ်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။