15 July 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာက စစ်ဘေးရှောင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊လင်းတလူးကျေးရွာရှိ အကြမ်းဖက် PDF တွေရောက်ရှိတည်းခိုနေတဲ့ ဘုန်းကြီးကျောင်းတစ်ခုကို တပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွာခံတွေဆီက သိရတယ်ဆိုပြီး စစ်ကောင်စီ ဝါဒါဖြန့် ချန်နယ်တွေမှာ ဖြန့်ချိထားပါတယ်။
အထက်ပါ ပိုစ့်ကို ဖြန့်ဝေခဲ့တဲ့ ချန်နယ်တွေ ဖြစ်ကြတဲ့ Thazin Oo၊ Kyaw Swa၊ ဟန်ငြိမ်းဦး စတဲ့ ချန်နယ်တွေမှာ ဖြန့်ဝေထားကြပါတယ်။အထက်ပါ ပိုစ့်ကို ဖြန့်ဝေခဲ့တဲ့နေ့ကနေ ယနေ့အချိန်ထိ အဆိုပါ ချန်နယ်တွေတွင် Thazin Oo ရဲ့ ချန်နယ်တွင် reaction၄၆၄နှင့် ကြည့်ရှူ့သူ ၂၅၀၀၀ရှိပြီး Kyaw Swa ချန်နယ်တွင် reaction ၆၃၈နှင့် ကြည့်ရှူ့သူ ၃၁၇၀၀ဦးရှိပြီး ဟန်ငြိမ်းဦး ချန်နယ်တွင် reaction ၂၈၀နှင့် ကြည့်ရှူ့သူ ၂၀၀၀၂ ရှိပါတယ်။
📌Thazin Oo-https://t.me/Thazinoo969/31206
📌Kyaw Swa-https://t.me/kyawswar49111/33601
📌ဟန်ငြိမ်းဦး -https://t.me/Hno969888/13973
◾သတင်းစီစစ်ချက်
ဖြစ်စဥ်နှင့်ပတ်သက်ပြီး စုံစမ်းသိရှိချက်တွေအရ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာမှာ PDF တွေရှိတဲ့နေရာမဟုတ်ပဲ စစ်ဘေးရှောင်ပြည်သူအများရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်တာကြောင့် စစ်ဘေးရှောင် ပြည်သူ ၂၈ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇူလိုင်လ ၁၁ရက်နေ့ စစ်ကိုင်းတိုင်း၊ လင်းတလူးရွာကို လေကြောင်းတိုက်ခိုက်မှုဟာ လူအစုလိုက်သေတဲ့နောက်ထပ် ဖြစ်ရပ်တစ်ခုအနေနဲ့ မှတ်တမ်းဝင်သွားပါသည်ဟုဆိုကာ BBC Burmese က သတင်းတင်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://m.facebook.com/story.php?story_fbid=pfbid02RxXB9W9BGRuXGy2hJf87fQSkg4WikBpD5AvXny5bX8AobojHAyn9itCnJEE23FrQl&id=100064880160350&mibextid=CDWPTG
ဇူလိုင်လ ၁၁ရက် ၁နာရီဝန်းကျင်လောက်မှာ စစ်ကိုင်းတိုင်း၊ လင်းတလူးရွာရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၈ဦးသေဆုံးကာအမျအပြား ဒဏ်ရာရသည်ဟု Western News က သတင်းတင်ထားပါတယ် ။
သတင်းပြည့်အစုံကို ဖတ်ရှူ့ရန်-https://m.facebook.com/story.php?story_fbid=pfbid0SvDeQrKJL36dkuAhZGKXwwCwtbcxKC1GAnSas78ZCmXDknxt1EKLTMrBceBsSvuVl&id=100063883071441&mibextid=CDWPTG
ဇူလိုင်လ ၁၃ ရက်နေ့တွင် “စစ်ဘေးရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် ပြည်သူများသေဆုံးမှုအား PDF များဟု စစ်လော်ဘီများ သတင်းအမှားဖြန့်” ဆိုပြီး Myanmar Fact-checking Network (MFCN) က သတင်းအမှားဖြစ်ကြောင်းကို စိစစ်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်- https://www.facebook.com/myanmarfactcheckingnetwork/videos/1936118897164923/?__cft__[0]=AZWWfWUHdt7jd8_o-XAehWH-WvCDpmIo4kBQLqO6t4UyKbRvmMbFsCeaAiQsjlUNSiCaUuFXQo2sNL7YRLuC5Enl8uJJ9sHn8Q_QYG6br1hKNGhL9VfE9p9dR_fdd9dLSUQRFopMDjBY9pkFdflf0xCu75XHtzYpQvGg8gfIDFJab3ZJv6gQLpguu3JFiUNTqPGH04RHBJlyanWLJEJsS0Zf&__tn__=%2CO%2CP-R
◾သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် ချယ်နယ်မှာပျံ့နှံ့လျက်ရှိတဲ့ ပိုစ့်ကို ဒေသတွင်းသတင်းဋ္ဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ပြည်တွင်းသတင်းဋ္ဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်စစ်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် ချယ်နယ်မှာပျံ့နှံ့နေသလိုမျိူး PDF တွေရှိတဲ့ ဘုန်းကြီးကျောင်းကိုဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာကို မတွေ့ရှိရပါဘူး။
အထက်ပါသတင်းဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Thazin Oo ချန်နယ်၊ Kyaw Swa ချန်နယ် နှင့် ဟန်ငြိမ်းဦး ချန်နယ်မှ တင်ထားသည့်အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။
စာဖတ်ပရိတ်သတ်တွေအနေနဲ့ အင်တာနက် စာမျက်နှာပေါ်က ရရှိ/ တွေ့ရှိထားတဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူလက်ခံမယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။