စက်တင်ဘာ ၂၇ ရက်
Fact-check
ဖက်ဒရယ် FM၊ The Red Flag
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းအား ၂၀၂၄ ခုနှစ် မတ်လ (၄)ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အသုံးပြုပြီး ကံထူးမရွာရှိ PDFရဲ့ နေရာဗုံးတိုက်ခိုက်ပြီး ၃၀ နီးပါသေဆုံးကြောင်း စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းအမှားဝါဒဖြန့်ချိနေပါတယ်။
အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက အချက်အလက် စီစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ် ။
စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ နေပြည်တော်တယ်လီဂရမ် ချန်နယ်က စက်တင်ဘာ ၂၆ရက်နေ့မှာ အဲဒီအကြောင်းအရာကို ဖြန့်ချိခဲ့ပါတယ် ။ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှူပြီးသူဦးရေ ခုနှစ်ထောင်ကျော် ၊ Reaction ပြုလုပ် သူဦးရေ တစ်ရာခန့်ရှိပါတယ် ။
ဖြန့်ချိထားတဲ့ သတင်းလင့်ခ် – https://t.me/KKM28640/17571
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို သိရှိရဖို့ ဖက်ဒရယ် FM ကနေ google reverse image serach နဲ့ google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
လွတ်လပ်တဲ့ မီဒီယာဖြစ်တဲ့ Tachileik News Agency သတင်းဌာနမှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် မတ်လ ၄ ရက်နေ့မှာ သတင်းရေးသားဖော်ပြခဲ့ပါတယ်။
“စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းအား ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၄)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃)ကြိမ်နှင့်မနည်း တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်အားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် ကံထူးမရဲစခန်းအား အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး G-3 (၅)လက်၊ နာနတ်သီးဗုံး (၄)လုံး၊ MA-15 ကျည် (၁၆၃၅)တောင့်၊ ကျည်အိမ် (၁၂)ခု၊ ကျပ်ငွေ (၃၈)သိန်းနှင့် မော်တော်ယာဉ်များကို သိမ်းယူနိုင်ခဲ့ကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
Tachileik News Agency သတင်းလင့်ခ် – https://www.facebook.com/share/p/19iodCCtJF/
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်က တန့်ဆည်နယ် ကံထူးမကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲပါတယ်။
လွတ်လပ်တဲ့ မီဒီယာ သတင်းဌာနဖြစ်တစ်ခု ဖြစ်တဲ့ မျက်မှောက်ခေတ် သတင်းဌာနမှာတော့ “ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ၂၆ ရက်မနက် ၁၁ နာရီ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့ တာကြောင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောတဲ့ အကြောင်း၊ ကံထူးမကျေးရွာအနောက်ခြမ်း ကလေး၀မြို့ဘက်အထွက် လမ်းမဘေးမှာရှိတဲ့ Novel Oneဆီဆိုင်နဲ့ဇွဲထက်ရေခဲမုန့်၊ကိတ်မုန်းဆိုင်တွေကိုစစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံး၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံထူးမကျေးရွာခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရကြောင်း” သတင်းမှာဖော်ပြပါတယ် ။
သတင်းအပြည့်အစုံကိုမူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
မျက်မှောက်ခေတ် သတင်းလင့်ခ် – https://www.facebook.com/share/p/1FnLSfWQMk/
နောက်ထပ်လွတ်လပ်တဲ့ မီဒီယာ သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေ သတင်းဌာနမှာတော့ “ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ အနောက်ခြမ်း အိုင်လျှားရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ထပ်တိုးလာနိုင်ကြောင်း” အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကိုမူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ရွှေဖီမြေရဲ့ သတင်းလင့်ခ် – https://www.facebook.com/share/p/1A3kwGnSDU/
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ အနောက်ခြမ်း အိုင်လျှားရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ပါတယ်။
သို့သော် စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်က ဖြန့်ချိထားသလိုမျိုး သေဆုံးသူတွေဟာ PDFတွေမဟုတ်ဘဲ ပြည်သူတွေသာ ဖြစ်ပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၈ ဦး သေဆုံးကြောင်း စိစစ် တွေ့ရှိရပါတယ် ။ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ ကံထူးမရွာရှိ PDFရဲ့ နေရာဗုံးတိုက်ခိုက်ပြီး ၃၀ နီးပါသေဆုံး“ ဆိုတာဟာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို ဖုံးကွယ်လိုတဲ့ အပြင် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချလိုတဲ့ ရည်ရွယ်ချက်နဲ့ အချိန်ကိုက် ဖြန့်ချိတဲ့ င်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်က အသုံးပြုထားတဲ့ ပုံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ (၄)ရက်နေ့မှာ ကံထူးမရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေဖြစ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FM နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။