စစ်ကိုင်းကို ကယ်ဆယ်ရေးသွားတဲ့ ယာဉ်တန်း မြင်းမူမှာ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းမှား

စစ်ကိုင်းကို ကယ်ဆယ်ရေးသွားတဲ့ ယာဉ်တန်း မြင်းမူမှာ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းမှား

( Fact-check) Lagon Eain, DNA, The Red Flag

မတ်လ၊၃၁ရက်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကနေ စစ်ကိုင်းမြို့ကို လာရောက်လှူဒါန်းတဲ့ ကူညီကယ်ဆယ်ရေး ယဥ်တန်းကို မြင်းမူမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး လှူဒါန်းဖို့ယူဆောင်လာတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားတယ် ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီ သတင်းမှားကို စစ်ကောင်စီလော်ဘီ မှိုင်းဝေရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ဒီကနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ပြီး တခြား လူမှုမီဒီယာတွေမှာလည်း ပျံ့နှံ့လျှက်ရှိနေပါတယ်။

http://archive.today/1XGEO , https://archive.ph/GLV9F , https://archive.ph/jXxT0

အဲ့ဒီ ပျံ့နှံ့နေတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Lagon Eain Fact Check အဖွဲ့နဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်က ဓါတ်ပုံဟောင်း တချို့ကို အသုံးပြုပြီး ငလျင်ကာလအတွင်း ဖြစ်စဥ်ကိုလုပ်ကြံဖန်တီးပြီး ဖြန့်ချိနေတဲ့ သတင်းမှား ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက် ☑️

သတင်းမှားမှာ ပါဝင်တဲ့ ကယ်ဆယ်ရေးသမားနဲ့ သံဃာတပါး လဲနေတဲ့လူတဦးကိုကူညီနေတဲ့ ဓါတ်ပုံက ပြီးခဲ့တဲ့ မတ်လ၂၀၂၃ က ရွှေဘိုမြို့နယ် ဂဏာန်းကျေးရွာနဲ့ ဇီးတောကျေးရွာအကြား ကားသုံးစီးနဲ့ ဆိုင်ကယ်တစီး မိုင်းထိခဲ့တုန်းက ဓါတ်ပုံဖြစ်တာကိုတွေ့ရပါတယ်။

မြေလတ်အသံကရေးထားတဲ့ ဒီသတင်းမှာ (https://rb.gy/54n8jb) ကြည့်ရှုနိုင်ပါတယ်။

သတင်းမှားမှာ ပါဝင်တဲ့ပထမဆုံး ဓါတ်ပုံက တော်လှန်ရေး ရဲဘော်တဦး ပစ်ခတ်နေတဲ့ ဓါတ်ပုံဟာ ၂၀၂၅ မတ်လ ၁၉ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ စစ်ကောင်စီ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း (၄ ၊ ၁၀) နဲ့ နွားထိုးကြီး ပကဖ တို့က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ဗီဒီယိုထဲက ဖြစ်ပါတယ်။

၎င်းဗီဒီယိုကို ဒီမှာကြည့်နိုင်ပါတယ်။

ဒုတိယ ဓါတ်ပုံဖြစ်တဲ့ FAW ကား တစီးနဲ့ လက်နက်ကိုင်တွေရဲ့ ဓါတ်ပုံဟာလည်း မတ်လ ၃ ရက်နေ့က ကန့်ဘလူမြို့နယ်မှာ ကားနှစ်စီးပါ စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက် ခံခဲ့ရတဲ့ ဖြစ်စဉ်က ဓါတ်ပုံ ဖြစ်ပြီး People Spring က တင်ဆက်ထားတာကို https://shorturl.at/X4l6m ဒီမှာကြည့်နိုင်ပါတယ်။

ကားနောက်ခန်းက ကတ်ထူပုံးတွေနဲ့ ဓါတ်ပုံဟာလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကော့ဒွန်း – ကော့ပနော လမ်းဆုံက DKBA ဂိတ်ကို စစ်ကောင်စီရဲ့ ခမရ ၂၀၈ တပ်ရင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ခဲ့တဲ့ ဖြစ်စဉ်က ဓါတ်ပုံဖြစ်ပြီး မွန်လွတ်မြောက်ရေးတပ်တော် MLA က သတင်းထုတ်ပြန်ထားတာကို https://shorturl.at/CfoAR ဒီမှာကြည့်နိုင်ပါတယ်။

မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ကလည်း အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတ်လ ၂၈ ရက်၊ ၂၉ ရက်နဲ့ ၃၀ ရက်တို့မှာ ကယ်ဆယ်ရေး ယာဉ်တန်းများ ဖြတ်သန်းသွားလာခဲ့ခြင်း မရှိကြောင်းနဲ့ မြင်းမူ မြို့နယ်အတွင်းမှာလဲ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်များ မရှိကြောင်းကို အသိပေး ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး – https://shorturl.at/2PuMk

သုံးသပ်ချက် ☑️

ဖြန့်ဝေလာခဲ့တဲ့သတင်းမှားတွေကို စိစစ်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ပုံအဟောင်း နှင့် အခြားဖြစ်စဉ်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး သတင်းမှားတွေဖြန့်ဝေလာတာပါ။

စစ်ကောင်စီလော်ဘီချန်နယ်တွေအနေနဲ့ ငလျင်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်ကိုအသုံးပြုပြီး ပြည်သူတွေရဲ့စိတ်ခံစားချက်ကို အသုံးချကာသတင်းမှား အမုန်းစကားတွေဖြန့်ဝေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပျံ့နှံ့နေတဲ့သတင်းကလည်း သတင်းမှားတွေဖြစ်တယ်ဆိုတာကို BOOM Myanmar နဲ့ DVB Fact Checkကလည်း စစ်ဆေးခဲ့ပါသေးတယ်။

BOOM Myanmar – https://shorturl.at/6BWcD

DVB Fact Check – https://shorturl.at/8mR29

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ Lagon Eain Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork