15 July 2025
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့၊ ပိန္နဲကုန်းရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၃ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့၊ ပိန္နဲကုန်းကျေးရွာရှိ TNLA အကြမ်းဖက်ခေါင်းဆောင် တာဘုန်းကျော်ရဲ့ နေအိမ်ကို လေကြောင်းက ရှင်းလင်းလိုက်ပြီး ဖြစ်စဥ်ကြောင့် လုံခြုံရေးစောင့် ၅ဦး အနက် ၁ဦးသေဆုံး၊၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်လော်ဘီဝါဒါဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Thazin Oo ချန်နယ်မှာ ဖြန့်ချိထားပါတယ်။
အထက်ပါ ပိုစ့်ကို ဖြန့်ဝေခဲ့တဲ့နေ့ကနေ ယနေ့အချိန်အထိ အဆိုပါ ချန်နယ်တွင် reaction လုပ်သူ ၈၀၉ ဦးနှင့် ကြည့်ရှု့သူ ၂၄၉၀၀ ရှိပါတယ်။
📌Thazin Oo -https://t.me/Thazinoo969/31235?single
https://archive.ph/KP70R
◾သတင်းစီစစ်ချက်
ဖြစ်စဥ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိချက်တွေအရ စစ်ကောင်စီတပ်က လူနေအိမ်တွေပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်နဲ့ ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက် ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် ပိန္နဲကုန်းနှင့် မန်ကောင်းမူး နှစ်နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်ဟုဆိုကာ Shan News (Burmese Version) က သတင်းတင်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://m.facebook.com/story.phpstory_fbid=pfbid02W5oL15VBeUWhC5YXkYhkm6nrvMEfuVCs7cEAWyr2S1HjSvhZbta936ck32R3PbzZl&id=100066891622617&mibextid=Nif5oz
ဇူလိုင် ၁၃ ရက်နေ့တွင် “ကျောက်မဲမြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးထပ်မံကြဲချ” ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် Ayeyarwaddy Times ကသတင်းတင်ထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://m.facebook.com/story.phpstory_fbid=pfbid0hMKBcJMpHE9nX6SNfoHUWmen9GT2fg9AvBtvhZvBCQJG8CZ9wEj3QWb6MH6VTQ79l&id=100067770862498&mibextid=Nif5oz
“ရှမ်းပြည်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃ ကြိမ်ကြဲချခဲ့ရာ အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားပြီး နေအိမ်နှင့် ကျောင်းများ ပျက်စီးသွားကြောင်း သိရသည်” ပြီး Arakan Bay News -ABN ကသတင်းတင်ထားပါသည်။
သတင်းအပြည့်အစုံကို ဖတ်ရှူ့ရန်-https://m.facebook.com/story.phpstory_fbid=pfbid0HhxnJAWiuPaBP4sQR9nxyej5xJLWjQB8yERU6GqXBB7zs1eFSdP7MtQmowFax4YVl&id=61555406588516&mibextid=Nif5oz
သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေသည့် စိ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အမျိူးသမီးတစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတချို့နှင့် စာသကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
◾သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် ချယ်နယ်မှာပျံ့နှံ့လျက်ရှိတဲ့ ပိုစ့်ကို ဒေသတွင်းသတင်းဋ္ဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ပြည်တွင်းသတင်းဋ္ဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်စစ်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် ချယ်နယ်မှာပျံ့နှံ့နေသလိုမျိူး TNLA အကြမ်းဖက်ခေါင်းဆောင် တာဘုန်းကျော်ရဲ့ နေအိမ်ကို လေကြောင်းက ရှင်းလင်းလိုက်ပြီး ဖြစ်စဥ်ကြောင့် လုံခြုံရေးစောင့် ၅ဦး အနက် ၁ဦးသေဆု၊၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို မတွေ့ရှိရပါဘူး။
အထက်ပါသတင်းဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Thazin Oo channel မှ တင်ထားသည့်အကြောင်းအရာသည့် သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။
စာဖတ်ပရိတ်သတ်တွေအနေနဲ့ အင်တာနက် စာမျက်နှာပေါ်က ရရှိ/ တွေ့ရှိထားတဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူလက်ခံမယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။