ကပ္ပလီပင်လယ်အတွင်းမှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတာကြောင့် ဆူနာမီဖြစ်လာနိုင်လားနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ဆွေးနွေးမှု

ဇူလိုင်လ၊၂၄ရက်။
(FactCheck) DNA/ Akyab post – The Red Flag
ကပ္ပလီ ပင်လယ်ပြင်ထဲမှာ ပုံမှန်မဟုတ်တဲ့ ငလျှင်ငယ်လေးတွေ လှုပ်ခတ်နေတာကြောင့် ဗာဒန်ကျွန်းမှာရှိတဲ့မီးတောင်ပေါက်ကွဲပြီး မြန်မာ့ကမ်းရိုးတန်းနှင့် မြစ်၀ကျွန်းပေါ်အပါအ၀င် ထိုင်းတောင်ပိုင်းကမ်းရိုးတန်း တစ်လျှောက်လုံးမှာ ဆူနာမီဖြစ်လာဖို့ ရှိတယ်ဆိုပြီးသတင်းမှားတွေ ထွက်ပေါ်လာတာကြောင့် ပြည်သူလူထုအကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်လာကြပါတယ်။
တကယ်ပဲ ဆူနာမီဖြစ်လာနိုင်လား ။ဆူနာမီ ဘာကြောင့်ဖြစ်ရတာလဲ။ဆူနာမီ မဖြစ်ခင် ဘာလက္ခဏာတွေ ကြုံရတက်လဲ။၊ ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ။ ဆူနာမီဖြစ်ရင် ဘာတွေ လုပ်ဆောင်ရမလဲ။ စတာတွေကိုMFCN Fact Check Team ကနေ ပညာရှင်တွေရဲ့ ပြောပြချက်တွေနှင့်အတူ တင်ဆက်ပေးပါမယ်ရှင်။
နောက်ဆုံးအနေနဲ့ ဆူနာမီနဲ့ပတ်သက်တဲ့ စိတ်ပူပန်စရာကိစ္စတွေကို သတင်းမှားတွေဖြန့်လေ့ရှိကြတာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
သတင်းမှားလို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ ငလျင်နဲ့ပတ်သက်ပြီး ငလျင်နောက်ဆက်တွဲဖြစ်စဥ်တွေကို အတည်ပြုသိချင်လို့ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ နဲ့ Akyab Post Fact Check အဖွဲ့တွေကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို MFCN website နဲ့ Facebook pageမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#Disclaimer: I do not own this audio. All credits go to the original rightful owners. No copyright infringement intended.