လက်ပံတန်းတွင် KNU ဒရုန်းဗုံးကြဲချသဖြင့် ရွာသားအချို့ သေဆုံး၊ ဒဏ်ရာရဆိုသော သတင်းအမှား

10 Sep 2025
Fact-check
Myanmar Pressphoto Agency, The Red Flag
ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင် KNU အဖွဲ့က ဒရုန်းဗုံးကြဲချတိုက်ခိုက်သဖြင့် ရွာသားအချို့ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိဆိုသော သတင်းအမှား စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
စစ်လော်ဘီ “Ko Thet” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၉ရက် နေ့လယ်ပိုင်းတွင် “ဒီနေ့မနက်ပိုင်းမှာ လက် ပံတန်းဘက် သစ်ရောင်းပြင်ရွာအား အကြမ်းဖက် KNU အဖွဲက အကြောင်းမဲ့ Drop Bomb ချ တိုက်ခိုက်မှု ကြောင့် ရွာသားအချို ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရ”ဟု (မူရင်းရေးသားချက်အတိုင်း) ဖြန့်ဝေထားသည်။ မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/0eP18
ထိုသို့ ဖြန့်ဝေထားမှုအား အခြားစစ်လော်ဘီတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှုများ ပြားနေသည်။
စွမ်းအားရှင် – https://archive.ph/BZuXK
Ye Ba Nyein – https://archive.ph/rZ5IN
စစ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-checking Network ၏ အဖွဲ့ဝင် မီဒီ ယာဖြစ်သော MPA အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “လက်ပံတန်း သစ်ရောင်းပြင်ရွာ ဒရုန်းဗုံးကြဲခံရ” ဆိုသော စာသားဖြင့် ရှာဖွေရာ “MPA, ခေတ်သစ် မီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
အဆိုပါ သတင်းမီဒီယာတို့တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် သစ်ရောင်းပြင်ရွာ၌ စက်တင်ဘာ ၉ရက်၊ နံနက် ၇ နာရီခန့်၌ စစ်တပ်ဒရုန်းဗုံးထိမှန်ကာ အမျိုးသမီး ၂ဦးသေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၆၀ အရွယ် ဒေါ်ခင်လှိုင်နှင့် အသက် ၅၀အရွယ် ဒေါ်စန်းဌေးတို့ သေဆုံးခဲ့ကြောင်း၊ အသက် ၄၅နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၉နှစ်အရွယ်မိန်းကလေးတို့ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရကြောင်း ရေးသား ဖော်ပြထားသည်။
သတင်းလင့်ခ်
ခေတ်သစ်မီဒီယာ – https://bitly.cx/i8HrF
ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာ ၄ရက်ကလည်း ပဲခူးတိုင်း လက်ပံတန်း သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Radio NUG က သတင်းထုတ်ပြန်ထား သည်။ သတင်းလင့်ခ် – https://bitly.cx/PWxQ
သုံးသပ်ချက်
သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြလျက်ရှိသော သတင်းဌာနများတွင် ပဲခူးတိုင် လက်ပံတန်း သစ်ရောင်းပြင်ရွာပေါ်သို့ စစ်တပ်က ဒရုန်းဗုံးကြဲချတိုက်ခိုက်သဖြင့် ပြည်သူနှစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြထားသည်။
စစ်တပ်သည် ယခင်ကလည်း ပဲခူးတိုင်းအတွင်းရှိ ရွာများပေါ်သို့ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ဖူးသော သာဓက ရှိခဲ့ဖူး ကြောင်း သိရသည်။
ထို့ကြောင့် စစ်လော်ဘီများက “လက်ပံတန်း သစ်ရောင်းပြင်ရွာတွင် KNUက ဒရုန်းဗုံးကြဲချတိုက် ခိုက်သဖြင့် ရွာသားအချို့ သေဆုံး၊ ဒဏ်ရာရ”ဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/