တတိယလှိုင်းဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများဆိုပြီး စာအဟောင်းကို ပြန်လည်ရေးသား ဖြန့်ဝေနေတဲ့ သတင်းအမှား

၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်
(Fact Check) DNA / လဂွန်းအိမ်/ The Red Flag
ထိုင်းနိုင်ငံ၊ ချူလာလောင်ကောင်ဆေးရုံကနေ ထုတ်ပြန်တဲ့ တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါ လက္ခဏာများဆိုပြီး Covid 19 ကူးစက်ခံရပြီး ၁ ရက်ကနေ ၉ ရက်အတွင်းဖြစ်ပေါ်နိုင်တဲ့အခြေအနေတွေ ဆိုကာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖြန့်‌ဝေနေတာကို တွေ့ရှိရပါတယ်။
ဒီသတင်းကို ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်မှာ Zaw Min Tun အမည်ရှိ facebook ကနေဖြန့်ဝေခဲ့ပြီး မေ ၂၀ ရက်မှာ Mr. Dentist Facebook account ကနေ “ ဗီဇပြောင်းငဗစ်ဒီလိုတော့တွေ့တယ်၊ တတိယလှိုင်း ဗီဇ ပြောင်း Covid 19 ရောဂါလက္ခဏာများလို့ ရေးသားထားပြီး ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ် ပြန်သည်”လို့ ရေးသားကာ ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Zaw Min Tun FB- https://archive.ph/irRHI
တယ်လီဂရန်ချန်နယ်တွေမှာ Myanmar Update News ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်နဲ့ “တတိယလှိုင်း ဗီဇ ပြောင်း Covid 19 ရောဂါလက္ခဏာများ”လို့ရေးသားပြီး မေ ၂၁ ရက်မှာ Kyaw Swar, Ko Thet နဲ့ မေ ၂၂ ရက်မှာ နောင်ရိုးဟစ်တိုင်၊ ရွေနေကြာ၊ စွမ်းအားရှင်စတဲ့အကောင့်တွေကနေ ရေးသားပြီး ချူလာလောင် ကောင်ဆေးရုံမှ ထုတ်ပြန်သည်လို့ ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။
Myanmar Update News- https://archive.ph/dg4GH
နောင်ရိုးဟစ်တိုင်- https://archive.ph/tgUjN
ရွှေနေကြာ- https://archive.ph/G8exa
စွမ်းအားရှင်- https://archive.ph/82x9S
Dorror Waddy Media- https://archive.ph/USuR9
အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency နဲ့ လဂွန်းအိမ် တို့က စစ်ဆေးကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စာအဟောင်းကို ပြန်လည်ဖြန့်ဝေနေတာသာဖြစ် တာကို တွေ့ရှိရပြီး လက်ရှိ Covid 19 နဲ့ပတ်သက်လို့ ရေးသားဖြန့်ဝေထားတဲ့ Update ဖြစ်နေတဲ့ ထုတ်ပြန် ချက်မဟုတ်ဘူးဆိုတာကို စိစစ်သိရှိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်မှာ တယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ တပ်ကြပ်ကြီးဖိုးစီ၊ Ko Thet, May Yu Htar Nay, ရွှေနေကြာ၊ စွမ်းအားရှင်တို့ကနေ “ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။ တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ”ဆိုပြီး ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။
တပ်ကြပ်ကြီးဖိုးစီ- https://archive.ph/uQ8Y9
May Yu Htar Nay-https://archive.ph/qXsxD
ရွှေနေကြာ- https://archive.ph/IPbw3
စွမ်းအားရှင်- https://archive.ph/7Q3NH
☑️ သတင်းစိစစ်ချက်
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှာ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ‘ထိုင်းနိုင်ငံချူလာလောင်ကောင် ဆေးရုံမှ ထုတ်ပြန်သော ရောဂါအခြေအနေ’ ဆိုတဲ့ စာအဟောင်းကို “ ဗီဇ ပြောင်း BA.4 နှင့် BA.5 ကိုဗစ်-၁၉ ရောဂါလက္ခဏာများဆိုပြီး ဖြန့်နေ”လို့ Kachin News Group ကရေး သားထားတာကို တွေ့ရပါတယ်။
Kachin News Group- https://archive.ph/m6Qxa
ထိုင်းနိုင်ငံ၊ ချူလာရတ်အပြည်ပြည်ဆိုင်ရာဆေးရုံကနေ ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်မှာ Covid 19 မျိုးကွဲ တခုဖြစ်တဲ့ Omicron XEC မျိုးစိတ် အဓိကပျံ့နှံ့နေတာဖြစ်ပြီး ရောဂါလက္ခဏာတွေကို ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို တွေ့ရကာ ချူလာလောင်ကောင်ဆေးရုံက ထုတ်ပြန်တဲ့ “တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ” ဆိုတာဟာ ဖြန့်ဝေချက်အဟောင်းသာဖြစ်တယ်လို့ တွေးပြီးမှယုံ ကရေးသားထား တာကို ဖတ်ရှုနိုင်ပါတယ်။
တွေးပြီးမှယုံ- https://archive.ph/9Km5g
MFCN ကနေ ဒီလို စာအဟောင်း ဖြန့်ဝေပျံ့နှံ့နေတဲ့အပေါ် CDM ဆရာဝန် တဦးကို ဆက်သွယ်မေးမြန်း ရာမှာတော့ “ လက္ခဏာတွေက အခြား viral infection (ဗိုင်းရက် ကူးစက်ရောဂါ) တွေလိုပါပဲ၊ Swab test လုပ်မှပဲ တိတိကျကျ ပြောနိုင်မှာ ဖြစ်တယ်။ Seasonal flu (ရာသီတုတ်‌ကွေး) ကြောင့်လည်း အဲ့လိုမျိုး ခံစားရနိုင်တယ်” လို့ ဖြေကြား ခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွားနေမှုနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက်မှာ ထိုင်းနိုင်ငံမှာ ငါးရက်အတွင်း Covid-19 ရောဂါကူးစက်မှုအသစ် ၃၀,၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ ချူလာလောင်ကွန် တက္ကသိုလ်ဆေးပညာဌာနက ကထိက Thira Woratanarat က သတိပေးခဲ့ပြီး မေလ ၁၈ ရက်မှ ၂၃ ရက် အထိနိုင်ငံရဲ့ Covid-19 အခြေအနေ အပ်ဒိတ်လုပ်ထားမှုအရ လူပေါင်း ၃၃,၅၈၉ ဦးသည် ဗိုင်းရပ်စ်အတွက် ဆေးရုံတက်ကုသရန် ကြိုးပမ်းခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း The Nation က ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်မှာ Chulalongkorn University မှ ကထိကတစ်ဦးဖြစ်သူ Assoc Prof Dr Thira Woratanarat ရဲ့ Facebook ဖော်ပြချက်အရ ဘန်ကောက်မှာ Covid-19 လူနာ ၂,၃၇၇ ဦးနဲ့ အများ ဆုံးဖြစ်ပြီး ချွန်ဘူရီ (၆၈၀)၊ နွန်သဘူရီ (၄၉၀)၊ Rayong (၃၈၀) နဲ့ စမွတ်ပရာကန် (၃၂၇) တို့ဖြစ်ကာ လူနာ အများစုမှာ အသက် 30 နဲ့ 39 နှစ်ကြား (1,794) ၊ အသက် 20 မှ 29 ကြားရှိသူများ (1,540) နဲ့ 60 (1,536) ကျော်သူများဖြစ်ပြီး အသက် 0 နှစ်မှ 4 နှစ်ကြား ကလေးများမှာ ရောဂါဖြစ်ပွားမှု သိသိသာသာ တိုးလာမှု အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၃၃,၀၀၀ ရှိပြီး ဘန်ကောက်တွင် ၆,၀၀၀ ရှိကာ အဲဒီအထဲက ၁,၉၁၈ ဦးကို ဆေးရုံတင်ထားရပြီး နှစ်ဦးကတော့ Sukhothai နဲ့ Kanchanaburi တို့မှာ ရောဂါကြောင့် သေဆုံးခဲ့ ပါတယ်။ ဘန်ကောက်မှာ အများဆုံးလူနာဦးရေ ၆၂၉၀ ရှိပြီး နောက်တွင် ချွန်ဘူရီ (၂,၅၇၃)၊ Rayong (၁၆၈၀)၊ နွန်သဘူရီ (၁,၄၈၂)နဲ့စမွတ်ပရာကန် (၁၄၄၂) တို့ဖြစ်ကာ ကူးစက်ခံရသူအများစုဟာ အသက် 30 နဲ့ 39 နှစ်ကြားရှိသူများဖြစ်ပါတယ်။ Chulalongkorn University ဆေးပညာဌာနမှ Thira Woratanarat က ၎င်း၏ Facebook စာမျက်နှာမှာ အဆိုပါအစီရင်ခံစာက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် နဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီး ဒီထက်ပိုများနေနိုင်ကြောင်းကို Bangkok post ဖော်ပြထားပါတယ်။
☑️သုံးသပ်ချက်
“တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ” ဆိုတဲ့ အကြောင်းအရာကိုပဲ Ko Thet, ရွှေနေကြာ၊ စွမ်းအားရှင် တို့က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်မှာ ရေးသားခဲ့ကြပြီး ရက်စွဲပြောင်းကာ ၂၀၂၅ မေ ၂၁ ရက်နဲ့ ပြန်လည်ပြုပြင် ရေးသားထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။
တရားဝင်ကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်တက္ကသိုလ်ဆေးပညာဌာနတို့က Update အနေနဲ့ Covid-19 ရောဂါလက္ခဏာများဆိုပြီး ထုတ်ပြန်ထားတာကို မတွေ့ရှိရဘဲ အရင် ၂၀၂၁ ခုနှစ်က စာ အဟောင်းကို ပြုပြင်ပြီး ပြန်လည်ဖြန့်ဝေ နေတဲ့အတွက် တရားဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပညာရှင်တွေ က ထုတ်ပြန်ချက် တွေကိုသာ ယုံကြည်သင့်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။